11:16 AM

မနောပွဲ ပေါ်ပေါက်လာပုံ

စာရေးသူ Smilemay

တရုတ်နိုင်ငံ Gumsan ဒေသမှ ကချင်လူမျိုးတို့၏ မနောပွဲကို လူပေါင်း ထောင် သောင် ပါဝင် ကလို့ရတဲ့ မနောပွဲကြီးတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း Hkru Ta praw 15 15 ရက်နေ့မှာ ဒီပွဲကို ကျင်းပကြပါတယ်။ (ရက်စွဲကိုတော့ မသိဘူး ဘယ်လိုဘာသာပြန်လည်း မသိဘူး)

ဟိုးရှေးရှေးတုန်းက မနောကတာကို နေကမ္ဘာမှာပဲ မနောပွဲကကြပါတယ်။ လူသားတွေ မတီးတတ်သေးပါဘူး။ အဲ့ဒီအချိန်မှာ လောကမှာရှိတဲ့ သက်ရှိ သတ္တ၀ါတွေဟာ နဲ့ လူတွေလိုပဲ စကားတွေပြောတတ်ကြတယ်၊ တစ်ယောက်စကား တစ်ယောက်နားလည်ပြီးကြပါတယ်။ တစ်နေ့မှာ ရုတ်တရက် ကောင်းကင်မှာ နေကိုးစင် ထွက်လာပြီး သက်ရှိ သတ္တ၀ါတွေဟာ နေမှာ ငါးခြောက်လှန်းထားသလိုပဲ နေကိုးစင်အောက်မှာ တအားကို ပူလောင် ခံစားနေကြရတာကို သက်ကြီးရွယ်အိုတွေက ကြည့်မနေနိုင်တော့ပဲ သက်ရှိ သတ္တ၀ါတွေကို ကယ်တင်ဖို့အတွက် hkawngran နှင့် ဒေါင်း ငှက်တို့ကို နေမင်း ရှိတဲ့နေရာကို စေလွှတ်လိုက်တယ်။ (hkawngran ငှက်ဆိုတာကို ဘာသာမပြန်တတ်ဘူး)

နေမင်းကို တစ်နေ့မှာ နေတစ်လုံးပဲထွက်ပေးဖို့ သွားရောက် တောင်းဆိုးတာကို တအားကို ခက်ခက်ခဲခဲ ဒုက©တွေနဲ့ ငှက်နှစ်ကောင် တောင်းဆိုးတဲ့အတွက် နောက်ဆုံးမှာ နေမင်းက ခွင့်ပြုလိုက်တဲ့အတွက် နေ ရှစ်စင်းကို လျှော့ပေးလိုက်ပါတယ်တဲ့။ ဒါ့အပြင် နေမင်းက hkawngran နှင့် ဒေါင်း ငှက်တို့ကို ချစ်တဲ့စိတ်နဲ့ သူတို့ကို နေကမ္ဘာမှာ ကျင်းပတဲ့ မနောပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပြီး ပါဝင်စေခဲ့ပါတယ်။ ဒီအကြောင်းအရာတွေကတော့ ပုံပြင်မှာ ပြောဆိုနေကြတဲ့ “Ja Shang but ga” မနောပွဲပဲ ဖြစ်ပါတော့တယ်။

Hkawngran နှင့် ဒေါင်းတို့ မိမိတို့နေရာကို ပြန်ရောက်တဲ့အချိန်မှာတော့ ကမ္ဘာမြေကြီးကတော့ စိမ်းလမ်းစိုပြေပြီး လှပနေပါပြီ။ တစ်နေ့မှာ Hkawngran နဲ့ ဒေါင်းငှက်တို့ အတူတကွ ညောင်ပင်ကြီး တစ်ပင်မှာ ညောင်သီး အတူသွားရောက် ခူးစားကြသည်။ ညောင်သီးကို ခူးစားလေလေ ယိမ်းနွဲ့ပြီးကချင်တဲ့စိတ် ဖြစ်လာလေလေ ဖြစ်လာတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အမျိုးမျိုးသော ငှက်တို့ကို ခေါ်ယူစုရုံးပြီး ညောင်ပင် Laya (Laya ဒါလည်း ဘာသာပြန်မတတ်ဘူး အပင်အောက်ဖြစ်မလားတော့ မသိဘူး) မှာ မနောက ကို ခေါ်ကခဲ့တယ်။ ဒါကို ပုံပြင်တွေမှာ ပြောဆိုခဲ့ကြတာကတော့ “Hkawng Shen Hku” ငှက်မနောပွဲ ဟု အမည်ပေးခဲ့ကြသည်။ ငှက်တွေ မနောကတဲ့ သတင်းစကားဟာ jai Hku Majoi မှာ နေကြတဲ့ Sut Wa Matu နှင့် သူ့၏ ဇနီး Kungdung Tu Hkra တို့ နားထဲ ရောက်သွားပါတယ်။ ပြောရမယ်ဆိုရင် ကချင်လူမျိုး ဘိုးဘေးဘီဘင် လက်ထက်မှာ အသိပညာတွေ အတတ်ပညာတွေ ပြည့်စုံတဲ့သူတွေဖြစ်တယ်။

လောကမှာ သူတို့ ကြည့်လိုက်ရင် မသိတာမရှိ ၊ သင်လိုက်ရင်လည်း မသိတာမရှိ၊ သူတို့ နှစ်ယောက် ငှက်တွေ မနောပွဲ ရောက်တာနဲ့ ယောက်ျားဖြစ်သူက မနောပွဲကို ဘယ်လိုကရတယ်ဆိုတာကိုသင်၊ မိန်းမဖြစ်သူကတော့ ဒေါင်းမွေးကိုကြည့်ပြီး အင်္ကျီလုပ်ဖို့အတွက် ပုံဆွဲ( အခု ကချင် အမျိုးသမီးတွေဝတ်တဲ့ ငွေမောင်တွေနဲ့ အင်္ကျီဟာဆိုရင် ဒေါင်းငှက်ကိုကြည့်ပြီး ဆွဲတယ်လို့ ပြောဆိုကြပါတယ်) သူတို့ ဇနီးမောင်နှံဟာ Jai Hku Majoi ကိုရောက်တာနဲ့ ကချင်လူမျိုးတွေကို မနောပွဲကြီး ကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒါကို ပုံပြင်မှာ “Shinggyim” မနောပွဲ ပြောဆိုကြပါတယ်။

ကချင်လူတွေဟာဆိုရင် ယုံကြည်မှုကြီးမားတဲ့ နတ်တွေကို ယဇ်ပူဇော်ကြတယ်။ ဒါကြောင့်မို့ မနောပွဲတွေကို စစဖွင့်ချင်း Madai နတ်ကို အရင်ဆုံး ခေါ်ပြီး ယဇ်ပူဇော်ကြတယ်။

