Send this eCard !



နှစ်ဆန်းတစ်ရက်နေ့တော့ မဟုတ်ဘူး မဂျေးမွေးနေ့အတွက် ကြိုတင်ပြီး ချက်ပေးထားတာပါ။ အင်တာနက်တွေက ရတစ်ချက် မရတစ်ချက်ဆိုတော့ မဂျေမွေးနေ့အတွက် ဟင်းမချက်ပေးလိုက်ရမှာဆိုးလို့ ကြိုတင်ချက်ပေးထားတာပါ။

Happy Birthday!!!!!!!!!!!!!!

“ မဂျေ . . . . မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်ပါစေ”

ဒါကတော့ မဂျေမွေးနေ့မှာ အများနဲ့ မတူ ထူးခြားစွာနဲ့ ကချင်းရိုးရာ ချက်နည်းနဲ့ ချက်ထားတဲ့ ထမင်းနဲ့ ဟင်းပါ ။ ထမင်းကို စားလိုက်ရင် ဖက်ရနံ့ သင်းသင်းလေး ရအောင်ဆိုပြီး ဖက်နဲ့ ထုပ်ထားတာပါ။ ဆီနည်းနည်းလေးပဲ ဟင်းထဲမှာ ထည့်ထားတဲ့အတွက် ကျန်းမားရေးနဲ့လည်း ညီညွတ်ပါတယ်။ ပိန်းဥ ဟင်းရည်က ကချင်လူမျိုးတွေ အကြိုက်ဆုံးဟင်ရည်ထဲက ဟင်းရည်းပါပဲ။ ဟင်းပွဲကို ကြည့်လိုက်ရင် မလှဘူးလို့ ထင့်ရပေမဲ့ အရသာ အရမ်းရှိတဲ့ တောင်ပေါ်က ဆန်းနဲ့ ပိန်းဥတွေ ၊ ငါးနဲ့ အသားတွေကို အော်ဒါမှာပြီး ချက်ထားတာပါ။




1:24 PM

ရယ်စရာတိုထွာ (၇)

စာရေးသူ Smilemay

တစ်နေ့မှာ လူတစ်ယောက် လမ်းဖြတ်ကူးနေစဉ်မှာ ဖားတစ်ကောင် အော်သံကြားလိုက်ရတယ်။ ဖားက “ရှင်တကယ်လို့ ကျွန်မကို နမ်းခဲ့မယ်ဆိုရင် ကျွန်မက လှပတဲ့ မင်းသမီးဖြစ်လာမှာပါလို့ ” ပြောလိုက်တယ်။ ဒါနဲ့ သူလည်း ဖားမလေးကို အိတ်ကပ်ထဲကောက်ထည့်လိုက်တယ်။

ဖားက “ရှင်ကျွန်မကိုနမ်းရင် ကျွန်မက လှပတဲ့မင်းသမီးဖြစ်လာပြီ၊ ရှင့်ကောင်းကြောင်းတွေ သူများကိုလိုက်ပြောမယ် ပြီးတော့ ရှင်ဟာ မဟာ သူရဲကောင်းဆိုတာကိုလည်းပြောမယ်လို့ ထပ်ပြောလိုက်တယ်။ အဲ့ဒီအခါ သူက ဖါးကလေးကို အိတ်ကပ်ထဲက ထုတ်ယူလိုက်ပြီး ပြုံးပြပြီး ပြန်ထည့်လိုက်တယ်။

ဖားမလေးက ထပ်အော်ပြန်တယ် ရှင်ကျွန်မကိုနမ်းရင် ကျွန်မဟာ လှပတဲ့ မင်းသမီးဖြစ်လာမယ်။ ပြီးတော့ ရှင့်နဲ့ တစ်သက်လုံး နေပြီ ရှင်လိုချင်တာ လုပ်ပေးမယ်လို့ထပ်ပြောပြန်တယ်။ ဒါနဲ့ သူက ဖားမလေးကို အိတ်ကပ်ထဲက ထုပ်ပြီး ပြန်ပြုံးပြပြီး အိတ်ကပ်ထဲ ထဲ့လိုက်ပြန်တယ်။

နောက်ဆုံးဖားမလေးက ရှင် ဘာဖြစ်တာလဲ။ ကျွန်မက ဖားစစ်မဟုတ်ဘူး။သိပ်လှတဲ့မင်းသမီးပါ။ ပြီးတော့ ရှင်နဲ့အတူနေပြီ ရှင်ဖြစ်ရှင်တာကို လုပ်ပေးအုံးမှာ ဘာကြောင့် ကျွန်မကို မနမ်းရတာလဲလို့ မေးလိုက်တယ်။ အဲ့ဒီအခါ အဲ့ဒီလူက “ငါက ကွန်ပျူတာ ပရိုဂမ်မာတစ်ယောက်ပါ။ ငါ့အတွက် ချစ်သူမိန်းကလေးထာဖို့ အချိန်မရှိဘူး။ ဒါပေမယ့် စကားပြောတတ်တဲ့ ဖားကလေးကတော့ မဆိုးဘူးလို့” ပြောလိုက်တယ်။

@@@@@@@@@@@@@@@@

ကိုချူချာသည် မြို့တက်ပြီး အမဲသားဝယ်သည် ပြီးတော့ ချက်နည်းပါ ရေးမှတ်လာခဲ့တယ်။ ရွာကိုပြန်လာတော့ လမ်းမှာ တော်တော်လေးမှောင်နေပြီး ဒါကြောင့် ခရီးလမ်းမှာ ညအိပ်ဖို့ဆုံးဖြစ်ခဲ့တယ်။

သူအိပ်နေတုန်းမှာ ၀ံပုလွေကို သူ့အမဲသားကို ၀ံပုလွေဆွဲသွားတာကို နိုးလာတော့ ကိုချူချာ သိတော့ ဟက်ဟက်ပက်ပက်ရယ်ပြီးပြောလိုက်တာက-

“ဟား . . . ဟား . . . ဟား တော်တော်တုံးတဲ့ ၀ံပုလွေ အမဲသားတော့ ချက်နည်းက ငါ့ဆီမှာ ဒင်းက ဘာလုပ်လို့ရမှာလဲတဲ့ . . ဟဲ . . . ဟဲ ”

