1:48 PM

ရယ်စရာတိုထွာ (၃၆)

စာရေးသူ Smilemay

စမိုင်းမေ သူငယ်ချင်း ပို့ပေးထားတာပါ

မေး - သမီးကွန်ပျူတာကအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ် .. ကူညီပါဦး။
ဖြေ - အရင်ဆုံး ဟတ်ဒစ်(စ်) ဖြုတ်ထားလိုက်ပါ
ဒါမှလေးနေသေးရင်ပါဝါစပ်ပလိုင်းပါဖြုတ်ထား .. အရမ်း အရမ်းပေါ့သွားမယ် ။

မေး - ကျွန်တော်တို့ဘက်က မီးမမှန်ဖူး .. ups ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်မြန်မြန်ပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ
ဖြေ - ups နဲ့ computer သွယ်ထားတဲ့ပလပ်ကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ .. ချက်ချင်းပိတ်တွားစေရမယ် ။

မေး - ခဏ ခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပုံလေး တစိတ်လောက် ။
ဖြေ - ဆိုင်ပို့လိုက်ပါ ။

မေး - ကျွန်တော့် window ကအဖွင့် အပိတ်ကြာနေတယ် ။ ဘယ်လိုလုပ်ရမလဲ ။ window မှာ error ရှိလို့လား ။
ဖြေ - ဟုတ်ပါတယ် window ကို အဖွင့်အပိတ်ချောင်အောင် ပတ္တာမှာ ဆီနဲနဲထိုးပေးပါ ။


မေး - Internet သုံးဖို့ ပထမဆုံး ဘာလိုအပ်ပါသလဲရှင့်။
ဖြေ - ပိုက်ဆံလိုတာပေါ့ .. ဟုတ်ဖူးလား ။

မေး - သမီးပို့လိုက်တဲ့အီးမေး ဟိုဘက်ကိုရောက်မရောက် ဘယ်လိုသိနိုင်မာလဲ ။
ဖြေ - ဖုန်းဆက်ပြီးမေးကြည့်ပါ ။

မေး - ကျွန်တော် ပရိုဂရမ်မာ သိပ်ဖြစ်ချင်ပါတယ် ။ ဘာစလုပ်ရမာလဲ ။
ဖြေ - သင်တန်းအရင်တတ်ပေါ့ ။

မေး - ကွန်ပျူတာထဲ virus ၀င်ရင် ဖြေရှင်းပုံလေး အသေးစိတ်ပြောနိုင်မလား ။
ဖြေ - ရပါတယ် ။
၁ ။ system ပုံးကို အရင်ဖွင့်ပါ ။
၂ ။ ဟတ်ဒစ် ၊ မားသားဘုတ် ၊ ရှိသမျှ ကတ်အကုန်ဖြုတ်ပါ ။
၃ ။ ပြီးရင် ဆပ်ပြာမှုန့်များများနဲ့ဖျော်ထားတဲ့ ဇလုံထဲထည့်ပြီး Decogen နဲ့ တစ်ညစိမ်ပါ ။
၎ ။ နောက်နေ့ကျပြန်ဆေးကြောပြီး နေပူပူမှာလှမ်းပါ ။
၅ ။ ခြောက်သွေ့ သွားသော ပစ္စည်းများနေရာတကျ ပြန်တတ်ပါ ။
၆ ။ စက်ကိုပြန်ဖွင့်သောအခါ virus မရှိတော့ကြောင်း ပျော်ရွှင်ဖွယ်တွေ့ရလိမ့်မည် ။
၇ ။ နောက်ပိုင်းသုံးတိုင် System ပုံးကို နေပူထဲထားကာအသုံးပြုပါ ။



1:15 PM

Finger လက်ချောင်း (YUBI)

စာရေးသူ Smilemay

Japanese Story

Hoshi Shin Ichi ၏

Darekasan No AKUMU မှ YUBI

Translation Into Myanmar by Khin Thu Za Kyaw

English Version

Ba Moe

Finger


One night a man had come out for a walk. Suddenly three or four strong men appeared out of the darkness, seized and took him away. When the cloth that had been blindfolding him was taken off, he found himself in an underground cellar. The men were armed with swords and guns. The captured man said to them:

“You’ve taken the wrong man. I haven’t committed a crime; I’m only an ordinary person.”