နေမနောပွဲဟာ လူတွေနေတဲ့ ကမ္ဘာာကို ရောက်ရှိလာတဲ့အချိန်မှစပြီး ကချင်လူမျိုးတွေသည် ခေတ်အဆက်ဆက် ပြောဆိုခဲ့ကြသည်။ ယခု နှစ်စဉ်နှစ်တိုင်း ကချင်လူမျိုးတွေက သူတို့ရဲ့ နေထူးနေ့မြတ်ရက်တွေမှာ မနောပွဲကို ကျင်းပကြပါတယ်။

(မနောပွဲ သမိုင်း အကြောင်းကို အဆင်ပြေအောင်လို့ တော့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် တော့ ဘာသာ ပြန်လိုက်တာပဲ မသိတဲ့ စကားတွေ ဒီအတိုင်းပါတာလည်းရှိသလို နည်းနည်း ၀ါ ချသွားတာလည်းရှိတယ် သည်းခံပြီး ဖတ်ပေးကြပါရှင့်။ သိတဲ့သူရှိရင်လည်း မှားတဲ့နေရာကို ပြင်ဆင်ပေးဖို့ ကောမန်းလေး မှာ ရေးပေးသွားဖို့ တောင်ပန်းချင်ပါတယ်။ ဖတ်ရင်နဲ့ ဆတ်တောက် ဆတ်တောက် ဖြစ်နေရင်လည်း သည်းခံပြီး ဖတ်သွားပေးပါရှင့်)

4:37 PM

ဘူးထဲက အနမ်း

စာရေးသူ Smilemay

သုံးနှစ်အရွယ် သမီးလေးတစ်ယောက် လူကြီးတွေကို အသိမပေးဘဲ လက်ဆောင်ပစ္စည်းထုပ်တဲ့ ငွေရောင်စက္ကူ တစ်ချို့ကို ယူကစားမိတယ်။ အဖေက သိတော့ စိတ်ဆိုးပြီး ကလေးကို အပြစ်ပေးတယ်။ ငွေရောင်စက္ကူကို ဘာလုပ်ပစ်လဲလို့ လိုက်စစ်မေးတော့ ကလေးငယ်က ဘူးထုပ်ဖို့ ယူသုံးမိကြောင်း ပြောခဲ့တယ်။


နောက်တစ်နေ့မှာ ကလေးငယ်က ဘူးကိုယူပြီး အဖေ့အတွက် လက်ဆောင်ဆိုပြီး သွားပေးလိုက်တယ်။ အကြောင်းမသိဘဲ ကလေးငယ်ကို အပြစ်ပေးမိတဲ့အတွက် အဖေက စိတ်မကောင်းဖြစ်မိတယ်။ ဘူးကိုဖွင့်ကြည့်တော့ အထဲမှာ ဘာပစ္စည်းမှ မတွေ့တာနဲ့ သူ့ကိုနောက်တယ် အထင်နဲ့ ကလေးငယ်ကို ဟောက်လိုက်မိပြန်တယ်။ အငေါက်ခံလိုက်ရတဲ့ ကလေးငယ်က အဖေကို မျက်ရည်ဝဲလေးနဲ့ ပြန်ကြည့်ပြီး "ဖေဖေ.. ဘူးက အလွတ်မဟုတ်ဘူး။ ဘူးထဲမှာ သမီးရဲ့ အနမ်းလေးတွေ မှုတ်သွင်းထားပါတယ်။ အားလုံးဟာ ဖေဖေ့အတွက်ပါ" လို့ ပြန်ပြောလိုက်တော့ အဖေဟာ အရုပ်ကြိုးပြတ်သလို နေရာမှာတင် ခွေလဲကျသွားတော့တယ်။

နောက်တော့ အဲဒီဘူးလေးကို သူ့ကုတင်ခေါင်းရင်းမှာပဲ အမြဲတင်ထားတော့တယ်။ စိတ်ညစ်၊ စိတ်ပျက်စရာနဲ့ ကြုံတိုင်း၊ အားအင်တွေ ကုန်ခမ်းသွားတိုင်း ဘူးကို ဖွင့်ပြီး အားရပါးရ သူ ရှုရှိုက်တတ်တယ်။ သူ့အပေါ်ထားတဲ့ သမီးရဲ့ မေတ္တာကို ဘူးထဲက အနမ်းနဲ့ သတိရမိအောင်ပါ။

လူတိုင်းရဲ့ ရင်ထဲမှာ ဘူးတစ်ဘူး ကိုယ်စီရှိကြတယ်။ အဲဒီဘူးလေးထဲမှာ အဆုံးမရှိတဲ့ မေတ္တာနဲ့ စာနာမှုတွေ ထည့်ထားတယ်။ ဘူးလေးကို လိုအပ်နေတဲ့ လူတွေကို လက်ဆောင် ပေးလိုက်ပါ။ ဒီထက်အဖိုးတန်တဲ့ လက်ဆောင် ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။ ငွေတွေကြေးတွေ ကုန်နေစရာ မလိုပါဘူး။ စစ်မှန်တဲ့ ဂရုစိုက်မှု တစ်ခုလေးနဲ့တင် ပြီးပြည့်စုံပါတယ်။

ဘူး = box
not နှာဘူး (မြန်မာစာက တော်တော်ခက်တယ်း)

အီးမေလ်းက သူငယ်တွေ ပို့ထားပေးလို့ စမိုင်းမေ ပြန်တင်ပေးလိုက်တာပါ

4:31 PM

ပန်းခရေ

စာရေးသူ Smilemay

ပန်းခရေ

ပန်းခရေ

မြေမှာ ကြွေမနေစမ်းနဲ့

နင်းခြေခံရလိမ့်မယ်။

ပွင့်နေစမ်းပါ့

ပင်မြှင့်ထက်မှာပေါ့

အမြတ်တနိုးနဲ့ ပန်ဆင်ချင်သူတွေ

တန်ဖိုးထားပြီး ကေသာထက်မှာ

မင်းကိုထားလို့ ပွဲလည်တင့်လိမ့်မယ်။

စမိုင်းမေ

27.2.2008

4:18 PM

ရယ်စရာတိုထွာ (၃၃)

စာရေးသူ Smilemay

ယောက်ျားတို့တာဝန်

(မိန်းမရစ ယောက်ျားများအတွက် အကြံကောင်းများ)

“အိမ်မှထွက်တိုင်း၊ ပြန်လာတိုင်း မိန်းမကို မွှေးမွှေးပေးရမည်”