@@@@@@@@@@@@@@@

၃၁ ရက်နေ့အကြောင်း ကိုရန်အောင်က Tag လုပ်ပေးပါဆိုတော့ tag အကြောင်းကို သိပ်မသိလို့ ပင့်ဂိုလ်ကိုမေးရသေးတယ်။ အကြောင်းအရာတစ်ခုကို အတူတူရေးကြပြီး ကိုယ့်ဘလော့ကိုတင်ယုံးပဲ လင့်တွေလုပ်စရာ မလိုဘူးလို့ပြောပြလို့ ကိုယ့်ဘလော့မှာ ကိုယ်တင်လိုက်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့က နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ဆိုတော့ လူတိုင်း အကြွေးတွေကင်းချင်ကြတယ်။ စမိုင်းမေလည်း အပါအ၀င်ပေါ့။ အကြွေဆိုတဲ့အခါ နှုတ်ကြွေးတင်တာ၊ အွန်းလိုင်းကြွေးတင်တာတွေလည်း ပါတာပေါ့။ ဒီဇင်ဘာ ၃၁ ရက်နေ့ ပိုစ့် အကြွေးကို အခုလို အရင်ဆပ်လိုက်တာပေါ့။ နောက်တစ်ခု အွန်းလိုင်းမှာ အကြွေးဆပ်ရအုံးမယ် ထမင်း အကြွေးစားထားလို့။ မြန်မာမိသားစု စားသောက်ဆိုင်မှာ။

ဒါတွေကိုရှင်းပြီးပြီဆိုရင်တော့ . . . ကဲစရေးပြီ - အရင်တုန်းက စိတ်ကူးယဉ်ထားတာက Christmas မေမေလာရင် မေမေနဲ့ တူတူပျော်မယ် ပြီးရင် ၃၁ ရက် ညကျရင် မေမေဘေးမှာနေပြီ ကိုးရီးယား ဇာတ်လမ်းတွဲ အိမ်အလုပ်အချောင်ခိုပြီး တိတ်တိတ်လေးကြည့်မယ်။ အကိုတို့ ဇနီးမောင်နှံကလည်း ည ကျရင် ကင်စားဖို့ အကင်တွေဝယ်လာမယ်။ အမက နောက်ဖက်မှာ ကင်စားဖို့ အကင်တွေကို လုပ်နေမယ်။ အားလုံးအဆင်သင့်ဖြစ်ရင် ခေါင်းမိုးပေါ်တက်ပြီး ကင်စာမယ် အဲ့လိုစိတ်ကူးထားတာ။ ဖြစ်ပါဘူး။

မေမေက မလာဘူး။ ၃၁ ရက်နေ့ တစ်နေ့လုံးရုံးတက်ရမယ်။ အိမ်ပြန်လာရင် မီးက ပျက်ရက်။ ၃၁ ရက်ည မီးလာရင်ကောင်းမယ်နော် ဒါပေမဲ့ လာမှာ ဟုတ်ပါဘူး လူစုရုံး စုရုံး ဖြစ်ရင် သူတို့က ကြိုက်မှ မကြိုက်တာ။ မီးပျက်ပျက်နဲ့ နှစ်သစ်ကို ကြိုရတော့မယ်။လူတွေကပြောကြတယ် နှစ်သစ်မှာ အဆင်မပြေရင် တစ်နှစ်ပတ်လုံးမပြေဘူးတဲ့။ ဒါဆိုရင် တစ်နှစ်ပတ်လုံး မီး__ တော့မှာလား။ ဟုတ်လောက်ဖူးနော်။ မိုးတွင်းတော့ လျှပ်စစ်မီးရပါသေးတယ်။

စမိုင်းမေရဲ့ ဒီဇင်ဘာ ၃၁ ရက် နေ့ရောညရော အင်မတန်ရိုးရှင်းပါတယ်။ မနက်ဘက်ရုံးသွား ပြန်လာ။ ညနေ အိမ်ရောက် ။ အမက ရုံးကပြန်လာကတည်းကနေ ညကင်စားဖို့ ငါးတွေဝယ်လာလိမ့်မယ်။ ညအဆင့်သင့် ကင်စားဖို့အတွက် ငါးတွေ နှပ်ထားလိမ့်မယ်။ အကိုတို့တွေ သူတို့ရုံးဆင်းရင် အိမ်ကိုလာမယ်။ ခေါင်မိုးပေါ် ကင်စားဖြစ်ရင် ဖြစ် အဖြစ်ရင်တော့ အိမ်ထဲမှာ ဖရောင်းတိုင် အလင်းနဲ့ လမင်းရဲ့ အလင်းနဲ့ နှစ်သစ်ကိုမကြိုခင် ဗိုက်တင်အောင်လို့ စားလိုက်မယ်။ အခုဒီပိုစ့် လေးကို ရေးနေတဲ့ အချိန်လေးမှာပဲ အင်တာနက်ပျက်နေလို့ ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာပဲ သိမ်းထားလိုက်တယ်။ အင်တာနက် ရမှပဲ တင်တော့မယ်။

ရုရှားစာရေးဆရာကြီး“ ဒိုစတိုယက်ဗ်စကီး” က အရယ်ကောင်းသောသူ သည် လူကောင်းဖြစ်၏တဲ့”

ဒီဇင်ဘာ ၃၁ ရက် နေ့ ရော နှစ်ဆန်းတစ်ရက်နေ့မှာ များများရယ်ကြပါ လူကောင်းဖြစ်အောင် မရယ်တတ်တဲ့သူက ဒီရယ်စရားလေ ဖတ်ပြီးရယ်လိုက်နော် ဟာသပဒေသာ စာအုပ်ထဲက တစ်ခု တင်ပေးလိုက်တယ်။

ခြေထောက်များရင်အကောင်းဘူး

နှစ်သစ်ကို လူသားတွေလည်း ကြိုဆိုသလို တိရိစ္ဆာန် တစ်စုလည်း ကြိုဆိုနေကြတာပေါ့။ သူတို့တွေ သောက်စားပျော်မြူးနေကြတယ်။ အာသွက်လျှာသွက် ဖြစ်လာတော့ စကားဝိုင်းက ဆိုပြေနေတာပဲ။ အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲ အရက်က ကုန်သွားရော ။ သူတို့ထဲက တစ်ယောက်က လိပ်ကို အရက်ဝယ်ဖို့ ပြောတာပေါ့။ ဒါနဲ့ လိပ်ကလည်း အရက်သွားဝယ်တယ်။

တစ်နာရီ၊ နှစ်နာရီကြာသွားတယ် လိပ်က ပေါ်မလာဘူး။ တချို့က လိပ်ကို ကျိန်ဆဲကြတာပေါ့။ မနီးမဝေး ချုံထဲက လိပ်က ထွက်လာပြီး စိတ်ဆိုးဆိုးနဲ့ ပြောတာပေါ့ ။

