11:36 AM

ကရင်စာပေရေစီးကြောင်း (၃)

စာရေးသူ Smilemay

၁၈၃၇ ခုနှစ်တွင် ထားဝယ်နှင့် မြိတ်မြို့များတွင် ခရစ်ယာန်ဘာသာဝင် ကရင်ဦးရေများပြားလာသဖြင့် ခရစ်ယာန် ဘာသာရေး သင်တန်းများတွင် ကရင်ဘာသာဖြင့် လိုသလောက် ပုံနှိပ်ထုတ်ဝေနိုင်ရန် အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့က ထားဝယ်မြို့တွင် ပုံနှိပ်စက်တလုံး တည်ဆောက်ခဲ့၏။ ထိုပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော ကရင် ဘာသာကျမ်းစာအုပ်များမှာ ခရစ်ယာန်ဘာသာရေးကျမ်းစာသက်သက်ဖြစ်ပြီး ဦးစွာ ပထမ ကျမ်းပြုသူများမှာ အမေရိကန် နှစ်ခြင်းသာသနာပြု အဖွဲ့ဝင် ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ သာသနာပြု ဆရာ အက်(ဖ်)၊ ဘီ၊ ခရ်(စ်) (Rev.F.B. Cress) နှင့် သာသနာပြုဆရာ စီ၊ ဘန်းနက် (Rev. C. Bennett) ပုံနှိပ်တိုက် အုပ်ချုပ်သူတို့ ဖြစ်ကြသည်။ မော်လမြိုင်မြို့တွင် လည်း စာပုံနှိပ်စက် တလုံးတည်ထောင်ကာ ခရစ်ယာန်ကျမ်းစာများကို မစ္စတာ အက်(စ်) ရမ်နီ (Mr. S. Renney) က ပိုးကရင်ဘာသာဖြင့် တာဝန်ခံ ထုတ်ဝေသည်။


ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်ဘာသာရေး စာပေများကို ဦးဆာင် ပြုစူသူများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ ဒေါက်တာ အယ်လ်ဘရေတန်နှင့် အီး၊ အက်စ် ဘူးလဒ်တို့ ဖြစ်ကြသည်။ ၁၈၄၉ ခုနှစ် ၊ မေလရက်စွဲဖြင့် ဘန်းနက်အမှာစာ ရေးပြီး ဒေါက်တာဝိတ်၏ အမည်ဖြင့် စကောကရင် အင်္ဂလိပ်အဘိဓါန်စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။


၁၈၅၀ ခုနှစ်တွင် ဒေါက်တာ မေဆင်က ပိုးကရင် သဒ္ဒါကျမ်းကို ပြုစုခဲ့သည်။ ဒေါက်တာဝိတ်သည် အသိပညာကဏ္ဍများ (Thesaurus of Karen Knoledge) အမည်ရှိစာအုပ်ကို စကောကရင်နှင့် အင်္ဂလိပ် နှစ်ဘာသာတွဲကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထ အထိ လေးတွဲပြုစု ကာ အထမတွဲကို ၁၉၁၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ (အခြား ခရစ်ယာန် ဘာသာရေးဆိုင်ရာ ကရင်စာအုပ်များစွာ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြခြင်း မပြုတော့ပါ)။

10:31 AM

ကရင်စာပေရေစီးကြောင်း (၂)

စာရေးသူ Smilemay

ဒေါက်တာ ဂျိုနာသန်ဝိတ် သည် ကရင် ခရစ်ယာန်လောကတွင် ကရင်စာပေကို တည်ထွင်ပေးခဲ့သူ ကရင်စာပေ ဖခင်ကြီးဟု ခေါ်ဆိုရမည်ဖြစ်ပေသည်။ ဒေါက်တာဝိတ်သည် ဇနီးဖြစ်သူနှင့် အမေရိကန်ပြည်မှ အေဒီ ၁၈၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် စတင်ထွက်ခွာပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာရာမှ ခရစ်ယာန် သာသနာပြု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။


၁၈၃၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်ရှိ “ပိုင်ကြုံ” ရွာသို့ သွားရောက်ပြီး ခရစ်ယာန်တရားတော်ကို ဟောပြောခဲ့သည်။ ထိုအခါ ကရင်အဘိုးကြီးတဦးက ဒေါက်တာဝိတ်အား ကရင်စာပေကို ပြန်ပေးရန် အတင်းတောင်းတော့၏။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးတို့၏ ရှေး “ထား” ကဗျာ လင်္ကာမှ မိမိတို့ ပျောက်ဆုံးနေသော စာပေသည် မိမိတို့၏ ညီထွေး “ပူဒေးဝါး” ခေါ် အသားဖြူသော ညီထွေးက ပြန်လည် ယူခဲ့ပေးမည်ဟု ပါရှိသောကြောင့် ဖြစ်၏။