“မိန်းမဖြစ်သူ သတင်းစားဖတ်နေလျှင် သို့မဟုတ် တီဗီကြည့်နေလျှင် ပုံထားသော အ၀တ်များကို လျှော်လိုက်ပါ”

“မိန်းမ ခွင့်ပြုချက်မရပဲ အပြင်ကို မသွားပါနှင့်”

“အရက်၊ ဆေးလိမ်မသောက်နဲ့ ရတဲ့လခ တစ်ပြားမကျန် မိန်းမကိုပြန်အပ်ပါ”

“မိန်းမအကြိုက်ဖြစ်အောင် တတ်နိုင်သမျှ လုပ်ပါ၊ သူ့စကားကို တစ်သဝေမတိမ်းနားထောင်ပါ”

“မိန်းမရှိခိုး၊ သွားမကျိုး” ဆိုတဲ့ စကားကို အမြဲ သတိရပါ

“အခုပေးတဲ့အကြံတွေ အတိုင်း လိုက်လုပ်လို့မှ မိန်းမက မကျေနပ်ဘူးဆိုရင်တော့”

“ဒင်းကို ရေနှစ်သတ်ပလိုက်”


ကြံရာပါ

လူငယ်သည် ဒုတိယအထပ်သို့ လှေကားထောင်ပြီးတက်လာသည်။ အမှောင်ထဲတွင် သူက လှမ်းမေးသည်-

“အချစ်ရေ မင်း ဘယ်မှာလဲဟေ့”

“ကျွန်မ ဒီမှာ တိုးတိုးပြောပါရှင့် ဖေဖေနိုးသွားဦးမယ်”

“မစိုးရိမ်ပါနဲ့ကွာ မင်းအဖေ လှေကားကို အောက်ကနေ ကိုင်ပေးထားတယ် . . . သူပြောတယ် မင်း အမေကိုပါ တစ်ပါတည်း ခေါ်သွားရင် ငွေငါးသောင်း ပေးလိုက်ဦးမယ်တဲ့”

10:02 AM

ရယ်စရာတိုထွာ (၃၂)

စာရေးသူ Smilemay

မေးနေကြပြီ

ထောင်ကျနေသော “နယူးရပ်ရှင်” ထံ မိန်းမဖြစ်သူက ထောင်ဝင်စာလာတွေ့သည်။

“ကိုလျာ ကလေးတွေ မေးခွန်း ထုတ်နေကြပြီရှင့်”

“သူတို့ အဖေ ဘယ်မှာလဲလို့ မေးခွန်းထုတ်နေကြတာလား”

“မဟုတ်ဘူး ရှင် လုယက်ခိုးဝှက်လို့ရတဲ့ ပိုက်ဆံတွေ ရတနာတွေ ဘယ်မှာထားတားသလဲတဲ့”


အစေခံ

အမျိုးမျိုး နှိပ်စက်တဲ့ဒဏ်ကိုခံ၇သော အိမ်အကူ မိန်းမက အိမ်ရှင်ဖြစ်သူကိုပြောလိုက်တယ်-

“ကျွန်မကို ဘာလို့ ဒီလောက်တောင် အန်တီနှိပ်စက်ရတာလဲ ကိုယ်ချင်းစာဖို့ကောင်းတယ် အန်တီလည်း ငယ်ငယ်တုန်းက အိမ်အကူ လုပ်ခဲ့ဖူးတယ် မဟုတ်လား”

အိမ်ရှင်မက ဂုဏ်ယူစွာပြန်ပြောလိုက်ပုံက

“အေး ဟုတ်တယ် ဒါပေမယ့် ငါ့က လူကြီးလူကောင်းတွေ နေတဲ့အိမ်မှာဟေ့”

1:37 PM

ရယ်စရာတိုထွာ (၃၁)

စာရေးသူ Smilemay

အေးချမ်းတဲ့နေရာ

စိတ်ရောဂါကု အထူးကုဆေးရုံမှာ ဖြစ်ပါတယ်-

ရုပ်မြင်သံကြားက လာတဲ့ သတင်းအစီအစဉ်တွေကို လူနားများ ကြည့်နေကြတယ်။ သတင်းတစ်ပုဒ်ကြေငြာပြီးတိုင်း လူနာတစ်ယောက်က သူ့ဒူးနှစ်ဖက်ကို လက်နဲ့ ရိုက်ပြီး -

“ငါ ဆေးရုံရောက်နေတာ ကောင်းလိုက်တာ . . . အောင်မယ်လေး ကောင်းလိုက်တာ” ဆိုပြီး ၀မ်းသာအာရ အော်နေတာကို သူနာပြုဆရာမတစ်ယောက်က မြင်သွားပြီး အခြားတစ်ယောက်ကို ပြောလိုက်တယ်-

“မနက်ဖြန်ကျရင် ဒီလူနာကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ဖို့ ဆရာဝန်ကြီးကိုြေ့ပာရမယ် ကျွန်မအထင် သူကောင်းနေပြီ”


တစ်အိမ်လိုနေတယ်

မကြာမီက လက်ထပ်လိုက်တဲ့ ဆရာဝန်ထံ သူ့ မိတ်ဆွေတွေက ပိုကာကစားဖို့ ဖုန်းနဲ့ ဆက်ခေါ်ကြတယ်-

“အရေးပေါ်ဆင့်ခေါ်တဲ့ဖုန်းကွ” လို့ ပြောပြီး ဆရာဝန်က ဖုန်းခွက်ကိုချလိုက်တယ်။ အ၀တ်စားတွေကို အမြန်ကောက်ဝတ်လိုက်တယ်-

“အခြေအနေ သိပ်စိုးရိမ်စရာများလား မောင်” လို့ ဇနီးသည်က မေးလိုက်တယ်-

“ဟုတ်တယ် . . . ဆရာဝန် လေးယောက်တောင်ရောက်နေကြပြီ”

11:24 AM

ရယ်စရာတိုထွာ (၃၀)

စာရေးသူ Smilemay

စာကြည့်တိုက်မှာ

“ကျွန်တော် သူခိုးရန်မှ ကာကွယ်နည်း စာအုပ်ကို ဖတ်ချင်ပါတယ်။ အဲ့ဒီစာအုပ် ဒီစာကြည့်တိုက်မှာ ရှိသလားဗျ”

“ရှိခဲ့တယ်။ ဒါပေမဲ့ တစ်လောက အခိုးခံလိုက်ရတယ်”