That the way he told them had not been a joke was evidenced in their manners. The man thought: Are these men in their right senses? If I struggle and try to escape out of their hands, it might just be working up their anger. I don’t want to die ye and want to go home well. Oh, if they get angry and kill me. . . .”

“We want you to do something-nothing difficult. As soon as you finish doing that well we’ll let you go.”

One of them said.


He nodded.


“All right all right . . . what can I do for you? I’ll do whatever you want me to.”

He had but to give a reply like that, if any other man got into a situation likes this; that man will have nothing but to do the same. When he got home and told his family and friends about this experience, they would, everyone would pity and sympathies with him.

“Right . . . here, press this button.”

With a smile, the man pressed the button on the wall. That was all only one thing that he did for them.

As they had promised, they let him go home.

Left to themselves, the men sat talking.

“Ha! Good grief! We have not had enough courage to press that button; our fingers have been shaking so that button will start up the missile that will fire the third world war without any provocation or prior intimation. I am saying the truth, am I not, chief of our military group?



လက်ချောင်း (YUBI)


တစ်ခုသော ညတစ်ညတွင် ယောက်ျားတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ ထိုစဉ် ရုတ်တရက် အမှောင်ထဲမှ သန်မာထွားကြိုင်းလှသော လူသုံးလေးယောက်ထွက်လာပြီး သူ့အား နေရာတစ်ခုဆီသို့ ဖမ်းချုပ်ခေါ်ဆောင်သွားခြင်း ခံလိုက်ရတော့သည်။ မျက်လုံးကို စည်းထားသော အ၀တ်ကို အဖြည်ခံလိုက်ရလျှင် သူရောက်နေသော နေရာမှာ မြေအောက်ခန်း တစ်ခုဖြစ်နေသည်။ ထိုလူများသည် လက်တွင် ဓါးများ၊ သေနတ်များ ကိုယ်စီကိုင်ဆောင်ထားကြသည်။ ထိုယောက်ျားက ပြောလိုက်သည်။


“ခင်ဗျားတို့ လူမှားနေပြီနဲ့တူတယ်။ ကျွန်တော်ဟာ ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘူးတဲ့ သာမန် အရပ်သား လူတစ်ယာက်ပါခင်ဗျာ။”

ထိုသို့ပြောလိုက်ရသော်လည်း နောက်ပြောင်နေတာမျိုး၊ လူမှားပြီးခေါ်လာမိတဲ့ပုံစံမျိုး မဟုတ်ဆိုသည်ကို သူတို့၏ အမူအယာများက သက်သေပြနေသည်။ ထိုယောက်ျားက စဉ်းစားသည်။ ဒီလူတွေ စိတ်မှကောင်းသေးရဲ့လား။ “ ဒီလိုကိစ္စ မျိုးဟာ အတင်းခုခံ ထွက်ပြေးရင် သူတို့စိတ်ကို ဆွပေးလိုက်သလို ဖြစ်လိမ့်မယ်။ ငါမသေချင်သေးဘူး။ ဘာမှ မဖြစ်ဘဲ ကောင်းကောင်းမွန်မွန်နဲ့ အိမ်ပြန်ချင်တယ်။ သူတို့ စိတ်တိုပြီး ငါ့ကို သစ်ပစ်လိုက်ရင် ဒုက္ခ”

“မင်းကို လုပ်ခိုင်းစရာရှိလို့၊ ဘာမှ မခက်ဘူး။ ပြီးတာနဲ့ မင်းကို လွှတ်ပေးမယ်” ထိုလူများထဲမှ တစ်ယောက်က ပြောသည်။