ကရင်လူမျိုးတို့၏ ရိုး၇ာ ယုံကြည်မှုကို နားမလည်နိုင်သော ဒေါက်တာဝိတ်သည် တအံ့တသြဖြစ်နေမိ၏ ။ အကြောင်းစုံကို မေးမြန်း သိရှိသွားးသောအခါ မြန်မာအက္ခရာကိုမှီပြီး စကော ကရင်စာပေကို တည်ထွင်ပေးခဲ့သည်။


ဒေါက်တာမေဆင်သည် အမေရိကန်ပြည်မှ အေဒီ ၁၈၃၀ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး ထားဝယ်မြို့သို့ ထိုနှစ် ဒီဇင်ဘာသတွင် ရောက်ရှိလာခဲ့၏။ ဒေါက်တာဝိတ် တည်ထွင်ထားသော စကောကရင်စာပေဖြင့် ၁၈၄၃ ခုနှစ်တွင် ခရစ်ယာန် ဓမ္မဟောင်းကျမ်း (Old Testament) ကို ၁၈၅၃ ခုနှစ်တွင် ဘာသာပြန်ဆို ပြီးဆုံးခဲ့သည်။

12:55 PM

ကရင်စာပေရေစီးကြောင်း (၁)

စာရေးသူ Smilemay

ကရင်စာပေရေစီးကြောင်း


ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ “ဖလုံလိုက်ထူလီ” ပေရေးကရင်စာပေသည် မည်သည့်ပုဂ္ဂိုလ်က မည်သည့်နှစ်တွင် စတင်တည်ထွင်ရေးသားခဲ့သည်ကို တိတိကျကျ မပြောဆိုနိုင်သော်ငြားလည်း ဗုဒ္ဓဘာသာ အယူဝါဒများကို ပြန့်ပွားစေရန် ရည်ရွယ်တည်ထွင်ပြီး ပေပေါ်တွင် စတင်ရေးသား အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။


ယနေ့ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ သြပွဲများတွင် သီဆိုသော “ထာခူးဖါဒူး” ခေါ် သီချင်းကြီး၊ ဇာတ်နိပါတ် သမိုင်းအကြောင်း၊ တေး၊ လင်္ကာ၊ ကဗျာများတွင် ဗုဒ္ဓဘာသာအယူဝါဒများနှင့် မွန်ပေါရာဏစကားများ ထည့်သွင်း သီကုံးထားသည်ကို ထောင့်ချင့်လျှင် အရှေ့ဘက်ဒေသနေ ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စာပေအရေးအသားများကို ၁၉ ရာစု မတိုင်မီ စောစောပိုင်းကပင်ရရှိနေပြီဟု ယူဆနီုင်ပေသေည်။

မည်သို့ပင်ဆိုစေ ဗုဒ္ဓဘာသာဝင် ပိုးကရင်တို့၏ အက္ခရာများဖြင့် နှစ်ပေါင်းများစွာက ရေးသားပြုစုခဲ့သော လောကီ လောကုတ္တရာ စာပေကျမ်းဂန်များသည် ဖားအံ၊ လှိုင်းဘွဲ၊ ကျုံဒိုး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနယ်များရှိ ဘုန်းတော်ကြီးကျောင်းတိုင်းတွင် အမြောက်အမြားရှိနေပေသည်။


၁၈၇၁ ခုနှစ် နောက်ပိုင်းတွင် မွန်မြန်မာ အက္ခရာ ပိုးကရင် အသံထွက် စာရေးနည်းဖြင့် ရေးသားကြသော ကျမ်းများနှင့် ကျမ်းပြုပုဂ္ဂိုလ် အတော်များများ ထွန်းပေါက်လာသည်ကိုတွေ့ရပေသည်။ ပိုးကရင်ဗုဒ္ဓဘာသာဝင်များ အနက် ထင်ရှားသော ပုဂ္ဂိုလ်များမှာ ဘုန်းတော်ကြီး ဦးစိန္တာက၀ိ၊ ဦးသုခ၊ နဲပညာ၊ နဲစန္ဒာဝရ၊ ဦးရွှေဝါ၊ ဦးနဲဒုမ်း၊ ဦးသီဟတေဇ၊ တပိုအိန်ဆင်၊ ဦးပရမနှင့် ဦဇာဂရတို့ဖြစ်ကြသည်။