အကျင့်ရှိပြီးသား

သူဌေးကတော်က အိမ်ဖော် အမျိုးသမီးအသစ်ကိုပြောတယ် -

“ညည်းကို ကြိုပြောထားချင်တယ် ဒီအိမ်က အကြီးကြီး ပြီတော့ နေတဲ့သူကလည်း အများကြီး အဲ့ဒီတော့ ညည်းအတွက် အားချိန်ဆိုတာရှိမှာ မဟုတ်ဘူး”

“စိတ်မပူပါနဲ့ ဒေါ်ဒေါ် ကျွန်မတောမှာ နေတုန်းက ၀က် အကောင်နှစ်ဆယ်ကို နေ့စဉ် အစာချက်ကျွေးရတယ် ၀က်ခြံကိုလည်း နေ့စဉ် သန့်ရှင်းရေး လုပ်ခဲ့ရပါတယ်ရှင့်”

10:46 AM

ရယ်စရာတိုထွာ (၂၉)

စာရေးသူ Smilemay

အကြောင်းမဲ့ရန်ရှာခြင်း

ယုန်က သားရဲ တိရိစ္ဆာတို့ရဲ့ ဘုရင် ခြင်္သေ့ကို လာတိုင်တယ်-

“၀က်ဝံဟာ ကျွန်တော်ကိုတွေံတိုင်း အကြောင်းမဲ့ရန်ရှာတယ်ပြီး အနိုင်ကျင့်တယ်ဗျ ကျွန်တော့ကိုတွေ့တဲ့အခါတိုင်း “ဟေ့ကောင် ယုန်စုတ်ဘာဖြစ်လို့ ဦးထုပ်မဆောင်းထားသလဲဟေ” ဆိုပြီး ထိုကြိတ်တယ်ခင်ဗျ”

ဒါနဲ့ ခြင်္သေ့ကလည်း ၀က်ဝံကို ခေါ်ပြီး ပြောတာပေါ့ - -

“ဟေ့ ၀က်ဝံ ယုန်ကို ရန်စဖို့ တခြားနည်းမရှိဘူးလားကွ ဥပမာ- ပန်းသီး ယူလာခဲ့ လို့ မင်းပြောကြည့် မှည့်ဝင်းနေတဲ့ ပန်းသီးကို ယူလာရင် ခပ်စိမ်းစိမ်းပန်းသီးကိုမှ စားချင်တယ်လို့ ပြော။ ဆေးလိမ်ပေးသောက်စမ်းလို့ ပြောကြည့်။ ဖင်စီခံ မပါတဲ့ စီးကရက်ကို ဒင်းပေးရင် ဖင်စီခံနဲ့မှ သောက်ချင်တယ်ပြော။ မီးတစ်တို့ ပေးညှိစမ်းလို့ ပြောကြည့်။ သစ်သားမီးခြစ်ကို ပေးရင် ဂကစ်မီးခြစ်နဲ့မှ ညှိချင်တယ်လို့ပြော။ သဘောကတော့ သူ့ကို ရန်၇ှာစရာ အကြောင်းအရာအများကြီး ရှိပါတယ်ကွ”

ဒါနဲ့ ယုန်ကို ၀က်ဝံတွေ့တဲ့အခါ - -

“ပန်းသီးယူလာစမ်း”

“အစိမ်းလား၊ အမှည့်လား”

“ဆေးလိပ်ပေးသောက်စမ်း”

“အစီခံနဲ့လား ၊ အစီခံမပါတာလား”

“မီးခြစ်ပေးစမ်း”

“သားသားမီးခြစ်လား၊ ဂတ်စ်မီးခြစ်လား”

“ဟေ့ကောင်း . . . မင်း ဘာဖြစ်လို့ ဦးထုပ်မဆောင်းထားရတာလဲကွ ဟေ. . . .”


အကြောင်းရင်း

“ခင်းဗျားမိန်းမကို ဘာဖြစ်လို့ ကွာရှင်းချင်ရတာလဲ”

“တရာသူကြီးမင်းပဲ စဉ်းစားကြည့်ပါ. . . တည အချိန်မတော် ကျွန်တော်ကို နှိုးပြီးသူပြောတယ် “မောင် . .. ထတော့ကွယ် . . အိမ်ပြန်ချိန်ရောက်ပြီမောင်ရဲ့။ မကြာခင် အိမ်က ဆိတ်အိုကြီး ပြန်လာတော့မယ်ရှင့်” တဲ့”

ယုန်ကလေးပြောပြသော ဟာသ

တခါက ကောင်လေးတစ်ယောက်ရှိတယ် သူက လူပျိုတုန်းကဆိုရင် ရိုးရိုးလေးဘဲနေတယ် အရက်မသောက် ဖဲမရိုက်ဘဲ လူသန့်လေးပေါ့ ကောင်မလေးတစ်ယောက်နဲတွေပြီး ကြိုက်သွားကြတယ် ယူလိုက်ကြတယ်ပေါ့ ယူလည်းပြီးရေအရက်သောက် ဖဲရိုက် အိမ်ပြန်လာတောင် မိုးချုပ်မှ ပြန်လာတယ် သူမိန်းမက ဘာမှမပြောဘူး သူပြန်လာရင် အရက်မူးပြီး သိချင်းတစ်ပုဒ်အမြဲဆိုတယ် အဲဒီသိချင်းကလည်းတခါမှ မဆုံးဘူး သူဆိုတာ ဘာသီချင်းလည်းဆိုတော့ အိမ်ပြန်ချိန်ကိုတောင်မသိတော့ ဘူး ပြန်လာမယ်ဆိုတောင်မသိတော့ဘူး အဲလောက်ဘဲသူရတယ် တစ်ရက်ကျတော့ အရက်သောက်ပြီး ခါတိုင်းလိုဘဲပြန်လာတယ် အဲ့ဒီနေမှာဘဲသူမိန်းမက သူကို တုတ်ပိုင်းတခုနဲစောင့်နေတယ် သီချင်းဆိုပြီးအိမ်ပေါ်တက်လာတယ် အိမ်ပြန်ချိန်ကို တောင်မသိတော့ဘူးးးးးးးးးးးးးးးးပြန်လာမယ်ဆိုတာမသိတော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးပေါ့ အဲဒါနဲသူမိန်းမက ဆက်ဆိုလိုက်တယ် ဘာလဲဆိုတော့ အိုးးးးးးးးးးးးးးးဒီကစောင့်နေ သူဆိုပြီးးးးးခွါးကနဲသူခေါင်းကိုရိုက်လိုက်တယ် ခေါင်းပါကွဲသွားတယ်လေ ဟဲဟဲ

10:28 AM

ရယ်စရာတိုထွာ (၂၈)