သူခေါင်းညိတ်လိုက်သည်။


“ရပါတယ်ဗျာ. . . ရပါတယ် . . . ခင်ဗျားတို့အတွက် ဘာပဲ လုပ်ပေးရ လုပ်ပေးရ” ထိုကဲ့သို့ အဖြေပေးရုံပဲရှိတော့သည်။ ဒီလိုအခြေအနေမျိုးနှင့် ကြုံလာလျှင် သူတင်မဟုတ်၊ တခြားသူဆိုလျှင်လည်း ထိုသို့ပင် ဖြစ်ပေလိမ့်မည်။ သူ ကြုံခဲ့ရသည့် အတွေ့အကြုံများကို အိမ်ရောက်လို့ မိတ်ဆွေများ မိသားစုများကို ပြောပြလျှင် လူတိုင်း သူ့ကို စာနာသနားစိတ် ၀င်ပေလိမ့်မည်။


“ကဲ ဒါဆိုရင် အဲ့ဒီခလုတ်ကို နှိပ်လိုက်”


ယောက်ျားသည် မျက်နှာချိုစွာနှင့် ထိုသူများ ညွှန်ပြသော နံရံပေါ်ရှိခလုတ်ကို နှိပ်လိုက်သည်။ သူလုပ်ပေးလိုက်ရသည်မှာ ထိုတစ်ခုထဲပင်ဖြစ်သည်။ ကတိအတိုင်း သူအိမ်ကို ပြန်ခွင့် ရခဲ့တော့သည်။ ကျန်ရစ်ခဲ့သော ထိုသူများသည် စကားထိုင်ပြောနေကြသည်။


“ဟား . . . တော်ပါသေးရဲ့။ တတိယ ကမ္ဘာစစ်ကြီးဖြစ်အောင် မီးမွှေးပေးမယ့် ကြိုတင် ကြေညာအသိပေးခြင်းမရှိဘဲ ရုတ်တရက်ရန်စပြီး စပစ်ရတဲ့ ဒီဒုံးပျံခလုတ်ကို အကြောင်းသိနေပြီးဖြစ်တဲ့ ကျွန်တော်တို့ အတွက်တော့ ကြောက်လွန်းလို့ လက်ချောင်းတွေ တုန်ပြီး ဘယ်လိုမှ အဲ့ဒီခလုတ်ကို နှိပ်ဖို့ မရဲခဲ့ကြဘူး။ ဟုတ်တယ်မဟုတ်လား စစ်သေနာပတိကြီး။”


(ဒီပုံပြင်လေးကို ကြိုက်လွန်းလို့ စာအုပ်ဟောင်းတွေထည့်တဲ့ အိတ်ထဲက ပြန်ရှာပြီး တင်ပေးထားတာပါ အင်တာနေရှင်နယ် ဘာသာပြန်မဂ္ဂဇင်း နိုင်ဝင်ဘာလ ၂၀၀၀ ခုထုတ်ပါ)



“တာကပေါ်” ခေါ် အလင်းရောင်မဂ္ဂဇင်း၊ “လယ်ဆူးညာ” ခေါ် ရှေ့သို့ မဂ္ဂဇင်း၊ “ဆာတူဝေါ” ခေါ် မိုးသောက်ကြယ် လစဉ်မဂ္ဂဇင် ၊ “ဖိုးသာအဘို” ခေါ် ကလေးသူငယ်များ၏ မိတ်ဆွေ လစဉ်မဂ္ဂဇင်း၊ “ပဟီပဃော” အိမ်ထောင်ရေး (The Home) သုံးလပတ် မဂ္ဂဇင်း၊ “ပွါ့ကွာသိုး” ခေါ် သိုးထိန်း မဂ္ဂဇင်း (The Shepherd) ၊ “ခရဲင်းမဂ္ဂဇင်း” ခေါ် ကရင်မဂ္ဂဇင်း၊ “ဆာတူဟား” မဂ္ဂဇင်း၊ “ဒေါကလုထော့မဲပါ”၊ “ဖဲယားဖလေး”၊ ”ပွါခေါ့တာဖိုး”၊ “ကလဲ့စက်”၊ “တာကပေါ်” ခေါ် လင်းရောင်ခြည် မဂ္ဂဇင်းနှင့် “ဆပ္ပရန်” စတည်တို့ ဖြစ်ကြပါသည်။