ဆရာတော် နဲပညာမှာ ဆရာတော် ဦးစိန္တာက၀ိ၏ တပည့်ရင်းဖြစ်သည်။ ဦးစိန္တာက၀ိနှင့် တွဲဖက်ပြီး ၁၈၇၁ ခုနှစ်မှ ၁၉၂၈ခုနှစ် အထိ ကျမ်းပေါင်း ၁၆ ကျမ်းပြုစုခဲ့သည်။


ဆရာတော် ဦးစန္ဒာဝရသည် ၁၉၀၀ ပြည့်နှစ်မှ ၁၉၀၄ ခုနှစ်အတွင်း ကျမ်းပေါင်း ခုနှစ်ကျမ်းကို ပြုစုခဲ့သည်။


ဆရာတော် ဦးဇာဂရမှာ ကော့ဒန်ရွာ (တဝေါင်ကိုဒေါင်) ဇာတိဖြစ်သည်။ ကျမ်းပေါင်း ၄၀ ကျော်ပြုစုခဲ့သည်။

10:39 AM

တန်ဖိုး (၂)

စာရေးသူ Smilemay


တန်ဖိုး


ပန်းတွေအကုန်လုံးက

သဇင်ဘဲ ဖြစ်နေမယ်ဆိုရင်

အဲဒီပန်းက

မမွှေးတော့ဘူး --။


ပန်းတွေအကုန်းလုံးက

ပိတောက်ဘဲ ဖြစ်နေမယ်ဆိုရင်

အဲဒီပန်းက

မမွှေးတော့ဘူး --။


ပန်းတွေအကုန်လုံးက

စံပါယ်ဘဲ ဖြစ်နေမယ်ဆိုရင်

အဲဒီပန်းက

မမွှေးတော့ဘူး --။


လူတွေက သဇင်ကို

ဘ၀ကြောင့်

ပန်ချင်တယ် --။

လူတွေက ပိတောက်ကို

အလှကြောင့်

ပန်ဆင်တယ် --။

ကျနော်က စံပါယ်ကို

အနံ့ကြောင့်

ပိုင်ဆိုင်တယ် --။


ဒါပေမဲ့

ကျနော် သဇင်ကို

တန်ဖိုးထားသလို

ပိတောက်ကိုလည်း

မြတ်နိုးပါတယ် --။


(သာလှဦး)

10:34 AM

တန်ဖိုး (၁)

စာရေးသူ Smilemay


တန်ဖိုး


ပန်းပွင့်တိုင်းသာ၊ သဇင်ညှာဆို

ဘယ်မှာသဇင် မွှေးအံ့နည်း --။


ပန်းပွင့်တိုင်းသာ၊ ပိတောက်ဝါဆို

ဘယ်မှာပိတောက် မွှေးအံ့နည်း --။


ပန်းပွင့်တိုင်းသာ၊ စံပါယ်ပါဆို

ဘယ်မှာစံပါယ် မွှေးအံ့နည်း --။


သဇင်ဘ၀၊ ဂုဏ်ပုညကြောင့်

ပန်ကြဆင်ကြဦးထိပ်တင် --။


ပိတောက်အလှ၊ စိုရွှန်းပ၍

ယုယမြတ်နိုးချစ်ချစ်ခင် --။


(ကျွန်ုပ်မူကား)

စံပါယ်ဖြူဆွ၊ အညတရကို

မွေးကြူလွန်း၍ မြတ်နိုးကြင် --။


သို့ပါသော်ငြား

သဇင်ပိတောက်၊ ပွင့်ချိန်ရောက်က

ဝမ်းမြောက်ပီတိ ရင်ထဲရွှင် --။


(သာလှဦး)

3:11 PM

ကရင်စာပေ သမိုင်း

စာရေးသူ Smilemay

ကရင်စာပေ သမိုင်း

(ဖတ်ရတာ အဆင်ပြေအောင်လို့ အပိုင်း (၁) ကနေ နိဂုံးပိုင်း(၈) ထိ ပြန်ပေါင်းလိုက်ပါတယ်)

(မန်းလင်းမြတ်ကျော် ပြုစုသော ကရင်းရိုးရာ သုတပဒေသာစာအုပ်မှ)