“ကျွန်တော့ ကွယ်ရာမှ အခုလို အတင်းပြောနေရင် ကျွန်တော် မသွားတော့ဘူးဗျာတဲ့”

မတတ်နိုင်တော့ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်ပြန်ရော။ ငါးနာရီကြာမှ ပြန်ရောက်လာတယ်။ အားလုံးက ကင်းခြေများကို ၀ိုင်အော်ကြတာပေါ့။

“ဟေ့ကောင် . . .မင်းသွားတာကြာလှချည့်လားဟေ”

“အရက်ဆိုင်ဝင်ပေါက်မှာ ဘယ်သူလဲမသိဘူး ဆိုင်းပုဒ်တစ်ခုချိတ်ထားတယ်”

“ဘာဆိုင်းဘုတ်လဲ”

“အရက်ဆိုင် မ၀င်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့”

ဝန်ခံချက် - မူးရင် စာရေးဆရာရေးထားတာက နှစ်သစ်ကို ကြိုဆိုတာ မဟုတ်ပါဘူး သောက်စားတဲ့နေရာကနေစတာပါ။ စမိုင်းမေ နည်းနည်း ကလိလိုက်တာပါ။

12:50 PM

ရယ်စရာတိုထွာ (၆)

စာရေးသူ Smilemay

အလှအပကို စိတ်မ၀င်စားတာတော့ မဟုတ်ပါဘူး။ မြင်ရင်တော့ စိတ်ဝင်စားတာပေါ့။ စမိုင်းမေရန်ကုန်ရောက်စ သိပ်မကြားသေဘူး မြစ်ကြီးနားက ဦးလေက ရန်ကုန်လာတယ် သူနဲ့ အတူ ဈေးလိုက်ဝယ်ကူတာပေါ့။ စမိုင်းမေက လမ်းပြတော့မဟုတ်ဖူး လိုက်ကူတာ။ ဦးလေးက မြစ်ကြီနားက သူငယ်ချင်းတွေမှာလိုက်တဲ့ (လိုလိမ်း) ဆံပင်ပေါင်းသင်တဲ့ ဆေးကို ယုဇနာ ပလာဇာမှာလိုက်ရှာတာ အဟိ. . . လိုလိမ်း တံဆိပ် ဒီရောက်မှ စမိုင်းမေ ကြားဖူးတာ။ ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ဦးလေးက ဗူးကြီးရချင်တာ ဗူးသေးပဲရှိတော့ တခြားဆိုင်လိုက်ရှာတာ။ တခြား ဆိုင်ထဲရောက်တော့ ဦးလေးက အပြင်ကနေကြည့်ပြီး မရှိဘူးလာလာဆိုပြီ သူက ရှေ့ကနေပြန်ထွက်သွားပါလေရော .... ဒါနဲ့ စမိုင်းမေကနောက်ကနေ လိုက်ထွက်မယ်ဆိုတော့ ဆိုင်ထဲက အရောင်းစာရေးမလေးက ဘာရှာတာလဲတဲ့ ကျလည်း အားနာတာနဲ့ ဆံပင်ဆိုးဆေးလို့ပြောတာပေါ့ ဘာတံဆိပ်လဲလို့မေးတော့ တံဆိပ်နာမည်မေ့သွားတယ်။ ဒါနဲ့ ဘာအရောင်လဲလို့မေးပြန်ရော ဦးလေးက ရှေ့ရောက်နေပြီ လူကွဲမှာလည်း ကြောက်ရသေးတယ်လေ ပထမဆိုင်မှာ စမိုင်းမေကြည့်ထားတာက အထဲက အဖြူရောင်ကို ဒါနဲ့ အဖြူရောင်ဆိုပြီ ဖြေလိုက်တာပေါ့။ အရောင်းစာရေးမလေးက အဲ. . . တော် တယ့် ရယ်ကျဲကျဲလေးနဲ့ အဖြူရောင်ဆိုရင် ရှိဘူးတဲ့။

@@@@@@@@@@@

တစ်ခါတုန်းက ရေနံကားမောင်းတဲ့ ကားသမားက အလုပ်ဆင်းတော့ အလုပ်သမားတစ်ချို့နဲ့ ကာမှောင်းပြီး ပြန်လာခဲ့တာပေါ့။ ပြန်တဲ့လမ်းးက တောလမ်းကို ဖြတ်ရတယ်လေ။ တောထဲလည်း ရောက်ရော ကားက ပျက်ပါလေရော။ တခြားသူတွေက ပြန်သွားကြတာပေါ့ ကားသမားက သူ့ကားကို ထားပြီ ပြန်လို့ရဘူးလေ။ နည်းနည်းမှောင်လာတော့ သူလည်း နည်းနည်းလန့်လာပြီ အကူအညီရမလား အနီးအနားလျှောက်သွားကြည့်တာပေါ့။ သွားရင်းနဲ့ ကြံခင်းထဲကို ရောက်သွားရော။ ပိုင်ရှင်တဲတော့ ရှိမယ် ဆိုပြီ အကူအညီတောင်းရအောင် ကြံပင်ကြားတွေကနေ ဖြတ်ပြီး သွားတာပေါ့ ကြံပင်တွေလည်း လွန်ရော အနောက်ကနေ သူ့ကို ဓါးနဲ့လာထောက်တာပေါ့ ဓါးမြ ဒါမှမဟုတ် ကြံခင်းပိုင်ရှင်က သူ့ကို သူခိုးဆိုပြီ လန့်သွားတာပဲတဲ့နောက်လည်း လှည့်ကြည့်လိုက်တော့ ပုဆိုး ခေါင်းမြီးခြုံထားတဲ့ လူတစ်ယောက်ကို တွေ့ရတာပေါ့။ သူကလည်း သူ့ကားပျက်တဲ့ အခက်အခဲကို အကူအညီတောင်းရအောင် ဒီကိုလာတာပါလို့ ပြောမယ်လုပ်တော့ ဟိုလူက စကားမပြောနဲ့ပေါ့ အချက်ပြတယ် သူကလည်းကြောက်တာနဲ့ စကားလဲ မပြောရဲဘူးပေါ့။ ဒါနဲ့ ကြံခင်းအပြင်ရောက်တော့ ဓါးနဲ့ ထောက်ထားတဲ့သူက သူ့ကိုပြောတယ်တဲ့ စိတ်မရှိပါနဲ့တဲ့ သူက ပျားအုံးဖွတ်တဲ့သူပါ အသံကြားရင် ပျားတွေက ထွက်ပြေးတတ်လို့ပါတဲ့။

