12:24 PM

ရယ်စရာတိုထွာ (၄၀)

စာရေးသူ Smilemay

တစ်နေ့တော့ စိတ်တိုပြီး ဘုနည်းနည်းတောတတ်တဲ့ သင်းအုပ်ဆရာဆီကို အသင်းသားတစ်ယောက်က ဖုန်းဆက်နေတာ တစ်နေတာ ကုန်သွားတယ် ဖုန်းက ဆက်လို့မရဘူး။

နောက်တစ်နေ့ ဖုန်းပြန်ခေါ်မှ ဖုန်းလိုင်းက ၀င်သွားတယ်။ ဒါနဲ့ အသင်းသားကလည်း သင်းအုပ်ဆရာကိုမေးတာပေါ့-

“ဆရာ ကျွန်တော် မနေ့က တစ်နေ့လုံး ဖုန်း ခေါ်နေတာ ဖုန်းက မရဘူး ဘာဖြစ်လို့လဲ”

သင်းအုပ်ဆရာကလည်း မနေ့ က ဖုန်းပျက်နေတာကို မပြောပဲ
“ဘုရားသခင်တောင် ကမ္ဘာကိုဖန်ဆင်းပြီး တနင်္ဂနွေနေ့ မှာ အလုပ်မလုပ်ပဲ အနားယူတယ်လေ
မနေ့က ငါ အနားယူလို့ မင်း ဖုန်းခေါ်မရတာပေါ့”

အသင်းသားကလည်း-
“စာတန်တွေတောင် တစ်ရက်မှ အနားမယူဘူး တစ်ပတ်လုံး အလုပ်လုပ်တယ်တဲ့ ဆရာ”
သင်းအုပ်ဆရာကလည်း -

“တစ်ပတ်လုံး အလုပ်လုပ်ရင် ငါ က စာတန်ဖြစ်သွားမှပေါ့ကွ
ဒါကြောင့်ငါက နားတာပေါ့”

10:31 AM

ဘ၀တက်လမ်း ခရီးကြမ်း (၄)

စာရေးသူ Smilemay

မောင်ရေအေး (ဟားဗက်တက္ကသိုလ်)


အခွင့်အလမ်း ဂျာနယ်မှ ကူးယူဖော်ပြပါသည်။


ဦးဆောင်နိုင်စွမ်း (Leadership)

နောက်လိုက်ရှိမှ ဦးဆောင်သူဖြစ်သည်။ ထိထိရောက်ရောက် ဖြစ်ဖြစ်မြောက်မြောက် ဦးဆောင်နိုင်စွမ်းမရှိလျှင် မိမိနောက်လိုက်မည့်သူ ရှိမည်မဟုတ်ပါ။ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် အခြားသူများအား ဦးဆောင် ညွှန်ကြားနိုင်ရမည်။ မခိုမကပ် အားသွန်ခွန်စိုက် လုပ်လာအောင် ဆွဲဆောင်စည်းရုံးနိုင်ရမည်။ တစ်ချိန်းတည်းမှာပင် နောက်လိုက်တို့၏ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်မြင့်မားလာအောင် သင်ကြား လေ့ကျင့် ပေးနိုင်စွမ်းလည်း ရှိရမည်။ ဤတွင် စံနမူနာပြပြီး ဦးဆောင်မှုပေးခြင်း (leadership by example) သည် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ကို သတိပြုသင့်ပါသည်။ စံနမူနာပြပြီး ဦးဆောင်မှုပေးခြင်းက ပြန်မပြော နားမထောင်ဆိုသလို ခေါင်းမာသော လက်အောက်ငယ်သား များကပင်လျှင် မိမိ၏ စံနမူနာပြ အပြုအမူများကို ဂရုတစိုက် အတုယူလာတတ်ကြပါသည်။ ဤသို့ဖြင့် မိမိ၏ ဦးဆောင်မှု နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါ လာစေနိုင်ပေသည်။

ထကြွနိုးကြား (Proactive)