စာရေးသူ Smilemay

အားလုံးကို အထင်သေးတယ်

“နယူးရပ်ရှင်” ၏ ဇနီး ပိုက်ဆံထုတ်ပိုက်ပြီး မော်စကိုသို့ တက်လာသည်။အကောင်းစား ဟော်တယ်တွင် အခန်းတစ်ခုယူပြီး မြို့လယ်ခေါင်တွင် ဖွင့်ထားတဲ့ (ကာစီနို) လောင်ကစားရုံသို့သွားတယ် - ရူးလက် (Roulette) ကစားရန် ဆုံးဖြတ်လိုက်တယ်။

ပါလာသမျှ ပိုက်ဆံအားလုံးကို ကူပွန်ကြွေပြားများဝယ်လိုက်တယ် ထို့နောက် ၂၂ ဂဏန်းတွင် ပုံအော်ပြီးထိုးလိုက်သည်။ ဒိုင်လုပ်သူကမေးတယ် -

“အမကြီး ရူးလက်ကစားတာ ပထမဆုံးအကြိမ်ထင်တယ် ”

“ဟုတ်ပါတယ်”

“ဒါဆိုရင် စေတနာနဲ့ ကျွန်တော် အကြံပေးပါရစေ ကူပွန်တွေ အားလုံးကို ၂၂ တစ်ခုထဲမှာ ပုံအေားပြီး မထိုးစေချင်ဘူး။ မဂဏန်း၊ စုံဂဏန်း၊ အနီရောင်နဲ့ အမည်ရောင်တွေမှာ မျှပြီးထိုးပါ။ ဒါမှ ပေါက်ဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ်“”

“ဟင့်အင်း ကျမ ၂၂ မှာပဲ ထိုးချင်တယ်ရှင့်”

ဒိုင်လုပ်သူက ခုံဝိုင်းကိုလှည့်လိုက်တယ် ပြီးတော့ ဂေါ်လီလုံးကို ခုံဝိုင်းထဲပစ်လိုက်တယ် ။ အလည်ရပ်တော့ ကြည့်လိုက်တဲ့အခါမှာ ဂေါ်လီလုံးက ဂဏန်း ၂၂ မှာရောက်နေသည်ကို တွေ့ရတယ်။

အမျိုးသမီးက လျော်ငွေအားလုံးကို မိမိဘက်ကို ဆွဲယူပြီး ၂၂ မှာပဲ ပြန်အောလိုက်ပြန်တော့ ဒိုင်လုပ်သူက -

“အမကြီး စောစောက အမကြီး အင်မတန် ကံကောင်းလို့ ပေါက်တာပါ ဒီတစ်ခါ ပေါက်ဖို့ မလွယ်ပါဘူး ဂေါ်လီလုံးဟာ ဘယ်တော့မှ ဂဏန်းတစ်ခုထဲပေါ်မှာ နှစ်ခါ ကျလေ့မရှိဘူး”

“ကိစ်စ မရှိဘူး ကျွန်မ ၂၂ ကိုပဲ ထိုးချင်တယ်”

ခုံဝိုင်းကိုထပ်လှည့်တော့ ၂၂ မှာပဲ ဂေါ်လီက ပြန်ကျပြန်တယ် -

အမျိုးသမီးက တညနေလုံး ၂၂ မှာပဲ ထိုးတယ် အကြိမ်းတိုင်းလည်း ၂၂ မှာချည်းပဲ ကျတယ် ကာစီနိုပိုင်ရှင်နဲ့ ဧည့်သည်များ ၀ိုင်အုံးလာကြသည်။ တစ်နေ့တည်းမှာပဲ တစ်နှစ်စာ အရှုံးပေါ်သွားသော ကာစီနိုပိုင်ရှင်ကမေးတယ် -

“ဘယ်လို အခြေခံမူတွေကို အသုံးပြုပြီး ထိုးသလဲ ဆိုတာ သိပါရစေခင်ဗျာ”

“ဘာမူမှရှိဘူး ကျမ အတိတ်နမိတ်တွေကို ယုံတယ် မော်စကိုကို ကျွန်မ ၇ ရက်နေ့ရောက်တယ် ဟောတ်တယ်အခန်းက နံပါတ် (၇) ကာစီနိုကိုလာဖို့ တက်ကစီငှားတာ (၇) ကားမြောက်မှ ရပ်ပေးတယ်”

“အဲ့ဒီတော့ . . . .”

အမျိုးသမီးက အားလုံးကို အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ပြီး ပြောလိုက်ပုံက -

“ ခုနှစ်သုံးလီ ၂၂ မဟုတ်ဘူးလားရှင့်။ ကဲ”


ဘယ်တတ်မလဲ

အီတလီသားက သူ့မိတ်ဆွေကိုပြောတယ် -

“မနှစ်နွေက ကျွန်တော့ မိန်းမနဲ့ အတူ ကမ်းခြေမှာ အနားသွားယူတယ်မိန်းမကိုလည်း ရေကူးသင်ပေးတယ်ဗျ”

“ဟုတ်လား ရေကူးတတ်သွားသလား”

“ဟင့်အင်း”

“ဘာဖြစ်လို့လဲ သူရေကို ကြောက်လို့လား”

“မဟုတ်ပါဘူး ပါစပ်ကို ပိတ်မထားတတ်လို့”

10:07 AM

ရယ်စရာတိုထွာ (၂၇)

စာရေးသူ Smilemay

နောက်ကျပြန်ချင်ဦး

ယောက်ျားဖြစ်သူ နောက်ကျမှ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ မိန်းမ က အိမ်နေပြီ ဖြစ်တဲ့အတွက် ဆာဆာနဲ့ ရေခဲ သတ္တာကို ဖွင့်လိုက်တယ် အထဲမှာ မိန်းမ လက်ရေးနဲ့ စာတိုလေးကိုတွေ့ရတယ် -

စာထဲမှာ ပါတာကတော့ -

“ရှင့်အတွက်ညစာ ခွေးရဲ့ ဗိုက်ထဲမှာ”


ထပ်ပြောရဦးမယ်

သတင်းစာဖတ်နေတဲ့ ယောက်ျားက မိန်းမကိုလှမ်းပြောတယ် -

“မိန်းမတွေ စကားများကိုများလွန်တယ်လို့ ငါ့အမြဲးတမ်းပြောတယ်. အခုလည်းကြည့် တနေ့မှာ မိန်းမတယောက်က စကားအခွန်းပေါင်း ၂၂၀၀ ပြောတယ် ၊ အဲ့ . . . ယောက်ျားကတော့ အခွန်းပေါင်း ၁၁၀၀ ပဲပြောတယ်လို့ သတင်းစားမှာ ရေးထားတယ်”

“မိန်းမက စကားကို အမြဲတမ်း နှစ်ခါထပ်ပြောရလို့ အခုလို များရတာပါတော်”

”ဘာပြောတယ် . . . . .”