12:09 PM

ပြန်လာခဲ့ပါ

စာရေးသူ Smilemay

ပြန်လာခဲ့ပါ

ဥသြငှက်တွေ တေးဆို
ရွက်အိုတွေ မြေခ
ရွက်နုတွေ ဖူးပွင့်ဝေကာ
နွေရာသီ ၀င်ခဲ့ပြန်ပြီ။


မိုးစက်တွေ မြေပေါ်ဖြန့်ကျဲ
မြေနံ့ သင်းသင်းရပြန်တော
မိုးရာသီ ၀င်ခဲ့ပြန်ပြီ။

အေးစက်စက် အထိအတွေ့နဲ့အတူ
နှစ်စက်တွေ တလောကလုံး
လွှမ်းခြုံပြန်တော့
ဆောင်ရာသီ ၀င်ခဲ့ပြန်ပြီ။

ဥသြငှက်တွေ အကြိမ်ကြိမ်တေးဆို
သစ်ရွက်တွေ အကြိမ်ကြိမ်ကြွေ
မိုး တွေ အကြိမ်ကြိမ်ရွာကာ
နှင်းစက်တွေ အကြိမ်ကြိမ်လွှမ်းခြုံနေလဲ
ငါ့ကတော့
မင်းစွန့်ခွာသွားတဲ့ အိမ်အိုလေးမှာပေါ့
ပြန်လာခဲ့ပါ
ယိုင်နဲ့နဲ့အိမ်အိုလေး ပြန်ဆောက်ဖို့
ခေတ်မီနေတဲ့ နည်းပညာတွေ ပိုက်ပြီး
လိုအပ်နေတဲ့ ပိုက်ဆံတွေ ပိုက်ပြီးတော့ပေါ့ . . . ။


စမိုင်းမေ
27.12.2007

10:02 AM

ရယ်စရာတိုထွာ (၅)

စာရေးသူ Smilemay

ညားခါစ ဇနီးမောင်နှံ ပျားရည်စမ်း ခရီထွက်လာတာ သင်္ဘောပျက်ပြီး သူတို့နှစ်ဦးပဲ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားတယ်။

ဇနီးသည်က ခင်ပွန်းဖြစ်သူကိုပြောတာပေါ့-

ဇနီး - ရှင် ဒီလိုပဲ ထိုင်နေတော့မှာလာ အကြံဥာဏ်လေး ဘာလေ ထုတ်ပါအုံးဆိုတော့

ခင်းပွန်းဖြစ်သူက-

အေးပါဟ . . . ငါလည်း စဉ်စားနေပါတယ်

ဒီနေရာက ခဏနေရင် နေပူလာမှာ နောက်နားက အရိပ်အောက်ေ၇ွ့ထိုင်ရအောင်ကွ

@@@@@@@@@@

ဧည့်ခံပွဲ တက်ဖို့ ဇနီးမောင်နှံ နှစ်ဦး ပြင်ဆင်နေကြတုန်း ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကိုပြောတယ်

ဇနီး “မောင် . . . ကျွန်မမှာ ဧည့်ခံပွဲတက်ဖို့ အ၀တ်အစားတွေ မရှိဘူး ဖြစ်နေတယ်”

ခင်ပွန်းဖြစ်သူပြန်ပြောလိုက်တယ် သူ့ဇနီးကို

ခင်ပွန်း - “မင်းရဲ့ အ၀တ်ဗီရိုထဲမှာ အပြည့်ကြီးရှိတာကို”

ဇနီး - “ အဲ့ဒီအ၀တ်တွေက သူငယ်ချင်းတွေ အားလုံး မြင်ဖူးနေကြတယ်လေ”

ခင်ပွန်း- “ ဒီလိုဆိုရင်တော့ မင်း မိတ်ဆွေအသစ်ရှာရတော့မယ်”

@@@@@@@@@@@@@

ဧည့်ခံပွဲ တက်ဖို့ ဇနီးမောင်နှံ နှစ်ဦး ပြင်ဆင်နေကြတုန်း ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကိုပြောတယ်

ဇနီး - “ မောင် . . . ဦးထုပ်က နှစ်လုံးဆိုတော့ ၀တ်စုံက တစ်စုံပဲ ရှိနေတယ် ဦးထုပ်တစ်လုံးအတွက် တစ်စုံလိုသေးတယ် ”

ခင်ပွန်း- “ မင်းကလည်း ၀တ်စုံ တစ်စုံအတွက် ဦးထုပ်နှစ်လုံးရှိနေတာကို”

ဇနီး - “မဟုတ်ဘူးမောင် ဦးထုပ်က နှစ်လုံး အတွက် ၀တ်စုံက တစ်စုံပဲ ဖြစ်နေတယ်ရှင့်”

@@@@@@@@@@@@@@@@

10:02 AM

မြက်ပင်လေး

စာရေးသူ Smilemay

မြက်ပင်လေး

ပန်းမြိုင်အလယ်မှာ သူရှင်သန်
မြေမှာသာ ကပ်ပြီးမှပေါက်
အပင်ကြီးရဲ့ အရိပ်မှာ
သူခိုလှုံကာ ရှင်သန်
ပင်မြှင့်ပေါ်က ပန်းကိုမှ
သူနမ်းရှိုက်ခြင်သတဲ့လေ။

လေးအဝှေ့မှာ မြေပေါ်ဆင်သက်လာတဲ့
ခရေပန်းတွေကိုမှ ရင်ခုန်စွာနဲ့
နမ်းရှုက်ခွင့်ရတဲ့ သူ့ဘ၀အတွက်
ကျေနပ်နေပါသတဲ့။


မြေပေါ်ခလာတဲ့ ပန်းခရေတွေကို
ဆံဖျားထိပ်မှာ ပန်ဆင်ချင်သူတွေအတွက်
သူက ပန်တော်ဆက်ပေးအုံးမယ်တဲ့။

ပန်းခရေအောက် ရောက်ရှိလာပြီ
ပန်းခရေကို နင်ခြေဖျက်ဆီမဲ့သူလာရင်
သူ့ ခန္ဒာအောက်မှာ ၀ှက်ထားပေးအုံးမယ်တဲ့။