ကရင်လူမျိုးတွေက လူ့သမိုင်းမှာ ဘာသာစကား အရေးအသားမရှိပဲ ရာစုများစွာ ဖြတ်ကျော်လာခဲ့ကြတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မိရိုးဖလာ တေးကဗျာ လင်္ကာများကို မြတ်နိုးထိန်းသိမ်း တတ်ကြပြီး မိမိတို့ ဘာသာယဉ်ကျေးမှုကို ရေးသားမှတ်သားနိုင်ခြင်းမရှိပဲ နှုတ်တိုက်အာဂုံဆောင်ဘ၀နဲ့ ရပ်သည်ခဲ့ကြသော်လည်း တိမ်မြှုပ်ပျောက်ကွယ်မသွားပဲ ဆက်လက်ရှင်သန်လျက်၇ှိခဲ့ပါတယ်။


ယေဘုယျအားဖြင့် ကရင်စာပေသမိုင်းကို အလွယ်တကူလေ့လားနိုင်ရန်အတွက် ၃ ပိုင်းခွဲခြားတင်ပြရမည်ဖြစ်သည်။ ပထမပိုင်းမှာ က၇င်စာကို အလင်္ကာဖြင့်ရေးသားကြသောကြောင့် လင်္ကာခေါ်လို ခေါ်ဆိုနိုင်ပါတယ်။ ဒုတိယခေတ်တွင် ကဗျာလင်္ကလာစပ်ဆိုတာနည်းပါပြီး စကားပြေအရေးအသားများလာသောခေတ်လို့ဆိုနိုင်ပါတယ်။ လက်နဲ့ ရေးသားခြင်းကနေ ပုံနှိပ်အဆင့်သို့ ရောက်ရှိသွားတော ကာလလို့လဲဆိုနိုင်ပါတယ်။ တတိယခေတ်မှာ တခုတည်းသောကရင်စာပေဖြစ်ပေါ်လာရေး အားထုတ်မှုကြိုးပမ်းမှုများနှင့် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးမှုအတွက် စာပေအစွမ်းသတ္တိများကို အသုံးပြုရန် ဦးတည်ချက်နဲ့ စာပေလှုပ်ရှားမှုတစ်ရပ်ဖြစ်ပေါ်လာခြင်းနဲ့ ရိုး၇ာယဉ်ကျေးမှုတစ်ရပ် ပြန်လည်ဖေါ်ထုတ်လာခြင်းတို့ကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် တတိယခေတ်ကို ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းလို့ ခေါ်နိုင်ပါတယ်။

ကရင်လူမျိုးတွေ ၁၉ ရာစုထက်စောသောအချိန်ကပင် စာပေကို တတ်မြောက်နေပြီလို့ ပြောနိုင်ကြသော်လည်း 1932 ခုနှစ်တွင် မြန်မာ အက္ခရာကို မှီးပြီး ရေးသားသော ကရင်စာရေးနည်း ပညာတရပ် ရှိနေသည်ဟု တိတ်ကျကျ ခိုင်ခိုင်လုံလုံပြောဆိုနိုင်ပေသည်။ ကရင်စာပေးနည်းပညာ အသီးသီးကိုတီထွင်ပြုစုပေးကြသော ကျမ်းပြုပုဂ္ဂိုလ်အားလုံးလိုလိုပင် သာသနာ ၀န်ထမ်းများဖြစ်ကြပြီး မိမိတို့ယုံကြည်ကိုးကွယ်သော အယူဝါး ကိုဖြန့်ချီရန် ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့ခြင်းဖြစ်ရာ ဘာသာရေးကို အလေးပေးရေးသားထားသော စာပေးများသာဖြစ်ကြသည်။

ယနေ့ ကရင်လူမျိုးတို့သည် စာရေးနည်းစနစ် ကိုးမျိုးထက်ရှိလိမ့်မည်ဟုပြောဆိုနိုင်ပါတယ်။ ၄င်းတို့အနက် မွန်မြန်မာ အက္ခရာကိုမှီးပြီး တီထွင်ထားသော စာရေးနည်း ငါမျိုးနှင့် ရောမအက္ခထည့်သွင်းထားသော စာရေးနည်းနှင့် ဒူးဂဏန်း စာရေးနည်းအပါအ၀င် လေမျိုးကို အောက်ပါအတိုင်းခွဲခြာဖေါ်ပြနိုင်ပါတယ်။