တခြားသူတွေက တိုက်တွန်းကာမှ သို့မဟုတ် ပြင်ပပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်က လှုံ့ဆော်ကာမှ တုံ့ပြန်လုပ်ဆောင်ခြင်း (reactive) သည် မိမိ၏ ဘ၀ခရီးတွင် တစ်ပါးသူတို့အား ၀င်ရောက်စွက်ဖက် ခြယ်လှယ်ခွင့် ပြုရာရောက်၏။ ထိုသို့ တုံ့ပြန်လုပ်ဆောင်တတ်လေလေ ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးနိုင်စွမ်း လျော့နည်း သွားလေလေပင် ဖြစ်သည်။ ကိုယ့်ကြမ္မာကိုယ် ဖန်းတီးနိုင်စွမ်း လျော့နည်းသွားခြင်းသည် တိုးတက်မှုကို နှေင့်နေးစေနိုင်သည် သာမက ရှုံးနိမ်းမှုဆီသို့ပါ ဦးတည်သွေားစေနိုင်သည်။
တခြားသူများ၏ တိုက်တွန်းမှုများနှင့် ပြင်ပပတ်ဝန်းကျင်၏ အခြေအနေပေးမှုများကို စောင့်ဆိုင်းမနေဘဲ ဖြစ်လာနိုင်သည်တို့ကို မျှော်မှန်းတွက်ဆပြီး ကိုယ့်သဘောကိုယ်ဆောင်ကာ ကိုယ့်ရည်မှန်းချက် ထမြောက် အောင်မြင်အောင် လုပ်ဆောင်တတ်သော (Proactive) သူများသာ ကိုယ့်ဘ၀ကိုယ် ဖန်တီးနိုင်စွမ်းရှိပေသည်။ ထိုသို့ ကိုယ့်အသိစိတ်နှင့် ကိုယ် လုပ်ဆောင်တတ်သူများသည် မိမိတို့၏ ဘ၀ကြမ္မာ အပေါ် ဂယက်ရိုက်ခတ်နိုင်သော အခြေအနေများနှင့် အစိုးမရသော အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ စီမံကွယ်ကဲခြင်းဖြင့် တစ်ပါးသူတို့၏ ၀င်ရောက်ခြယ်လှယ်မှုတို့ကို လျော့နည်းသွားစေပေသည်။

10:40 AM

ဘ၀တက်လမ်း ခရီးကြမ်း (၃)

စာရေးသူ Smilemay

မောင်ရေအေး (ဟားဗက်တက္ကသိုလ်)


အခွင့်အလမ်း ဂျာနယ်မှ ကူးယူဖော်ပြပါသည်။



ဆက်ဆံရေး (Communication Skills)

ဆက်ဆံရေး ညံ့ဖျင်းပါက၊ မိမိလိုချင်တာတွေ ရလာနိုင်မည် မဟုတ်ပေ။ ထို့အတူ ဖြစ်ချင်တာတွေလည်း ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဆက်ဆံရေး ညက်ညောမှုသည် ဘ၀ခရီးတွင် အောင်လံလွှင့်ထူလိုသူများအတွက် အလွန်အရေးပါပေသည်။ ရှိသင့်ရှိအပ်သော အရည်အသွေးများ အနက် အလွန်အရေးပါသော အရည်အသွေးတစ်ရပ်ဖြစ်သည်ဟု ဆိုရပါမည်။ မိမိ၏ အကြံအစည် သို့မဟုတ် လုပ်ငန်းအဆိုပြုချက် (business proposal) တစ်ရပ်ကို လူတစ်ဖက်သား လက်ခံလာအောင် ဆွဲဆောင်စည်းရုံးရာမှဖြစ်စေ၊ သတင်းအချက်အလက်များ ထောက်လှမ်းရာမှဖြစ်စေ၊ ယုတ်စွအဆုံး လူအများနှင့် မိတ်ဖြစ်ဆွေဖြစ် ပေါင်းသင်းဆက်ဆံရာမှာ ဖြစ်စေ ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် ပြောဆိုဆက်ဆံတတ်ပါမှ အောင်မြင်မှု ရရှိနိုင်ပေသည်။

အစွံထုတ်နိုင်စွမ်း (Promotion)

ကိုယ့်ကိုယ်ကိုယ်မှ လူတစ်ဖက်သား နှစ်ခြိုက်သဘောကျအောင် အစွံမထုတ်နိုင်တစ်ဦးသည် ဘယ်လိုကုန်ပစ္စည်း မျိုး၊ ၀န်ဆောင်မှုမျိုးကိုမျှ စွံ့အောင်ရောင်းနိုင်စွမ်းရှိမည်မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် လူတစ်ဖက်သား နှစ်ခြိုက်သဘောကျအောင် အစွံထုတ်ခြင်းမှ ကိုယ့်ကိုယ်ကို ဈေးကွက်တင်ခြင်း (Marketing) ပင်ဖြစ်သည်။ လူတိုင်းလိုလို နေ့စဉ်နှင့်အမျှ တစ်စုံ တစ်ခုသော အရာကို ရောင်းချလျက်ရှိနေကြသည်။ ဥပမာ-အလုပ်အကိုင်အတွက် လူတွေ့အင်တာဗျူးဝင်ရောက်ဖြေဆိုသည်။ လုပ်ခလစာတိုးတောင်းသည်။ ရာထူတစ်ဆင့်တိုးပေးရန် တင်ပြတောင်းခံသည်။ လုပ်ငန်းအဆိုပြုချက် ( business proposal) တစ်ရပ်ကို တင်သွင်းသည်။ လုပ်ငန်းစီမံကိန်းတစ်ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံခန့်ခွဲသည်။ အရောင်းအ၀ယ် အပေးအယူ ကိစ္စ တစ်ရပ်ကို အလုပ်ဖြစ်အောင် စေ့စပ်ညှိနှိုင်းသည်။ ဤသည်တို့မှာမိမိ အကြံအစည် စိတ်ကူးစိတ်သန်းတို့ကို တခြားလူများအား ရောင်းချနေခြင်းဖြစ်သည်။ ဤတွင် ကိုယ့်ကိုယ်ကိုယ် ဈေးကွက်တင်ပြီး အစွံထုတ်နိုင်ပါမှ မိမိ၏အကြံအစည်စိတ်ကူးစိတ်သန်းတို့ကို အခြားလူများက လက်ခံဝယ်ယူသုံးစွဲပါလိမ့်မည်။