အထက်ဖေါ်ပြခဲ့သော ကရင်စာပေရေစီးကြောင်း တလျှောက်လုံးကို ပြန်လည် ဆန်းစစ်မည်ဆိုလျှင် ဒုတိယခေတ် ကရင်စာပေ၏ အောက်တွင် ထွန်းကားလာသော စာပေမှာ ဘာသာရေးအယူဝါဒကြောင့် စာပေထွန်းကားလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၁၉၆၂ ခုနှစ်၊ မတ်လနောက်ပိုင်းမှ စပြီး ကရင်စာပေ တတိယ ခေတ်ကာလဟု ခေါ်ဆိုရပေမည်။ ထိုအချိန်မှစပြီး ခေတ်ပြောင်းကောင်စီသည် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား အသီးသီးတို့၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုလုပ်ငန်းများကို ဖော်ထုတ်ရန်အတွက် အထူးဦးစားပေး ဆောင်ရွက်ခဲ့ပေသည်။


ကရင်စာပေ၏ တတိယခေတ်တွင် လူတိုင်း စာပေတတ်မြောက်ရေး၊ စာပေ အစွမ်းသတ္တိဖြင့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အသုံးပြုရန်နှင့် စာပေ ညီညွတ်ရး တည်ဆောက်ရန် ကြိုးပမ်းလာကြသည်။ ထိုခေတ်ကို ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းဟု ခေါ်ဆိုရမည် ဖြစ်ပေသည်။ တတိယခေတ် ကရင်စာပေ လောကတွင် ကရင်ရိုးရာယဉ်ကျေးမှု အပေါ် အခြေခံသော သတင်းစား၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွက်လာပြီး ကရင်လူမျိုး စာရေးဆရာများနှင့် ဆောင်းပါးရှင် အများအပြား ပေါ်ထွန်းနေပြီ ဖြစ်သည်။


မန်းလင်းမြတ်ကျော် ၏ ကရင်ရိုးရာ သုတပဒေသာ စာအုပ်မှ ကူးယူဖေါ်ပြသည်။

2:58 PM

Spring Dawn (နွေဦးလင်းအာရုဏ်)

စာရေးသူ Smilemay

Spring Dawn


Oversleeping in spring I missed the dawn;

Now everywhere the cries of birds are heard.

Tumult of wind and rain had filled the night.

How many blossoms fell during the storm?


Meng Hao-ran (689-740)

Tand Dynasty.