၁။ မွန်အက္ခရာကို အခြေခံတဲ့ ဗုဒ္ဓဘာသာ ပိုးကရင်တို့၏စာပေ။

၂။ မြန်မာအက္ခရာကိုအခြေခံတဲ့ ခရစ်ယာန်ဘာသာ ပိုးကရင်စာပေ။

၃။ မြန်မာအက္ခရာကိုအခြေခံတဲ့ ခရစ်ယာန်ဘာသာ စကောကရင်စာပေ။

၎။ ဦးနန္ဒမာလာ “ဖူတာမိုက်” ပြုစုသော ဗုဒ္ဓဘာသာ ပိုးကရင်စာပေ။

၅။ မြိုင်သာယာဆရာတော်ပြုစုတဲ့ ဗုဒ္ဓဘာသာ စကောကရင်စာပေ။

၆။ ဗရင်ဂျီ(ရိုမန်ကက်သလစ်) ဘာသာဝင ဖါပွန်နယ် စကောကရင်စာပေ။

၇။ ဗရင်ဂျီ(ရိုမန်ကက်သလစ်) ဘာသာဝင်သံတောင်မြောက်ပိုင်း စကောကရင်စာပေ။

၈။ ဦးဘထွန်းတင် စီစဉ်ပြုစုထားတဲ့ စကောကရင်စာပေ။

၉။ ဒူးဂဏန်းဖြင့်ရေးသားထားတဲ့ လဲကယ်ဘာသာဝင် ပိုးကရင် “လိုက်ဆောင်ဝေ့” ကြက်ယက်စာပေ။

တို့ဖြစ်ပါတယ်။

အထက်က ဖေါ်ပြခဲ့တဲ့ စာပေကိုးမျိုးအနက်မှ ယနေ့ခေတ် အများစုက အသုံးပြုနေကြတဲ့စာပေ (သို့) ဆိုရှယ်လစ်စနစ်အောက်မှာ အကျယ်တ၀င့် အသုံးပြုခဲ့ကြတဲ့ စာပေးသုံးမျိုးတွေကတော့ -

(၁) မွန် အက္ခရာကို အခြေခံသည့် ဗုဒ္ဓဘာသာ ပိုးကရင်စာပေ။

(၂)မြန်မာ အက္ခရာ အခြေခံသည့် ခရစ်ယာန်ဘာသာ စကောကရင်စာပေ။

(၃) မြန်မာ အက္ခရာ အခြေခံသည့် ခရစ်ယာန်ဘာသာ ပိုးကရင်စာပေ တွေပဲ ဖြစ်ကြပါတယ်။



ဗုဒ္ဓဘာသာ ပိုးကရင်စာပေ


ကရင်ဘာသာဖြင့် “ဖလုံလိုက်ထူလီ” ဟုခေါ်သော ပေရေး ကရင်စာပေတမျိုးဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖတ်ရှုခဲ့ကြောင်းအဆိုရှိပါတယ်။ အချိန်ဘယ်လောက်စောခဲ့ကြောင်း ခိုင်လုံသော အထောက်အထား သက်သေ မထူနိုင်လို့ တိတိကျကျ မပြောနိုင်ပါဘူးသလို ဘယ်ကာလတုန်းက ဘယ်သူတီထွင်ခဲ့တယ်ဆိုတဲ့ မေးခွန်းကိုလည်း အခုထက်ထိတိုင် မဖြေနိုင်သေးပါဘူး။

စာရေးနည်းပညာကတော့ မွန်စာကိုမှီငြမ်းပြီး ရေးသားထားတယ်လို့ပဲ လွယ်ကူစွာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

“ဖလုံလိုက်ထူလီ” ဟုခေါ်တဲ့ ကရင်စာပေကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် နှစ်ပရိစ္ဆေဒအားဖြင့် မကြားဘူးလို့ ဆုံးဖြစ်မယ်ဆိုရင် မှားပေးလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရှေးနှစ်ပေါင်းများစွာက ရေးသားထားတဲ့ ရေးသားဟန်များကိုတွေ့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ပိုးကရင်ဘာသာဖြင့် စပ်ဆိုထားတဲ့ ရှေးအဆက်ဆက်က ကရင်လူကြီးသူမများ သီဆိုလာကြတဲ့ အလင်္ကာ အထောက်အထား တရပ်ကိုလည်း တွေ့ရပါတယ်။