ဖြတ်တတ်ပါတယ်

“ရှာမှ ရှားတဲ့ဆေးရုံပဲဗျို့ကျူပ်ဒီကိုရောက်တော့ ဆ၇ာဝန်တစ်ယောက်ကပြောတယ် အူအတက်ပေါက်တဲ့ရောဂါတဲ့ နောက်တစ်ယောက်က ဆီးအိမ်မှာ ကျောက်တည်နေတယ်တဲ့ . အဲ့ တတိယ ဆရာဝန်ကျတော့ ကျုပ်မှာ နှလုံးရောဂါ စွဲကပ်နေတယ်တဲ့ဗျာ”

“အဲ့ဒီတော့ ခင်ဗျားဘာနဲ့ အဆုံးတတ်သွားလဲ”

“ကျုပ်ရဲ့လျှာခင်ကို သူတို့ ဖြတ်တောက်ကုသလိုက်ကြတယ်လေ”

10:39 AM

ရယ်စရာတိုထွာ (၂၆)

စာရေးသူ Smilemay

ရှိတာပဲတောင်းတယ်

မိန်းမက ယောက်ျားဖြစ်သူကိုပြောတယ်-

“ယောက်ျားရေး ကျွန်မ ပိုက်ဆံလိုနေပြီရှင့်”

“ဘာပြောတယ် နောက်ထပ်လိုပြန်ပြီလား”

“ဟုတ်တယ် ကျွန်မမှာ မကျန်တော့ သလောက်ပဲ”

“ငါ့အမြင်တော့ မင်းက ပိုက်ဆံထက် အသိဥာဏ်ပိုလိုနေသလိုပဲကွ”

“ရှင့်ကလဲ ရှင့်မှာ မရှိတာ ကျွန်မ တောင်းတာမှ မဟုတ်ဘဲ”

ကူညီရိုးထုံးစံမရှိ

“မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောလို့ရမလား”

“ပြောနိုင်ပါတယ် အအ တစ်ယောက်လို နေပြပါမယ်”

“ဒီလိုကွ အရောင်းအ၀ယ် ကိစ်စ တစ်ခုမှ ငါ တော်တော်လေး အထိနာသွားတယ် အခုပိုဆံအရေးတကြီး လိုနေတယ်”

”စိတ်မပူစမ်းပါနဲ့ ငါမင်းဆီက ဘာမှ မကြားဘူးလို့ မှတ်လိုက်ပေတော့”

မယူနဲ့

ကျောင်းနေဘက် အမျိုးသမီးနှစ်ယောက်ဆုံကြတော့ တစ်ယောက်ကပြောတယ်-

“အိုင် ယောက်ျားယူဖို့ ဆုံးဖြတ်လိုက်ပြီ”

“ကွန်ဂရက်ကျူလေးရှင်း ဘယ်သူနဲ့လဲ”

“အရင် ရုံးမှာ အတူတူလုပ်ခဲ့တဲ့ အမျိုးသားပဲ အင်မတန် သဘောကောင်းတယ် မနေ့ကတောင် အိုင့်ကို အိမ်ထောင် ထိန်းသိမ်းမှုတော်တယ် အချက်အပြုတ်ကောင်းတယ်လို့ ချီးကျူးသေးတယ်”

“အိုင့်အနေနဲ့တော့ ဒီလူလို မယူသင့်ဘူးလို့ ယူဆတယ်”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမလဲ မညားခင် ကတည်းက လိမ်ပြောတတ်နေပြီလေ”

10:04 AM

ရယ်စရာတိုထွာ (၂၅)

စာရေးသူ Smilemay

အကြောင်းရင်း

လေ့လာရေးခရီး အဖြစ် ဆရာမက အတန်းတူ အတန်းသားများကို ဆောက်လုပ်ရေးစခန်းတခုကို ခေါ်သွားတယ်။ သူတို့တွေ ရောက်ရှိနေစဉ်မှာ ဆောက်လုပ်ရေး လုပ်သားတစ်ဦး လှေကားပေါ်က ကျကာ ပွဲချင်းပြီး သေသွားတယ်။

ကျောင်သူကျောင်းသားများ ကျောင်းသို့ ပြန်ရောက်တော့ ဆရာမက စိတ်မသက်သာစွာနဲ့ စကားစတယ်.

“မသီတာ လုပ်သားကြီး ဘာဖြစ်လို့ လိမ့်ကျတယ်ထင်သလဲကွယ့်”

“လုံခြုံရေး စည်းကမ်းတွေကို မလိုက်နာလို့ ထင်ပါတယ်”

“မောင်နီ မင်းကရော ဘယ်လိုထင်လဲကွယ့်”

“အဲ့ဒီ ဦးလေး အရက်သောက်ထားတယ်လို့ ထင်ပါတယ်”

ပီတာလေးက ထပြီး သူ့နေရာကနေ ပြောတယ် -

“ဟုတ်ဘူး ကျွန်တော့အမေကို သူဆဲလို့ လိမ့်ကျတာ”

“ဟဲ့ . . . ပီတာလေး အဲ့လို့ ဘာဖြစ်လို့ ပြောတာတုန်း”

“ကျွန်တော်ကိုယ်တိုင် ကြားလိုက်တာပဲ - “ဟေ့ ချာတိတ် မင်းအမေ ------၊ လှေကားကို မလှုပ်ပါနဲ့လို့ မင်းကို ဘယ်နှစ်ခါ ပြောရမလဲကွ ဟေ” တဲ့”

ဟုတ်သလိုလိုပဲ

ဆရာမက - “ကုန်းပေါ်မှာရော ရေပေါ်မှာပါ နေနိုင်တဲ့ သတ္တ၀ါဟာ ဘာလဲကွယ့်”

ပီတာလေ - “သင်္ဘောသားပါ”

9:39 AM

ရယ်စရာတိုထွာ (၂၄)

စာရေးသူ Smilemay

မခွဲချင်ဘူး

ခွဲစိတ်ခန်းတွင်ဖြစ်သည်။

ခွဲစိတ်းခန်းအတွက် လိုအပ်သမျှကို ပြင်ဆင်နေရင် စာရေးမက လူနာကိုပြောသည်။

“မကြာခင် ဆရာဝန်လာလိမ့်မယ် စိုးရိမ်ကြောင်းကြနေတဲ့ အမူအရာအစား ဆရာဝန်ကို ပြုံးပြဖို့ ကြိုးစားပါရှင့်”

“ဟင့်အင်း မပြုံးပြနိုင်ဘူး ခွဲစိတ်ခံရမဲ့အရေးကို တွေပြီး ကျွန်တော် ဘယ်လိုမှ စိတ်မအေးနိုင်ဘူးဗျာ”