နွေဦးလင်းအာရုဏ်


နွေဦးမှာ

ကျွန်တော်ဟာ. . . ၊

အိပ်မောကျလွန်သဖြင့်

လင်းအာရုဏ်နဲ့လွှဲခဲ့။


ခုလေ . . .၊

နေရာတိုင်း။

ငှက်တို့ရဲ့ ငိုသံများ

ကြားနေရ။


လေနှင့်မိုးတို့သည်းထန်

ဆူညံသွန်းဖြည့် . . . ၊

တစ်ညဉ့်လုံးပြည့်ခဲ့ပြီ။

မုန်တိုင်းထဲမှာ . . . ပန်းတွေ

ဘယ်လောက်များ ကြွေရှာကြ။


Tang ခေတ် တရုတ်စာဆို Meng Hao-ran ၏ ကဗျာကို ချိုမြနွယ် ဘာသာပြန်ဆိုပါသည်

အမေရိကန် ကျမ်းပြု ဆရာများ၏ နောက်ပိုင်းတွင် ကရင် လူမျိုးစာရေးဆရာများပေါ်ထွက်လာခဲ့သည်။ ကရင်သမိုင်းကို ရေးသားပြုစုသူ ဆရာကြီး ဦးအောင်လှ၊ ကရင်ဖားစည်ကို ရေးသားပြုစုသူ ဆရာဘူးမူးခေါ် ဖူးတောအူး၊ ကရင်နှစ်သစ်ကူပွဲတော် အကြောင်း ရေးသားသူ ဆရာကြီး ဦးလွန်းရွှေ၊ ကရင် လူမျိုးတို့၏ ရိုးရာဓလေ့များအကြောင်းကို ရေးသားသူ ဒေါက်တာ တီသံပြာ၊ ကျောင်းသုံး စာအုပ်အမျိုးမျိုးကို ရေးသားသူ ဆရာကြီး ဖိုးလင်းတေးနှင့် ဆရာကြီး ဦးမိုးလို၊ စောတောက်၊ ဦးဘထွန်းတင် စသော ပုဂ္ဂိုလ်များ၊ ဆရာသာနေအေး၊ ဆရာအာရ်မောင်ချစ်၊ ထိုလွီထူး၊ ဆရာသာထို စသော ပုဂ္ဂိုလ်များသည် ထင်ရှားသော ကရင် စာရေးဆရာများဖြစ်ကြသည်။


ထို့ပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများလည်း ပေါ်ထွက်လာပြီး ကရင်လူမျိုး အယ်ဒီတာနှင့် ဆောင်းပါးရှင်များ အများအပြားလည်း ပေါ်ထွန်းလာခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် ထားဝယ်မြို့တွင် ပထမဦးဆုံး ကရင်စာပုံနှိပ်တိုက် စတင်တည်ထောင်ခဲ့သည်။ “ဆာတူဝေါ”ခေါ် မိုးသောက်ကြယ် (The Morning Star) အမည်ဖြင့် ကရင်လစဉ် မဂ္ဂဇင်းကို ၁၈၄၂ ခုနှစ်တွင် ထာဝယ်မြို့မှာပင် စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤမဂ္ဂဇင်းသည် အာရှရှိ ရှေးအကျဆုံး မဂ္ဂဇင်းများစာရင်းတွင် တခုအပါအ၀င်ဖြစ်သည့်ပြင် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ထုတ်ဝေသော မဂ္ဂဇင်းလည်းဖြစ်သည်။ “ဆာတူဝေါ”မဂ္ဂဇင်း၏ အယ်ဒီတာမှာ ဒေါက်တာ မေဆင်ဖြစ်သည်။ ထားဝယ်မှသည် မော်လမြိုင်မြို့သို့ ၁၈၄၇ ခုနှစ်တွင် ဒေါက်တာမေဆင် ပြောင်းရွှေ့နေထိုင်းခဲ့သဖြင့် “ဆာတူဝေါ” မဂ္ဂဇင်းကို ၁၈၄၇ ခုနှစ်မှာပင် မော်လမြိုင်မြို့တွင် ဆက်လက်ပုံနှိပ်ထုတ်ဝေသွားပါသည်။ “ဆာတူဝေါ” မဂ္ဂဇင်းသည် ဂျပန်များ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက် တိုက်ခိုက်သည့် အချိန်အထိ နှစ်ပေါင်း တရာခန့်သက်တမ်းရှိခဲ့ပါသည်။ “ဆာတဝေါ” မဂ္ဂဇင်းနှင့် အရှေးအနှောင်းအချိန်တွင် ဒေါက်တာ အယ်လ်ဘရေတန်က “ဆပ္ပရန်”ခေါ် ပိုးကရင် သတင်းစာတစောင်ကို ထုတ်ဝေနိုင်ခဲ့သည်။


