တခါတုန်းက စမိုင်းမေ ရပ်ကွက် ယိမ်းအဖွဲ့ သင်္ကြန်ယိမ်းကို ပြောတာနော် ကရင်ဒုံးယိမ်းဟုတ်ဖူးနော် ညနေခင် ဗဟိုမဏ္ဍပ် (စာလုံးပေါင်းမှားနေပါတယ် သိတဲ့သူရှိရင် ပြောပြပါ) မှာ သွားက ပြရမယ်ဆိုတော့ အလှတွေပြင်ပြီး သွားတာပေါ့။ စမိုင်းမေကို အလှပြင်ပေးရင် တအား အလှပြင်ခံချင်တာ။ နေလို့ကောင်းတယ် မျက်လုံးလေးမိတ်ပြီး မိပ်ကပ်လေး ရိုက်ပေးရင် နေလို့ အရမ်းကောင်း။ တခါတလေ အလှပြင်ထားရင် လှတယ်လို့ထင်တတ်ကြတယ် ။ ပြင်တိုင်းလည်း မလှဘူးသိလား။ ညဘက် အိမ်ကို ပြန်ရောက်တော့ တူလေး က အိမ်ရောက်နေတယ် အကိုတို့ သူ့ကလေးထားပြီး လျှောက်လည်ကြတာလေ။ ကလေးက အခုမှ ငယ်ငယ်လေးပဲ၇ှိသေးတယ်။ စမိုင်းမေလည်း ဘယ်ရမလဲ အလှတွေပြင်ထားတော့ ကိုယ့်တူကို ပြချင်တာပေါ့။ မီးကလည်း ပျက်နေတော့ ကလေးက မမြင်ရဘူးလေ ဒါနဲ့ ဖယောင်းတိုင်ယူပြီး မျက်နှာရှေ့ထားပြီး အရီးကိုကြည့် လှလားဆိုပြီးမေးလိုက်တာ . . . အဟဲ့ .. . ကလေးက လှတယ်လို့ ပြောမယ်ထင်လား . . .သရဲတွေ့တဲ့အတိုင်းပဲ ငယ်သံပါအောင်အော်ပြီး အမေဆီကို ပြေးသွားလိုက်တာ . . .
- -ဦးဇင်းအရှင်မေတ္တာ
- burmeseblogsearch
- Ko Biggestthu
- Ko Naw Dut
- Ko Raven
- Ko Think
- Ko Wanna23
- megumi
- Mgthonnya
- MM-Thinker
- My Metro
- Synchro305
- Ulmuka_ဇီးကွက်:
- Upasaka
- Wroxe
- ကိုကိုးလေး
- ကိုကဒေါင်းညင်သား
- ကိုဂျူလိုင်အိမ်မက်
- ကိုစိုးထက်
- ကိုစိုးဇေယျ
- ကိုတာယာ
- ကိုထိုက်
- ကိုနစ်နေမန်
- ကိုနတ်သျှင်နောင်
- ကိုဘလူးဖီးနစ်
- ကိုမင်းကျန်စစ်
- ကိုမင်းတစေ
- ကိုမာန်လှိုင်းငယ်
- ကိုမိုးပြေး
- ကိုရန်အောင်
- ကိုရှင်ရဲထွတ်
- ကိုရှမ်းကလေး
- ကိုလင်းလင်း
- ကိုလင်းဦး (စိတ်ပညာ)
- ကိုသာလှဦး
- ကိုသားဖြိုး
- ကိုဟိန်းမောင်
- ကိုအိမ်ဝေးသူ
- ကိုအငွေ့
- ကိုကောင်လေး
- ကိုကောင်းကင်ကို
- ကိုဆောင်းယွန်းလ
- ကိုမောင်မျိုး (ရင်တွင်းဖြစ်များ)
- ကိုရွှေဖြိုး
- ကိုအောင်မျိုးဟန်
- ကိုအောင်ဦး
- ကိုပြည့်စုံ
- ကိုဝင်းဇော်
- ကိုဖိုးတရုတ်
- စပ်မိစပ်ရာ
- မကဗျာချစ်သူ
- မခင်ဦးမေ
- မချိုငယ်ဦး
- မခွန်မြလှိုင်
- မစိန်မမ
- မညခင်း
- မညခင်း
- မညလေး
- မနန္ဒာ့သက်လွင်
- မပင့်ဂိုလ်း
- မယမင်း