အပင်ပေါ်မှာ ပန်းခရေလေးစံစားနေစဉ်
အပင်အောက်မှာ သူကြေနပ်နေတယ်။

သူဘ၀မှာ နင်းခြေခံရတာ
ကျင့်သာရပေမဲ့ ပန်းခရေလေး
နင်ခြေခံရရင်လေ သူ့အသည်းတွေ
ကွဲကြေနေသတဲ့။


20.8.2007
စမိုင်းမေ

11:13 AM

မနက်ဖြန်

စာရေးသူ Smilemay

မနက်ဖြန်

မနက်ဖြန်အတွက်
ငါ ဒီနေ့ပင်ပန်းခဲ့တယ်
မနေ့ကလုပ်ခဲ့တဲ့အတွက်
မနက်ဖြန်ဆိုတဲ့ ဒီနေ့မှာ
ငါ ပျော်၇ွှင်ခဲ့တယ်။


သူက ကိုယ့်ကို
ပိုင်ဆိုင်ပေးမယ့် . .
ကိုယ်က သူ့ကို
မပိုင်ဆိုင်နိုင်ခဲ့ပါဘူး။

မနက်ဖြန်
ငါ့အတွက် ရှိနေတယ်ဆိုတာ
မသေချာပါဘူး။

မနက်ဖြန်ဆိုတဲ့
မျှော်လင့်ချက်နဲ့
ငါ အသက်ဆက်ရှင်သန်ခဲ့ပါတယ်။

13.8.07
စမိုင်းမေ

1:59 PM

ရယ်စရာတိုထွာ (၄)

စာရေးသူ Smilemay

လုပ်ငန်းခွင် အင်တာဗျူးတွင်

မေးသူ - မင်းဆေးလိပ်သောက်တတ်လား

ဖြေသူ - မသောက်တတ်ပါဘူးခင်ဗျာ

မေးသူ - အရက်ရောသောက်တတ်လား

ဖြေသူ - မသောက်တတ်ဘူးခင်ဗျာ

မေးသူ - မိန်းမရောရှုပ်လား

ဖြေသူ - မရှုပ်ပါဘူးခင်ဗျာ

မေးသူ - ဒါဆိုရင် ခင်ဗျာက မကောင်းတာ ဘာမှ မလုပ်တတ်ဘူးပေါ့

ဖြေသူ - ဟုတ်ကဲ့ ခင်ဗျာ ဒါပေမဲ့ ကျတော် က မကောင်းတာဆိုလို့ လိမ်တာလေးတစ်ခုပဲ တတ်ပါတယ်

* * * * * * * * * * * *

အပ်ချုပ်ဆိုင်ရှေ့တွင်-

အပ်ချုပ်သမားက ဆိုင်းပုဒ်လေးရေးပြီး အပြင်ထွက်သွားပါတယ်

အပြင်သွားနေပါသဖြင့် ဆိုင်ပိတ်ထားပါသည်။

ပုံ

အပ်ချုပ်သမား

ထိုဆိုင်းပုဒ်အောက်နားတွင်

ခဏစောင့်ပေးပါ အပ်ချုပ်သမားကို သွားရှာပြီးခေါ်ခဲ့ပါမယ်

ပုံ

အပ်ချုပ်သမားအမျိုးသမီး

* * * * * * * * * * * *

တစ်ခါက မြို့က လူတစ်ယောက်တောထဲရောက်နေတုန်း နောက်ဖေး တအားသွားချင်နေတာ

မြိုးသားဆိုတော့ အိမ်သာနဲ့ ဘာနဲ့မှ တက်ချင်တာပေါ့ တောထဲမှာ ဒီအတိုင်းကျတော့ မထိုင်ချင်ဘူးလေ

အဲ့ဒါနဲ့ လိုက်ရှာရင် အိမ်သာယိုင်နဲ့နဲ့လေးကိုတွေ့တာပေါ့

အဲ့ဒါနဲ့ အဲ့ဒီလူကလည်း ယိုင်နဲ့နဲ့ အိမ်သာပေါ် တက်ပြီး အပြီအပြင်သွားတာပေါ့

ကိစ်စ ပြီးလို့ ကိစ်စရှင်းမယ်ဆိုပြီ ရေအိုထဲကို လက်နိုက်မယ်လုပ်တော့

<<<< အမလေး >>>> မြွေကြီးတစ်ကောင် ပါးပြင်ထောင်ပြီး အိုးထဲက ထွက်လာတာ

အဲ့ဒီလူလဲ ကြောက်ပြီ နောက်ပြန်ဆုတ်လိုက်တာ အိမ်သာက ယိုင်နဲ့နဲ့လေးဆိုတော့ ပြိုကျတော့သူလဲ

အဟိ . . . ဟိုတွင်းလေ (ရွှေတွင်းလို့ပဲ သဘောထားလိုက်) ရွှေတွင်းထဲရောက်သွားပြီ ရွှေတွေပေးသွားလေတယ်တဲ့

ဒါနဲ့ သူလည်း နီးစပ်ရာရွာကို ရွှေတွေ ပေပေနဲ့ ပဲ ပြန်သွားရလေတယ် . . . .။

* * * * * * * * * * * *

တစ်ခါ ရွာတစ်ရွာမှ အလွန်ကိုလိမ်တတ်တဲ့ နံပြဆိုတဲ့ လူတစ်ယောက်ရှိတယ်။

တစ်ခြားရွာက အဘွားကြီးတစ်ယောက်က အဲ့ဒီလူအကြောင်းကြားတော့ ဘယ်လိုလိမ်လဲဆိုတာသိချင်တာနဲ့ နံပြနေတဲ့သူရဲ့ ရွာကို လာခဲ့တယ်။

ရွာထိပ်မှာ ဖျာလိပ်ကိုင်ထားတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ရော သူ့ကိုမေးလိုက်တယ် ဒီရွာက နံပြကိုသိလား?