ယနေ့စကောကရင်နှင့် ပိုးကရင်စာပေဖြင့် ယခင်ပုံနှိပ်ထုတ်ဝေခဲ့သည့် မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်များအချို့သည် ယနေ့တွေ့ရှိရန် မလွယ်ကူတော့ပေ။ လက်လှမ်းမီသရွှေ့အောက်ဖော်ပြပါ မဂ္ဂဇင်း၊ သတင်းစား၊ ဂျာနယ်များ အနက် အချို့မှာ ယနေ့တိုင် ဆက်လက်ထုတ်ဝေနေသေးကြောင်း တွေ့ရှိရမည်ဖြစ်သည်။

11:36 AM

ကရင်စာပေရေစီးကြောင်း (၃)

စာရေးသူ Smilemay

၁၈၃၇ ခုနှစ်တွင် ထားဝယ်နှင့် မြိတ်မြို့များတွင် ခရစ်ယာန်ဘာသာဝင် ကရင်ဦးရေများပြားလာသဖြင့် ခရစ်ယာန် ဘာသာရေး သင်တန်းများတွင် ကရင်ဘာသာဖြင့် လိုသလောက် ပုံနှိပ်ထုတ်ဝေနိုင်ရန် အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့က ထားဝယ်မြို့တွင် ပုံနှိပ်စက်တလုံး တည်ဆောက်ခဲ့၏။ ထိုပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော ကရင် ဘာသာကျမ်းစာအုပ်များမှာ ခရစ်ယာန်ဘာသာရေးကျမ်းစာသက်သက်ဖြစ်ပြီး ဦးစွာ ပထမ ကျမ်းပြုသူများမှာ အမေရိကန် နှစ်ခြင်းသာသနာပြု အဖွဲ့ဝင် ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ သာသနာပြု ဆရာ အက်(ဖ်)၊ ဘီ၊ ခရ်(စ်) (Rev.F.B. Cress) နှင့် သာသနာပြုဆရာ စီ၊ ဘန်းနက် (Rev. C. Bennett) ပုံနှိပ်တိုက် အုပ်ချုပ်သူတို့ ဖြစ်ကြသည်။ မော်လမြိုင်မြို့တွင် လည်း စာပုံနှိပ်စက် တလုံးတည်ထောင်ကာ ခရစ်ယာန်ကျမ်းစာများကို မစ္စတာ အက်(စ်) ရမ်နီ (Mr. S. Renney) က ပိုးကရင်ဘာသာဖြင့် တာဝန်ခံ ထုတ်ဝေသည်။


ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်ဘာသာရေး စာပေများကို ဦးဆာင် ပြုစူသူများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ ဒေါက်တာ အယ်လ်ဘရေတန်နှင့် အီး၊ အက်စ် ဘူးလဒ်တို့ ဖြစ်ကြသည်။ ၁၈၄၉ ခုနှစ် ၊ မေလရက်စွဲဖြင့် ဘန်းနက်အမှာစာ ရေးပြီး ဒေါက်တာဝိတ်၏ အမည်ဖြင့် စကောကရင် အင်္ဂလိပ်အဘိဓါန်စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။


၁၈၅၀ ခုနှစ်တွင် ဒေါက်တာ မေဆင်က ပိုးကရင် သဒ္ဒါကျမ်းကို ပြုစုခဲ့သည်။ ဒေါက်တာဝိတ်သည် အသိပညာကဏ္ဍများ (Thesaurus of Karen Knoledge) အမည်ရှိစာအုပ်ကို စကောကရင်နှင့် အင်္ဂလိပ် နှစ်ဘာသာတွဲကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထ အထိ လေးတွဲပြုစု ကာ အထမတွဲကို ၁၉၁၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ (အခြား ခရစ်ယာန် ဘာသာရေးဆိုင်ရာ ကရင်စာအုပ်များစွာ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြခြင်း မပြုတော့ပါ)။