- မယုန်းကလေး
- မရတနာစိုး
- မလင်းလက်ကြယ်စင်
- မလုလု
- မသဇင်ဏီ
- မသဒ္ဒါ
- မကောင်မလေး
- မဂျေ
- မမေပျို
- မမေသစ္စာမောင်
- မ၀င်္ကပါ
- မငြိမ်းစု
- အချစ်မဲ့ဂီတာ
ဝေဖန်ချက်လေးများ
Links
၃၁ ရက်နေ့အကြောင်း ကိုရန်အောင်က Tag လုပ်ပေးပါဆိုတော့ tag အကြောင်းကို သိပ်မသိလို့ ပင့်ဂိုလ်ကိုမေးရသေးတယ်။ အကြောင်းအရာတစ်ခုကို အတူတူရေးကြပြီး ကိုယ့်ဘလော့ကိုတင်ယုံးပဲ လင့်တွေလုပ်စရာ မလိုဘူးလို့ပြောပြလို့ ကိုယ့်ဘလော့မှာ ကိုယ်တင်လိုက်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့က နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ဆိုတော့ လူတိုင်း အကြွေးတွေကင်းချင်ကြတယ်။ စမိုင်းမေလည်း အပါအ၀င်ပေါ့။ အကြွေဆိုတဲ့အခါ နှုတ်ကြွေးတင်တာ၊ အွန်းလိုင်းကြွေးတင်တာတွေလည်း ပါတာပေါ့။ ဒီဇင်ဘာ ၃၁ ရက်နေ့ ပိုစ့် အကြွေးကို အခုလို အရင်ဆပ်လိုက်တာပေါ့။ နောက်တစ်ခု အွန်းလိုင်းမှာ အကြွေးဆပ်ရအုံးမယ် ထမင်း အကြွေးစားထားလို့။ မြန်မာမိသားစု စားသောက်ဆိုင်မှာ။
ဒါတွေကိုရှင်းပြီးပြီဆိုရင်တော့ . . . ကဲစရေးပြီ - အရင်တုန်းက စိတ်ကူးယဉ်ထားတာက Christmas မေမေလာရင် မေမေနဲ့ တူတူပျော်မယ် ပြီးရင် ၃၁ ရက် ညကျရင် မေမေဘေးမှာနေပြီ ကိုးရီးယား ဇာတ်လမ်းတွဲ အိမ်အလုပ်အချောင်ခိုပြီး တိတ်တိတ်လေးကြည့်မယ်။ အကိုတို့ ဇနီးမောင်နှံကလည်း ည ကျရင် ကင်စားဖို့ အကင်တွေဝယ်လာမယ်။ အမက နောက်ဖက်မှာ ကင်စားဖို့ အကင်တွေကို လုပ်နေမယ်။ အားလုံးအဆင်သင့်ဖြစ်ရင် ခေါင်းမိုးပေါ်တက်ပြီး ကင်စာမယ် အဲ့လိုစိတ်ကူးထားတာ။ ဖြစ်ပါဘူး။
မေမေက မလာဘူး။ ၃၁ ရက်နေ့ တစ်နေ့လုံးရုံးတက်ရမယ်။ အိမ်ပြန်လာရင် မီးက ပျက်ရက်။ ၃၁ ရက်ည မီးလာရင်ကောင်းမယ်နော် ဒါပေမဲ့ လာမှာ ဟုတ်ပါဘူး လူစုရုံး စုရုံး ဖြစ်ရင် သူတို့က ကြိုက်မှ မကြိုက်တာ။ မီးပျက်ပျက်နဲ့ နှစ်သစ်ကို ကြိုရတော့မယ်။လူတွေကပြောကြတယ် နှစ်သစ်မှာ အဆင်မပြေရင် တစ်နှစ်ပတ်လုံးမပြေဘူးတဲ့။ ဒါဆိုရင် တစ်နှစ်ပတ်လုံး မီး__ တော့မှာလား။ ဟုတ်လောက်ဖူးနော်။ မိုးတွင်းတော့ လျှပ်စစ်မီးရပါသေးတယ်။