ကောင်လားက ဟုတ်ကဲ့ ကျွန်တော်ပါပဲ ဘာကိစ်စရှိလို့လဲ ဆိုပြီးမေးတာပေါ့။

အဘွားကြီးက - “မင်းက သိပ်လိမ်တတ်တယ်ဆို ငါ့ကို လိမ်ပြပါလား ”

နံပြ - “ဟုတ်ကဲ့ အဘွား ဒါပေမဲ့ ကျွန်တော့်ရဲ့ လိမ်တဲ့ဘူး အိမ်မှာကျန်ခဲ့တယ် ကျွန်တော့ဖျာလိပ်ကို

ခဏကိုင်းပြီး ဒီမှာ စောင့်ထားပေးပါနော်” အဲ့လို အဘွားကြီးကိုပြောပြီး ထွက်သွားရော။

အဘွားက အေ . . . အေ ပေးခဲ့ ဖျာလိပ်ကိုင်ပြီးမနက်ကတည်းစောင့်နေတာ ညနေကျမှ နံပြက ပေါ်လာတယ်။

အဘွားကြီးက ဘယ်မလဲ နင့်ရဲ့ လိမ်ဘူးလို့ နံပြကို ပြန်မေးလိုက်တယ်။

11:18 AM

ခွင့်ပြုပေးပါ

စာရေးသူ Smilemay

ချစ်ဗိမ္မာန်လေရှိရာကို
တောင်ပံတွေဖြန့်သန်းပြီး
ပျံသန်းဖို့ ကြိုးစားနေတဲ့
ငါ့တောင်ပံတွေကိုချုပ်ကိုင်ပြီး
ထိန်းချုပ်ဖို့မကြိုးစားပါနဲ့။

ငါ အရောက်လာချင်တာပေါ့
ငါ့မှာ ရှိတဲ့ တောင်ပံတစ်စုံနဲ့
လေဟုန်ကိုစီးပြီး မင်းရှိတဲ့နေရာကိုပေါ့။

ခရီးလမ်းမှာ
မုန်းတိုင်းကြမ်းနဲ့တွေ့လည်း
ငါ အိမ်ကိုပြန်ချင်သေးတာပဲ။

ငါ့တောင်ပံကို
ချုပ်နှောင်ထားတဲ့ကြိုးစတွေကို
ဖြုတ်ပေးလိုက်ပါတော့ . . .
ငါ့ကို ပျံသန်းခွင့်ပြုလိုက်ပါတော့ . . .
ငါ့အိမ်ကို ပျံခွင့်ပြုလိုက်ပါတော့ . . .
ငါ့အိမ်မှာ ငါ့ကို စောင့်နေကြပြီ . . . ။

1:06 PM

ရယ်စရာတိုထွာ (၃)

စာရေးသူ Smilemay


ပိုက်ပြင်ဆရာခေါ်တာပါ

ခရစ်ယန်သာသနာပြုဘုန်းကြီး တစ်ယောက်က အာဖရိကတောထဲ ခရီးနှင်သွားတော့
ဒေသခံလူတစ်မျိုး ဗုံတီးနေတာကို တွေ့လို့ မေးသတဲ့။

ဘာဖြစ်လို့ ဗုံကို တီးရသလဲ


ကျူပ်တို့ရွာမှာ ရေပြတ်နေလို့ ဗုံတီးတာပါလို့ဖြေတယ်။

သြော် သိပြီ သိပြီ ခင်ဗျားတို့ ရေရဖို့ မိုးခေါ်တာပေါ့နော်
လို့ ပြန်ပြောတော့ ဘယ်လိုပြန်ပြောတယ်မှတ်လဲ။

ကျုပ်တို့ ပိုက်ပြင်သမားကို အချက်ပေးခေါ်နေတာပါတဲ့

...........................

ဝယ်ချင်လို့ပါ

ဝယ်သူက အရောင်းစာရေးကိုမေးတယ်
ကျုပ် ပိုးဖလံဝယ်ချင်လို့ပါ
ဟာ ကျွန်တောတို့ဆိုင်မှာ မရာင်းပါဘူးဗျာလို့ အရောင်းစာရေးကပြောတယ်။
အ၀င်ဝက ရောင်းရန်ဆိုပြီး ကပ်ထားတဲ့ မှန်ဗီရိုထဲမှာ ပိုးဖလံတွေ တွေ့ခဲ့တယ်လေဗျာလို့ ၀ယ်သူက ပြန်ဖြေသတဲ့။

...........................

ဖုန်းလိုင်းဆက်ပါရစေ

တက္ကသိုလ်က ဥပဒေဘွဲ့ရပြီး ရှေ့နေလုပ်နေတဲ့သူက သူ့မှာ အမှုသည်တွေ အများကြီးရှိနေသလို အမြဲ လူအထင်ကြီးအောင် လုပ်တတ်တယ်။ သူ့ရဲ့ အတွင်းရေးမှုးမလေးကိုလဲ သူ့ရှိလာတဲ့ ဧည့်သည်တွေကို နာရီဝက်လောက်ကျမှ သူ့အခန်းထဲတွင်းဖို့ အမြဲ မှာထားတယ်။

တစ်ရက်မှာ သူ့ရဲ့အမှုသည် တစ်ယောက်ရောက်လာတော့ ထုံးစံအတိုင်း နာရီဝက်လောက် စောင့်ခိုင်းထား။ ၀င်လာတဲ့အခါ ရှေ့နေက ဖုန်းကိုင်းပြီ တစ်ဖက်က သိပ်အရေးကြီးတဲ့ အမှုသည်နဲ့ စကားပြောသလို ဟန်ဆောင်နေတယ်။ နောက်အတန်ကြာတော့မှ ရှေ့နေက ဖုန်းချပြီး-

“ကိုင်း - ဆိုပါဦးဗျာ” လို့ မေးသတဲ့။
အဲ့ဒီလူ ပြန်ဖြေလိုက်ပုံက
“ကျွန်တော်က တယ်လီဖုန်း ကုမ္ပဏီကပါ လူကြီးမင်း ပြောနေတဲ့ဖုန်းလိုင်း အခု လာတပ်မလို့ပါ” တဲ့။

...........................

တစ်ခါက ရွာတစ်ရွာမှာ ကျောင်းတစ်ကျောင်းရှိတယ်ပေါ့။ ဒီကျောင်းမှာ အတန်းတစ်တန်းက ကျောင်းသားတွေက အရမ်းဆိုးတယ်လို့ သတင်း ကြီးတယ်။ တစ်နေ့တော့ ဆရာမလေး အသစ်တစ်ယောက် ရောက်လာပြီး ဒီအခန်းကို အတန်းပိုင်အဖြစ်တာဝန်ကျတော့။

တစ်နေ့မှာ ဆရာမလေးက ကျောက်သင်ပုန်းပေါ်မှာ ပန်းသီးပုံဆွဲပြပြီး ဘာပုံလဲလို့ ကျောင်းသားတွေကို မေးတာပေါ့။ အဲ့ဒီတော့ ကျောင်းသား တွေက ပန်းသီးပုံကို နောက်ပြီးတော့ ဖင်တုံးကြီး လို့ ဖြေလိုက်ကော။