“ဒုံသုဝဏ္ဏဂါဂွန်တာ့၊ ဒုံဖူးဒုံလီဘားစိုင်းဂါ၊ မောင်ဒုံးဒေါ်တလာအမတ်၊ လွန့်ကွန်ဖလုံလိုက်ပီဒကတ်၊ ယွန့်ဝဲဒေါ်ဂါဂွန်ပလော်ဘား၊ ဒေးထီဒေးဖလဲ ဒေးဖူးမာ့၊ လီထောင်းဂါ အောဒုံထောင်ဝ ၊ လီထောင်းယိုချန် လိုက်ရောက်လား၊ ရှာလီးချီဟခွာထမား၊ ယိုနီးဖုနီး ခူးသွေ့ယွာ၊ ကြိုင်းဂါနီးဖလုံလိုက်မုလား၊ အားချိုအားချောင့်မိန်လားကလာ၊ ထတောက် အားထော် အားရှောင်းနာ၊ ဒုံထောင်ဝဖန် ထွန်ထောင်းဘာ၊ ဖတွန်ဒုံထောင် အောထိုင်သာ၊ မာလူးပေါလူးအား ချိုရှား၊ လလော်ထောက်နောင်း ချိုနောင်ထား”


အဓိပ္ပာယ်ကတော့ -

သုဝဏ္ဏ သထုံမြို့တော် ပျက်ပြီး မြို့သူမြို့သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ မောင်ဒုံး “မွန်ဒိင်” အမည်ရှိတဲ့ ကရင်အမတ်ကြီးတစ်ဦးက ကရင်ဘာသာဖြင့်ရေးသာပြန်ဆိုထားပြီးဖြစ်တဲ့ ပိဋကတ်ကျမ်းများကို နှမြောပြီး ပျောက်ပျက်သွားမှာ ဆိုးတဲ့အတွက် ထောင်ဝမြို့ (ယိုးဒယားပြည်နယ်စပ်) သို့တိမ်းရှောင် အခြေခြခဲ့ကြပါတယ်။ သားမယားများနှင့်အတူ တပည့်လက်သား အယောက်လေးဆယ်တို့က ကရင်စာပေထုပ်များကို ချွေးတလုံးလုံးဖြင့် တောင်အဆင့်ဆင့် တောင် အထပ်ထပ်ဖြတ်ကျော်ပြီ ထမ်းပိုးသွားကြပါတယ်။ ထိုကရင်စာပေများဖြင့် ကရင်များအား သင်အံ ဖတ်ရှုလာခဲ့ကြသည်မှာ ပြောမကုန်နိုင်အောင် ခေတ်အဆက်ဆက်ပင်ဖြစ်ပါတယ်။


အထက်ပါ ကဗျာ အလင်္ကာရဲ့ အဓိပ္ပါယ် ဖော်ပြချက်ကို ကြည့်ချင်းဖြင့် “ဖလုံလိုက်ထူလီ” ဟုခေါ်တဲ့ ပေရေး ကရင်စာပေကို သုဝဏ္ဏဘူမိ သထုံပြည်ကို အုပ်ချုပ်ခဲ့တဲ့ “မနူဟာမင်း” လက်ထက်ကပင် မွန် အမျိုးသား စာပေနှင့် ခေတ်ပြိုင်ရေးသားနေပြီးဖြစ်ကြောင်း ငြင်းဆိုဖွယ်ရာမရှိချေ။ သထုံပျက်စီးသည့်နှစ် (၀ါ) ပုဂံပြည့်ရှင့် အနော်ရထားမင်းကြီး တိုက်ခိုက်သိမ်းပိုက်သည့် နှစ်မှာ ၄၁၉ (အေဒီ ၁၀၅၇) ပြည့်နှစ်ဖြစ်သည်။ အဆိုပါ အချိန် ကာလကို ထောက်ရှုခြင်းအားဖြင့် “ဖလုံလိုက်ထူလီ”ခေါ် ပေရေးကရင်စာပေမှာ နှစ်ပေါင်းကိုးရာ အထက်ကပင် ကျယ်ဝန်းစွာ ရေးသားခဲ့ကြောင်း တွေ့ရှိရပေသည်။