“ရှင် စိုးရိမ်နေတာဟုတ်လား အင်း . . . ဒေါက်တာလည်း အဲ့ဒီအတိုင်းပဲ ပထမဆုံးအကြိမ်ခွဲစိတ်ဖို့ သူကို ဆေးရုံအုပ်ကြီးက တာဝန်ပေးလိုက်တာ သိတာနဲ့ သူ့ခမြာ ကြောက်စိတ်နဲ့ သတိလစ်သလိုတောင် ဖြစ်သားတယ်ရှင့် .. .သိလား”

လုပ်သားကောင်း

ကိုဘမောင် ညဥ့်နက်မှ အလုပ်မှ အိမ်သို့ပြန်လာသည်။

ထုံစံအတိုင်း မိန်းမက ပူညံပူညံလုပ်သည်။

“သူ့အတွက် ချက်ရပြုတ်ရ လျှော်ဖွတ်ရ၊ ဆေးကြေားရ၊ သန့်ရှင်းရေးတွေ လုပ်ရတယ် သူကျတော့ ညဥ့်နက်မှအိမ်ပြန်လာတော်မူသတဲ့ . . . ပြောစမ်း ရှင်ဘယ်မှာ အလေလိုက်နေသလဲ”

“ဘယ်မှ အလေမလိုက်ပါဘူး. . . ရုံးဆင်းချိန်မှာ ငါ့ကို နှိုးဖို့ ရုံးသားတွေ မေ့သွားလို့ဟေ့”

3:43 PM

ချစ်ရမယ်

စာရေးသူ Smilemay

ချစ်ရမယ်


နှုတ်ခမ်းဝမှာ ပျားရည်သုတ်လိမ်းထားပြီး

သူတို့ပါစပ်ထဲမှာ အသွားထက်တဲ့

တံလျှပ်ကိုလည်း ငုံထားတယ်

ပုလဲဆွဲကြိုလို လှပနေတဲ့ မုသားစကားလုံးတွေကို

အဲ့ဒီနှုတ်ခမ်းဝကနေပဲ ပြောနေကြတယ်။


သူတို့တွေရဲ့ ရှုံမဲ့နေတဲ့မျက်နှာကို

အပြုံး မျက်နှာဖုံးတွေနဲ့ ကွယ်ထားလိုက်ကြတယ်။


သဘောထားကြီးသလိုနဲ့

ရှေ့တင်မှာ သူတို့တွေ နှလုံးသားက မလာတဲ့စကားလုံးတွေနဲ့ချီးမွမ်းနေတတ်ကြပြီး

နောက်ကွယ်ရောက်ရင် အရှိန်ရှိန်ပြင်းပြင်းနဲ့ ရိုက်ချိုးကြတယ်။


ငါ . . . ကတော့

သူတွေရဲ့ ဟန်ဆောင်မှုကို မုန်းနေသူပေါ့။

ညအိပ်ရာဝင်တော့ ဘုရားသခင်က

“ကိုယ်နဲ့ စပ်ဆိုင်သောသူကို ကိုယ်နဲ့ အမျှချစ်လော့” တဲ့

ဟုတ်တယ် . . . ငါ ချစ်ရမယ်

ငါ့ကိုမုန်းတဲ့သူတွေကိုလည်း ချစ်ရမယ်

ငါ့ကိုချစ်တဲ့သူတွေကိုလည်း ချစ်ရမယ်

ငါ . . . မသိသေးတဲ့သူကိုလည်း ချစ်ရမယ်။

စမိုင်းမေ
8.2.2008

11:26 AM

ရယ်စရာတိုထွာ (၂၃)

စာရေးသူ Smilemay

အကြောင်းရှာတော့

ဂိုဏ်းချုပ်ဘုန်းကြီးတပါးကို တရားဟောဆရာက အိမ်ကိုဖိတ်ပြီး ညစာ တည်ခင်းသတဲ့။ အဲ့ဒီအချိန်မှာ အပြင်က ဖုန်းလာလို့ တရားဟော ဆရာက ဖုန်းသွားပြောနေတယ်။

တရားဟောဆာရဲ့သား ၇ နှစ်သားလေးက ဂိုဏ်းချုပ်ကိုမေးသတဲ့။

“ကိုယ်တော် ဘယ်ပုံဘယ်နည်းနဲ့ ဂိုဏ်ချုပ်ဖြစ်လာသလဲ”

“ငါ့လိုဖြစ်ချင်ရင် ကျမ်းစာကို ကောင်းကောင်းဟောပြောတတ်ရမယ်။ စာပေကို ကောင်းကောင်း သင်တတ်ရမယ် ပြီးတော့ စည်းရုံးရေးလည်းတတ်ရမယ်ကွ” လို့ ဂိုဏ်းချုပ်က ပြန်တြေယ်။

အဲ့ဒီအခါ ချာတိတ်က ဘာပြန်ပြောလဲ သိလား . . . .

“အဖေက ကျွန်တော့ကို ပြောတာ ကိုယ်တော် ဘယ်လိုလုပ်ပြီး ဂိုဏ်ချုပ်ဖြစ်လာသလဲ မသိဘူးတဲ့ဗျ”


တိတ်တိတ်ဆိတ်ဆိတ်

ခရီးသည်ကား မောင်းတဲ့ ဒရိုင်ဘာအဘိုးအိုရဲ့မြေးက ဘယ်လိုပြောလဲသိလား . . . .

“ကျွန်တော်သေရင် အဘိုးလို အိပ်ရင် ငြိမ်းငြိမ်းချမ်းချမ်းသေချင်တယ်ဗျား . . .သူ့ကားပေါ်က ခရီးသည်တွေလို ငယ်သံပါအောင် ထအော်တာမျိုး မလုပ်ချင်ဘူး”


ကွန်ပျူတာကြောင့်

ဂလိုရိယာ ဆိုတဲ့ အမျိုးသမီးက တစ်မနက်မှာ အိမ်းဘေးနားက စာတိုက်ပုံးမှာ ခေါက်တုံခေါက်ပြန် သွားကြည့်နေသတဲ့။ စာတိုက်စာပို့ချိန်က နေ့လည်မွန်းလွှဲချိန်ဖြစ်တာကြောင့် အိမ်နီးနားချင်းတစ်ယောက်က သူ့ကိုမေးသတဲ့ . . .

“အထူးစာရောက်ဖို့ ရှိလို့လားဟင်”

အဲ့ဒီတော့ ဂလိုရိယာက ဘာပြန်ပြေားလဲသိလား -

“ကျွန်မရဲ့ ကွန်ပျူတာက စာရောက်နေပြီးချည်းပဲ ပြနေလို့ပါ” တဲ့ . . .

