4:35 PM

ကံကောင်းမှုဆိုတာ

စာရေးသူ Smilemay

ကံကောင်းမှုဆိုတာ ဆန္ဒရှိ ရုံလောက်လေးရှိနေသူတွေ အတွက်မဟုတ်ပဲ ခါးရိုးချိအောင် အလုပ်ကြိုးစားသူတွေကိုသာ မျက်နှာသာပေးတာပါ။

H. Jackson Brown,Jr.

Translated by Shanti

4:00 PM

အဘိုး ကြားအောင်ပါ

စာရေးသူ Smilemay

အဘိုး ကြားအောင်ပါ

ခရစ္စမတ် မရောက်ခင်ည အဘိုးအိမ်ကိုရောက်နေတဲ့ ကလေးနှစ်ယောက်က ညအိပ်ရာဝင်တော့ သူတို့အိပ်ရာပေါ်မှ ဒူးထောက်ပြီး ဆုတောင်းကြတယ်။ ညီငယ်ဖြစ်သူက အကျယ်ကြီးအော်ပြီး သူလိုချင်တာကို အော်ပြီး ဆုတောင်ရော။ ဒါနဲ့ အကိုဖြစ်သူက မင်းကလည်းကွာ “ဘုရားက နားမကန်းပါဘူး မင်းစိတ်ထဲကနေတောင်းလဲ ကြားပါတယ်” ဆိုပြီး ပြောတာပေါ့။

ဒါနဲ့ ညီငယ်က ဘာပြန်ပြောလဲဆိုတော့ “အဲ့ဒါတော့ ငါလည်းသိတာပေါ့ကွ . . . ဒါပေမဲ့ အဘိုးက ငါ စိတ်ထဲကတောင်ရင် သူဘယ်သိမလဲ“