စမိုင်းမေရဲ့ ဒီဇင်ဘာ ၃၁ ရက် နေ့ရောညရော အင်မတန်ရိုးရှင်းပါတယ်။ မနက်ဘက်ရုံးသွား ပြန်လာ။ ညနေ အိမ်ရောက် ။ အမက ရုံးကပြန်လာကတည်းကနေ ညကင်စားဖို့ ငါးတွေဝယ်လာလိမ့်မယ်။ ညအဆင့်သင့် ကင်စားဖို့အတွက် ငါးတွေ နှပ်ထားလိမ့်မယ်။ အကိုတို့တွေ သူတို့ရုံးဆင်းရင် အိမ်ကိုလာမယ်။ ခေါင်မိုးပေါ် ကင်စားဖြစ်ရင် ဖြစ် အဖြစ်ရင်တော့ အိမ်ထဲမှာ ဖရောင်းတိုင် အလင်းနဲ့ လမင်းရဲ့ အလင်းနဲ့ နှစ်သစ်ကိုမကြိုခင် ဗိုက်တင်အောင်လို့ စားလိုက်မယ်။ အခုဒီပိုစ့် လေးကို ရေးနေတဲ့ အချိန်လေးမှာပဲ အင်တာနက်ပျက်နေလို့ ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာပဲ သိမ်းထားလိုက်တယ်။ အင်တာနက် ရမှပဲ တင်တော့မယ်။
ရုရှားစာရေးဆရာကြီး“ ဒိုစတိုယက်ဗ်စကီး” က အရယ်ကောင်းသောသူ သည် လူကောင်းဖြစ်၏တဲ့”
ဒီဇင်ဘာ ၃၁ ရက် နေ့ ရော နှစ်ဆန်းတစ်ရက်နေ့မှာ များများရယ်ကြပါ လူကောင်းဖြစ်အောင် မရယ်တတ်တဲ့သူက ဒီရယ်စရားလေ ဖတ်ပြီးရယ်လိုက်နော် ဟာသပဒေသာ စာအုပ်ထဲက တစ်ခု တင်ပေးလိုက်တယ်။
ခြေထောက်များရင်အကောင်းဘူး
နှစ်သစ်ကို လူသားတွေလည်း ကြိုဆိုသလို တိရိစ္ဆာန် တစ်စုလည်း ကြိုဆိုနေကြတာပေါ့။ သူတို့တွေ သောက်စားပျော်မြူးနေကြတယ်။ အာသွက်လျှာသွက် ဖြစ်လာတော့ စကားဝိုင်းက ဆိုပြေနေတာပဲ။ အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲ အရက်က ကုန်သွားရော ။ သူတို့ထဲက တစ်ယောက်က လိပ်ကို အရက်ဝယ်ဖို့ ပြောတာပေါ့။ ဒါနဲ့ လိပ်ကလည်း အရက်သွားဝယ်တယ်။
တစ်နာရီ၊ နှစ်နာရီကြာသွားတယ် လိပ်က ပေါ်မလာဘူး။ တချို့က လိပ်ကို ကျိန်ဆဲကြတာပေါ့။ မနီးမဝေး ချုံထဲက လိပ်က ထွက်လာပြီး စိတ်ဆိုးဆိုးနဲ့ ပြောတာပေါ့ ။
“ကျွန်တော့ ကွယ်ရာမှ အခုလို အတင်းပြောနေရင် ကျွန်တော် မသွားတော့ဘူးဗျာတဲ့”
မတတ်နိုင်တော့ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်ပြန်ရော။ ငါးနာရီကြာမှ ပြန်ရောက်လာတယ်။ အားလုံးက ကင်းခြေများကို ၀ိုင်အော်ကြတာပေါ့။
“ဟေ့ကောင် . . .မင်းသွားတာကြာလှချည့်လားဟေ”
“အရက်ဆိုင်ဝင်ပေါက်မှာ ဘယ်သူလဲမသိဘူး ဆိုင်းပုဒ်တစ်ခုချိတ်ထားတယ်”
“ဘာဆိုင်းဘုတ်လဲ”
“အရက်ဆိုင် မ၀င်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့”
ဝန်ခံချက် - မူးရင် စာရေးဆရာရေးထားတာက နှစ်သစ်ကို ကြိုဆိုတာ မဟုတ်ပါဘူး သောက်စားတဲ့နေရာကနေစတာပါ။ စမိုင်းမေ နည်းနည်း ကလိလိုက်တာပါ။