12:13 PM
စာရေးသူ Smilemay



1st Prize: Christel Lim See Kiat, St Andrew’s Junior College
Phrase: Connection Problem? Call 1800-EN-GIN-EER!

2nd Prize: Belinda Ong, NUS High School of Math and Science
Phrase: Please hold. Our customer service officers are tying up some loose ends.

3rd Prize: Andrea Tay, Ngee Ann Poly
Phrase: Engineering, no strings attached




1st Prize: Angeline Lim Yim Kiat, Chung Cheng High (Main) School
Phrase: It’s gonna be a tough ride… without ENGINEERS!

2nd Prize: Wai Sau Fu, Temasek Poly
Phrase: The engineers’ verification could mean your vacation.

3rd Prize: Koh Ryun Kiat, Chung Cheng High (Main) School
Phrase: Anyone out there that’s an engineer? I think I have a problem landing…





1st Prize: Wai Sau Fu, Temasek Poly
Phrase: Engineers stop the sweat and tears to let music to your ears.

2nd Prize: Wong Wei Ling, Republic Poly
Phrase: Engineers make music mobile.

3rd Prize: Chia Kar Ling, Republic Poly
Phrase: Without Engineers, Life’s a drag man!

2:29 PM

ရယ်စရာတိုထွာ (၂၂)

စာရေးသူ Smilemay

ရုံးစာရေးဖြစ်သူက တွေး၊ ငေးနေသဖြင့် အလုပ်ရှင်က ကျီစယ်လို စိတ်ဖြစ်လာပြီး သူ့ကိုပြောလိုက်တယ် -

“မင်းအခုဘာတွေ တွေးနေတာလဲ ငါ့ကိုပြောပြရင် မင်းကို တစ်ရာပေးမယ်”

စာရေးအလန့်တကြားပြန်ပြောလိုက်ပုံက -

“ဟား . . . မလုပ်ပါနဲ့ ခင်ဗျာ။ ကျွန်တော့အတွေက ဘာမှ တန်ဖိုးမရှိဘူး”

“ဘာဖြစ်ဖြစ်ပြောစမ်းပါကွာ”

“ဟုတ်ကဲ့ . . . လူကြီးမင်းအကြောင်းတွေးနေမိတာပါခင်ဗျာ”

@@@@@@@@

နိုးသလိုဖြစ်နေသလား

ပြဇာတ်ရုံသို့ လူတစ်ယောက် ဆူညံဆူညံနဲ့ ၀င်လာတော့ မန်နေဂျာက အသံမပြုရန် အရိပ်ပြတယ်။ ထိုသူပြန်ပြောလိုက်ပုံက

“ဘာလဲ ပွဲကြည့်ပရိတ်သတ်တွေ အိပ်နေကြပြီလား”

@@@@@@@@

စေတနာ

ဘူတာရုံ စားသောက်ဆိုင်တွင်ဖြစ်သည်

စားသုံးသူတစ်ယောက်က ဆိုင်ရှင်ကို ပြောသည်။

“ဟင်းခွက်တွေထည်းမှာ ထည့်ထားတဲ့ ဟင်းတွေက နည်းလှချည်းလား”

“လူကြီးမင်း ရထားနောက်ကျမှာ စိုးလို့ပါ”

12:47 PM

ထွေလီကာလာ

စာရေးသူ Smilemay

ထွေလီကာလာ

မောင်ကောင်းထိုက်(နှီးပဒေါ)

ချင်းတွင်း မဂ္ဂဇင်းမှ

“အိမ်နီးနားချင်းတွေကလွဲလို့ လူသားတစ်ရပ်လုံးကို မေတ္တာထားသတဲ့ဗျာ”

(ကရွတ်ကီး)

x x x x x x x x


“ခင်ဗျာကို အသံပေးပါအုန်း” လို့ပဲ မေတ္တာရပ်တာ။ ကိုယ့်အမြင်ကို ထုတ်ပြောခိုင်းတာ မဟုတ်ဘူး”

(ဘာစီးလက်)

x x x x x x x x


“အိပ်ပြီးမြင်တာက မြင်ပြီး အိပ်နေတာထက် ပိုကောင်းပါတယ်။”

(အနီစင်ကို)

x x x x x x x x


“ခွင့်ပြုတာထက် အသိဥာဏ်ပိုအောင် မကြိုးစားနဲ့”

“ထိပ်ပြောင်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ခေါင်းမဖြီးရသေးဘူးလို့ ခံစားရတယ်”

(ကိုညာဟင်)

x x x x x x x x


“ရေစီးကြောင်းအတိုင်းလိုက်ဖို့အတွက် ဒီလောက်များတဲ့အင်အား ခင်ဗျား ဘယ်ကယူသလဲဟင်”

(ဂေနင်)

x x x x x x x x


“ကျွန်တော်လို လူမျိုး သန်းနဲ့ ချီပြီး ရှိနေတဲ့ဟာ
ဥစ္စာ ကျွန်တော် တစ်ယောက်တည်း ဘာလုပ်လို့ရမှာလဲ”

(ဒါဗစ်ဒိုဗစ်ခ်ျ)

x x x x x x x x


“သည်းခံတတ်တဲ့သူကို ဘယ်အစိုးရမဆိုကြိုက်တယ်”

(အရွန်းနော့)

x x x x x x x x


“နောင်ဘ၀ကို ယုံတယ်ဆိုရင် အကြွေးပေးပါလားဟင်”

(ဂိုလိုဘိုရော့ကို)

x x x x x x x x


“ဘာမှမလုပ်ဘူး။ ဒီကြားထဲက မှားသတဲ့ဗျာ”

(လီယိုနိဒေါ့)

x x x x x x x x


“ပတ်ဝန်းကျင်မှာ လူတွေ အများကြီး ရှိပါရက်နဲ့ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် လိမ်ရသလဲဟင်”

“တချို့ ကိုယ်ပိုင် အမြင်မရှိဘူး၊ အဲ တချို့ကျတော့လည်း ကိုယ်ပိုင် အမြင် တစ်ခုမက ရှိနေပြန်ရော”

“ရှေ့တန်းမှာ ထိုင်ခိုင်းကြည့်၊ ဘာကိုမဆို လက်ခုပ်တီး သြဘာပေးမယ့်သူ”

“ဘာရေးထားသလဲဆိုတာကို မဖတ်ဘူး။ ဘယ်သူလက်မှတ်ထိုးထားသလဲဆိုတာကိုပဲ ကြည့်တယ်။”

(ဖြူစတင်ဘတ်)