တဖန် အနီးကပ်ဆုံး အထောက်အထား အနေဖြင့် မြန်မာ သက္ကရာဇ် ၁၁၁၁ ခု၊ (အေဒီ ၁၇၅၀) ပြည့်နှစ်တွင် ဒုတိယ အင်းဝခေတ် ကုန်ဆုံးခါနီး အချိန်နှင့် တိုက်ဆိုင်သောကာလတွင် ပေါ်ထွက်လာသည့် “ဖုတာမိုက်” ခေါ် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးနန္ဒမာလ ဘွဲ့ခံ ပုဂ္ဂိုလ်ကြီး၏ စာပေကို အထောက်အထား ပြောဆို တတ်ကြပြန်သည်။ သို့သော် ဆက်လက်ရှာဖွေလေ့လာသောအခါ “ဖူတာမိုက်” ထက် အရင် နှစ်ပေါင်းသုံးရာကျော် လေးရာလောက်က “ဖုရောင်တာပိုင်” စသော ပုဂ္ဂိုလ်များ ရေးသားသည့် နန်ဂျကုမ္မာ (စော်ထမူလာ) စသော ပုံပြင်များကို တဖန်တွေ့ရှိရပြန်ပါသည်။ ထိုစာပေသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်“ဖူတာမိုက်” ခေတ်တွင် ရေးသားခြင်းမဟုတ်ပဲ ထိုထက် ရှေးကျသည့် ခေတ်ကာလကပင် ရေးနှင့်ပြီး ဖြစ်ကြောင်း သိရှိရပြန်ပါသည်။

အထက်ဖော်ပြပါ တိုင်းရင်းသားများ၏ အဆိုနှင့်ဆန့်ကျင်ပြီး မာရှယ် (Marshall) က မြန်မာနိုင်ငံ၏ ကရင်လူမျိုးများ ( The Karen People of Burma) စာအုပ်နှင့် မြန်မာနိုင်ငံ၏ ကရင်များ (The Karens Of Burma) စာအုပ်များတွင်လည်းကောင်း၊ စမီတန် (Smeaton) က မြန်မာနိုင်ငံ သစ္စာရှိ ကရင်များ (The Loyal Karens of Burma) စာအုပ်တွင်လည်းကောင်း၊ မက္ကမဟောင်း (McMahon) က ရွှေကျွန်းဆွယ်ကရင်များ (Karens of the Golden Chersones) စာအုပ်တွင်လည်းကောင်း ကရင်လူမျိုးတို့တွင် ၁၈၃၂ခုနှစ်၊ ဒေါက်တာ ဂျိုနာသန်ဝိတ် (Dr. Jonathan Wade) စကော ကရင် အက္ခရာများကို မတည်ထွင်မီ စာရေးနည်း ပညာမရှိခဲ့ကြောင်း အသီးသီး ရေးသားတင်ပြခဲ့ကြပေသည်။


ကရင်လူမျိုးတို့သည် ၁၈၃၂ ခုနှစ် မတိုင်မီက စာရေးနည်း ပညာကို မတတ်မြောက်ကြသေးဟူသော အနောက်တိုင်းသားတို့၏ အဆိုကို မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား၊ ကရင်လူမျိုးများ ပျံ့နှံ့နေထိုင်ရာ အရပ်ဒေသ၊ မြန်မာနိုင်ငံတွင်းသို့ လူမျိုးများရောက်ရှိလာပုံ သမိုင်း၊ မွန် မြန်မာ အက္ခရာသမိုင်း၊ စာပေသမိုင်း၊ ဗုဒ္ဓဘာသာ အယူဝါဒများရောက်ရှိလာပုံသမိုင်း၊ ကရင်လူမျိုးတို့နှင့် မွန်လူမျိုးတို့၏ ဘာသာစကားများ၊ စာပေများ၊ ယဉ်ကျေးမှုနှင့် ရိုးရာထုံးတမ်းဓလေ့များ၊ တေး ကဗျာ လင်္ကာများ၊ ပုံပြင်၊ ဒဏ္ဍာရီများနှင့် နှိုင်းယှန်ချိန်ဆပြီး ယထာဘူတ ကျကျ ဆင်ခြင်တွေးတော ကြည့်သည့်အခါ ယင်းတို့၏ အဆိုသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကို နှံ့နှံ့စပ်စပ် ရှာဖွေလေ့လာ တင်ပြခြင်း မဟုတ်ပဲ အလျင်စလို တင်ပြသော အဆို၊ သက္ကယ၀ါသမကင်းသော အဆိုဟူသာ ဆင်ခြင်မိပြီး ကရင်လူမျိုးတို့တွင် ၁၈၃၂ ခုနှစ်ထက်စောပြီး စာရေးနည်းပညာ တခုခု ရှိနှင့်နေကြောင်းဖော်ပြအပ်ပါသည်။