ဒီကြောင့် ဆရာမလေးက ငိုပြီး ကျောင်းအုပ်ကြီးကို သွားတိုင်တာပေါ့။ ကျောင်းသားတွေ အရမ်းရိုင်းတာပဲ။ ဘာညာပေါ့။ အဲ့ဒီတော့ ကျောင်းအုပ်ကြီးက လိုက်လာပြီး ဆူတာပေါ့။ ဘာဖြစ်လို့ ဒီလို ဖင်တုံးကြီး ကြီးလို့ အော်လဲဆိုတာ။ ဒီတော့ ကျောင်းသားတွေက ကျောက်သင်ပုန်းပေါ် ကို လက်ညှိးထိုးပြလိုက်တယ်။ အဲ့ဒီ အချိန်မှာ ကျောင်းအုပ်ကြီးက ရုတ်တရက် ဘယ် မိမဆုံးမ ဖမဆုံးမသား လက်ကမြင်းပြီး ဒီဖင်တုံးကြီး ကို ကျောက်သင်ပုန်းပေါ်လာဆွဲထားရတာလည်း ဟုအော်ပါလေရော။

(အကြည်တော် ရဲ့ စာအုပ်ထဲမှ)

...........................

မာစတာဘင်း - ခင်ဗျာ လီယိုနာဒို မဟုတ်လား
လီယိုနာဒို - ဟုတ်ပါတယ်ခင်ဗျာ
မာစတာဘင်း - ဒါကြောင့် တအားတူနေတာကို

..............

သူငယ်ချင်း - ခင်ဗျား တွဲနေတဲ့ကောင်မလေး အကြောင်းပြောပြပါအုံး
မာစတာဘင်း - ကျတော်က အပြောတွဲနေတဲ့အကြောင်း သူကိုပြောပြတော့ ကလဲ့စားချေမယ်လို့ပြောတယ်
သူငယ်ချင်း - ဒါဆိုရင် ဘယ်လိုချေလိုက်သလဲ

မာစတာဘင်း - ကျနော်နဲ့လက်ထပ်လိုက်တယ်လေ

...............................

မာစတာဘင်းနဲ့ သူငယ်ချင်း လမ်းမှာ ဗုံးနှစ်လုံးကောက်ရတော့ ရဲစခန်းကိုသွားပို့ကြတယ်။

သူငယ်ချင်း - လမ်းမှာ ဗုံးတစ်လုံးပေါက်ကွဲရင် ဘယ်လိုလုပ်မလဲ
မာစတာဘင်း - လွယ်ပါတယ် တစ်လုံးတည်း ကောက်ရတယ်လို့ပြောလိုက်မှာပေါ့။

..........................

A Smart Student

TEACHER : Why are you late?

BALGOBIN : Because of the sign.

TEACHER : What sign?

BALGOBIN : The one that says, "School Ahead, Go Slow."


*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-


TEACHER : Balgobin, why are you doing your math sums on the floor?

BALGOBIN : You told me to do it without using tables!

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : Balgobin, how do you spell "crocodile"?

BALGOBIN : "K-R-O-K-O-D-A-I-L"

TEACHER : No, thats wrong

BALGOBIN : Maybe its wrong, but you asked me how I spell it!

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : What is the chemical formula for water?

BALGOBIN : "HIJKLMNO! "!!

TEACHER : What are you talking about?

BALGOBIN : Yesterday you said its H to O!

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : Balgobin, go to the map and find North America.

BALGOBIN : Here it is!

TEACHER : Correct. Now, class, who discovered America?

CLASS : Balgobin!

>>*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : Balgobin, name one important thing we have today that we didnt

have ten years ago.

BALGOBIN : Me!

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : Balgobin, why do you always get so dirty?

BALGOBIN : Well, Im a lot closer to the ground than you are.

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



BALGOBIN : Dad, can you write in the dark?

FATHER : I think so. What do you want me to write?

BALGOBIN : Your name on this report card.

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : How can you prevent diseases caused by biting insects?

BALGOBIN : Dont bite any.

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-**-*-*-*-



TEACHER : Balgobin, give me a sentence starting with "I".

BALGOBIN : I is...

TEACHER : No, Balgobin. Always say, "I am."

BALGOBIN : All right... "I am the ninth letter of the alphabet."

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : "Can anybody give an example of "COINCIDENCE?"

BALGOBIN : "Sir, my Mother and Father got married on the same day, same

time."

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : "George Washington not only chopped down his fathers Cherry

tree,

but also admitted doing it. Now do you know why his father didnt punish

him?"

BALGOBIN : "Because George still had the axe in his hand?"

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : What a pair of strange socks you are wearing, one is green and

one is blue with red spots!

BALGOBIN : Yes its really strange. Ive got another pair just like that

at home.

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : Now, Balgobin, tell me frankly do you say prayers before eating?

BALGOBIN : No sir, I dont have to, my mom is a good cook.

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : Balgobin, your composition on "My Dog" is exactly the same as

your brothers. Did you copy his?

BALGOBIN : No, teacher, its the same dog!

-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-



TEACHER : What do you call a person who keeps on talking when people are

no longer interested?

BALGOBIN : A teacher

-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-

လက်မသန်တော့လို့ပါ

ထမင်းဆိုင်မှာ သင်္ဘောသားတစ်ယောက်နဲ့ ပင်လယ်ဓါးပြတစ်ယောက်တွေ့ပြီး စားသောက်ကြပြီး စကားလက်ဆုံကြနေကြတယ်။ သူတို့အတွေ့အကြုံကို ပြန်ပြောပြီး စကားလက်ဆုံကြနေကြတာပေါ့။

ပင်လယ်ဓါးပြက ခြေတစ်ဖက်မသန်လို့ သစ်သားခြေထောက်တပ်ထားရတယ်။ လက်တစ်ဖတ်ပြတ်နေလို့ သံချိန်ကြီး စွပ်ထားရတယ်။ မျက်လုံး တစ်ဖက် ပျက်စီးနေလို့ သားရေပြားကလေးဖုံးထားရတယ်။


သင်္ဘောသားက “ခြေထောက်ဘာဖြစ်လို့လဲ” မေးတယ်။

“ငါးမန်းခုတ်သွားတာပေါ့ဗျာ”

“ခင်ဗျားလက်ကရော ဘာဖြစ်တာလဲ”

“ဓါးချင်းခုတ်တော့ ကျုပ်လက်ပါသွားတာဗျာ” တဲ့။

“ခင်ဗျား မျက်လုံးက ဘာလို့ကန်းသွားတာလဲ”

“စင်ရော်က ချေးနဲ့ပန်းသွားလို့ မျက်လုံးထဲဝင်ပြီး ကန်းသွားတာဗျ” လို့ ပြန်ဖြေသတဲ့။

သင်္ဘေသားက အံ့အားသင့်ပြီး “စင်ရောချေးဝင်ရုံနဲ့ ဖြစ်ရလားဗျ” လို့ ပြောတော့ သူက ဘာပြန်ပြေားလဲ သိလား။

“ဟုတ်ပါ့ဗျာ ကျုပ်လက်တစ်ဖက် သံချိတ်တပ်ရတဲ့နေ့မှာပဲ ဒီလိုဖြစ်ရတာပါဗျာ” တဲ့။





10:36 AM

ရယ်စရာတိုထွာ (၂)

စာရေးသူ Smilemay

HAPPIEST MAN

A: Do you know who is the happiest man in the world?