ခရစ်ယာန်ဘာသာ စကောကရင်စာပေ

၁၈၃၂ ခုနှစ်တွင် အမေရိကန်ခရစ်ယာန်နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ် (Dr. Jonathan Wade) သည် ခရစ်ယာန်ဘာသာ ပြန့်ပွားရေးကို ရည်ရည်ပြီး စကောကရင် ဘာသာစကားဖြင့် ခရစ်ယာန် ကျမ်းစားများကို ရေးသား ဖြန့်ချီနိုင်ရန် မြန်မာ အက္ခရာကို မှီးပြီး စကောကရင် စာရေးနည်းတရပ်ကို တည်ထွင်ခဲ့ပေးသည်။ ဒေါက်တာ ဂျိုနာသန်ဝိတ်သည် ထိုအချိန်ကပင် ရောမ အက္ခရာကို အသုံးပြုလိုသော်ငြားလည်း က၇င်စာဖတ်ပရိတ်သတ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းထွက်များ ဖြစ်ကြသဖြင့် ယင်းတို့နှင့် နီးစပ်သည့် မြန်မာ အက္ခကိုပင် တည်ထွင်လိုက်ခြင်းဖြစ်သည်။ ဒေါက်တာ မေဆင် (Dr. Mason)သည် ဒေါက်တာ ၀ိတ် တီထွင်သော စကောကရင်စာဖြင့် သမ္မာကျမ်းစာကို ပြန်ဆိုရေးသားခဲ့ပါသည်။


ခရစ်ယာန်ဘာသာပိုးကရင်စာပေ


ခရစ်ယန်ပိုးကရင်စာပေကို ဒေါက်တာ ဂျိုနာသန်ဝိန် ကပင် စတင်တည်ထွင်ခဲ့သည်။ သို့သော် ခေါမ၊ ရောမနှင့် အမျိုးအမည်မကွဲပြားသော အက္ခရာများ ပါနေသဖြင့် ရေးဖတ်ရာတွင် မလွယ်ကူခြင်း၊ အများက မနှစ်ခြိုက်ခြင်းကြောင့် ၁၈၅၂ ခုနှစ်တွင် ဒေါက်တာ အယ်လ်ဘရေတန် (Dr. L. Brayton) က မြန်မာ ဗျည်းအက္ခရာများပေါ်တွင် လုံးဝမှီြး့ပီး ပြန်လည်တည်ထွင် ပြုစုပါမှ ရေးဖတ်မှတ်ရာတွင် ပိုမိုလွယ်ကူမူရှိသည်ဖြစ်ရာ ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်သမ္မာကျမ်းစာ တအုပ်လုံးကို ထိုစာဖြင့်ပင် ဘာသာပြန်ဆိုရေးသားခဲ့လေသည်။

ခရစ်ယာန်ဘာသာပိုးကရင်စာပေ
ခရစ်ယန်ပိုးကရင်စာပေကို ဒေါက်တာ ဂျိုနာသန်ဝိန် ကပင် စတင်တည်ထွင်ခဲ့သည်။ သို့သော် ခေါမ၊ ရောမနှင့် အမျိုးအမည်မကွဲပြားသော အက္ခရာများ ပါနေသဖြင့် ရေးဖတ်ရာတွင် မလွယ်ကူခြင်း၊ အများက မနှစ်ခြိုက်ခြင်းကြောင့် ၁၈၅၂ ခုနှစ်တွင် ဒေါက်တာ အယ်လ်ဘရေတန် (Dr. L. Brayton) က မြန်မာ ဗျည်းအက္ခရာများပေါ်တွင် လုံးဝမှီြး့ပီး ပြန်လည်တည်ထွင် ပြုစုပါမှ ရေးဖတ်မှတ်ရာတွင် ပိုမိုလွယ်ကူမူရှိသည်ဖြစ်ရာ ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်သမ္မာကျမ်းစာ တအုပ်လုံးကို ထိုစာဖြင့်ပင် ဘာသာပြန်ဆိုရေးသားခဲ့လေသည်။

11:46 AM

တောင်းပန်ခြင်း

စာရေးသူ Smilemay

အင်္ဂါနေ့ကနေ စနေနေ့ထိ စာမေးပွဲရှိတဲ့အတွက် ကရင်စာပေသမိုင်းကို စာမေးပွဲပြီးမှ ပဲ ဆက်တင်ပေးတော့မယ်နော်။ အလည်လာသူများအားလုံးကို ကျေးဇူးတင်ပါတယ်။