B: I don't know.

A: It is Adam.

B: Why?

A: Because he got a wife but he didn't get a mother in law.

B: Right .


. . . . . . . . . . . . .

အဖွား... ကမ်ဘာကြီးဟာ ဘာကြောင့် လည်နေရတာလဲဟင်...?
ခွေးကောင်လေး..။ နင့်အဖေရဲ့ အရက်တွေ ခိုးသောက်ပြန်ပြီထင်တယ်...။

စာရေးဆရာနှစ်ယောက်ဆုံကြသည်။ တစ်ယောက်၏မျက်နှာမှာ ညှိုးငယ်သော အသွင်ကို ဆောင်နေသဖြင့် ကျန်တစ်ယောက်က မေးသည်။

“ဒီနေ့ ခင်ဗျားကိုကြည့်ရတာ တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး သောကရောက်နေတဲ့ ပုံပါလား“

“ဟုတ်တယ်ဗျာ... ခင်ဗျားပဲ စဉ်းစားကြည့်၊ မနေ့က လူတစ်ယောက်ကို တွေ့တယ်။ ရှိတ်စပီးယားဆိုတဲ့နာမည်ကို တစ်ခါမှ မကြားဖူးဘူးတဲ့.. အံ့ရော”

“အဲဒါများ အရေးလုပ်လို့ဗျာ”

“မဟုတ်ဘူးလေ။ ရှိတ်စပီးယားကိုထားတော့၊ တကယ်လို့ နောက်နှစ်တစ်ရာကြာတဲ့အခါမှာ ကျွန်တော့်နာမည်ကိုပါ မေ့သွားကြရင် မခက်ပေဘူးလား”

............................



အမေဖြစ်သူသည် ဆယ်နှစ်အရွယ်သားငယ်ကို စိတ်ရောဂါကု ဆရာဝန်ထံ လာပြသည်။

အမေက မျက်ရည်စမ်းစမ်းနှင့် ပြောသည်။

“ဒေါက်တာရယ်လုပ်ပါဦး။ ကျွန်မသားဟာ တစ်ချိန်လုံး ခြောက်လုံးပြူး၊ မျက်နှာဖုံး၊ စက်သေနတ်နဲ့ လူသတ်တာတွေအကြောင်းပဲ စဉ်းစားနေတယ်။ ရက်စက်ကြမ်းကြုတ်တဲ့စိတ်ထား အလေးကဲသွားရင် ဒုက္ခပ`ဲ။ အဲဒါတတ်နိုင်သမျှ ကူညီပါဦးရှင်`”

ဆရာဝန်သည် ကလေးကိုစမ်းသပ် စစ်ဆေးသည်။ ထို့နောက် သောက်ရမည့် ဆေးညွှန်းစာရွက်ကို ရေးပေးလိုက်သည်။

“နောက်တစ်လတိတိကြာရင် ကျွန်တော့်ဆီ လာခဲ့ကြပါဦး။ ကလေးရဲ့ တိုးတက်မှုအခြေအနေကို ကျွန်တော်ကြည့်မယ်။ အဲ.. ခင်ဗျားနဲ့ပတ်သက်လို့ကတော့ စိုးရိမ်စိတ် သိပ်မထားစေချင်ဘူး။ အခုပုံအရ ခင်ဗျားဟာ အတော်စိတ်လှုပ်ရှားနေတယ်။ ဒါကြောင့် ခင်ဗျားအတွက်ပါ စိတ်ငြိမ်ဆေးရေးပေးလိုက်ပါမယ်။ အိပ်ရာမ၀င်မီ တစ်လုံးသောက်ပါ”

တစ်လကြာသောအခါ အမေနှင့်သား ဆရာဝန်ဆီ ရောက်လာကြသည်။ ဆရာဝန်က အမေကို မေးသည်။

“ခင်ဗျားသားအခြေအနေ ဘယ်လိုလဲဗျ”

“မသိဘူး။ သူဘာဖြစ်ဖြစ် ကျွန်မဂရုမစိုက်နိုင်ပါဘူးရှင်

............................


တရားခံက ရုံးတော်ကို လျှောက်ထားသည်။

ဒီကနေ့ အမှု မစစ်ဘဲ ရက်ချိန်းပေးဖို့ မေတ်တာရပ်ခံပါတယ်။ ကျွန်တော့်ရှေ့နေ ရောက်မလာပါဘူး။

တရားသူကြီးက ပြန်ပြောသည်။

သူများအိပ်ထောင်ထဲ ခင်ဗျားလက်နှိုက်နေတဲ့အချိန်မှာ ရဲသားကခင်ဗျားကို လက်ပူးလက်ကြပ်မိတာပဲ၊ ခင်ဗျားရှေ့နေက ဘာများ ပြောနိုင်မှာလဲ

ကျွန်တော်ကလည်း အဲဒါကိုပဲ သိချင်နေတာပါ

.....................



ဘယ်အချိန်မှာ ဒီနေရာက နာပါသလဲ

အသက်ရှူတဲ့ အခါမှာပါ

ကောင်းပြီ...။ အိမ်မှာ ၃ ရက်လောက် နားနေပါ။ အသက်မရှူနဲ့။ ၃ ရက်ကြာရင် ကျွန်တော် အခြေအနေကို လာကြည့်မယ်။

...................


ကျွန်တော့်အိမ်ကို မီးအာမခံ ထားချင်တယ်...။ ရမလား...။

ရပါတယ်ခင်ဗျာ။

အခုချက်ခြင်းကို အာမခံထားချင်တာဗျ...။

ရပါတယ်ဗျ...။

မြန်မြန်လေး လုပ်ပေးစမ်းပါ..။ အိမ်က လောင်နေပြီဗျ...။