1:55 PM

ဘ၀တက်လမ်း ခရီးကြမ်း (၂)

စာရေးသူ Smilemay

မောင်ရေအေး (ဟားဗက်တက္ကသိုလ်)


အခွင့်အလမ်း ဂျာနယ်မှ ကူးယူဖော်ပြပါသည်။


မိမိပယောဂကြောင့် မိမိ၏ အသက်မွေးမှု ဘ၀လမ်းတစ်လျှောက်မှာ အခက်အခဲ အတားအဆီးများ၊ ဆူးငြောင့်ခလုတ်များကို တွေ့ကြုံ ရတတ်သည်.။ အထူးသဖြင့် လုပ်စရာရှိသည့်အလုပ်ကို မလုပ်မိသောကြောင့်ဖြစ်စေ၊ လုပ်ပြန်တော့လည်း လုပ်ပုံကိုင်ပုံ နည်းလမ်းမကျ သော ကြောင့်ဖြစ်စေ အခက်အခဲအတားအဆီးများ ဆူးငြောင့်ခလုတ်များ ပေါ်ပေါက်လာတတ်ပေသည်။ ထို့အပြင် ပြောင်းလဲနေတတ် သော ပြင်ပပတ်ဝန်းကျင်အခြေအနေများကလည်း အခက်အခဲ အတားအဆီးများကို ပေါ်ပေါက် စေနိုင်ပါသေးသည်။ ပြင်ပ၀န်ကျင်း အခြေအနေများသည် အသက်မွေးမှုလုပ်ငန်းတစ်ရပ်ကို ပျက်သုဉ်း စေသည်အထိ အင်းအား ပြင်းထန်နိုင်ပါသည်။ သို့သော် မိမိ၏ ဘ၀ကြမ္မာကို အဆုံးအဖြတ်ပေးသူမှာ မိမိကိုယ်တိုင်သာ ဖြစ်သည်ကို အထူးသတိပြုရာသည်။ မိမိ၏ တတ်သိကျွမ်းကျင်မှုနှင့် လုံလ၀ီရိယ အားထုတ်မှုတို့အပေါ် မူတည်နေပေသည်။

အသက်မွေးမှုဘ၀ခရီးတစ်လျှောက်တွင် တွေ့ကြုံရတတ်သော အခက်အခဲ အတားအဆီးများ၊ ဆူးငြောင့်ခလုတ်များနှင့် ယင်းတို့ကို ကျော်လွှားနိုင်သော နည်းလမ်းများမှာ ဤသို့တည်။


ဘ၀ပုံရိပ် (Image)

ဘ၀ပုံရိပ်ဆိုသည်မှာ မိမိ၏ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတို့ကို ဆိုလိုပါသည်။ မိမိ၏ ဘ၀ပုံရိပ်က မိမိ၏ အသက်မွေးမှု ဘ၀လမ်းကြောင်းတွင် အခက်အခဲ အတားအဆီးဖြစ်နေစေပါသလား။ သို့ဆိုလျှင် ပီပြင်ကြည်လင် နှစ်လိုဖွယ်ရာကောင်းသော ပုံရိပ်ကို ဖော်ထုတ်ခြယ်မှုန်းခြင်း ဖြင့် ယင်းအခက်အခဲကို ကျော်လွှားနိုင်ပါသည်။ ထို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား ( Self Respect) ပြုမှုနေထိုင်ရသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထား (Self-Confidence) ရသည်။ ကိုယ်တာဝန်ကိုယ် သိတတ်ကျေပွန် ( Self-Responsibility) ရသည်။

ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား (self-esteem) တတ်အောင် ပြုစုပျိုးထောင်းခြင်းပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား မှုသည်မိမိကိုယ်ကို မိမိ တွေးမြင်ပုံ၊ သိရှိနားလည်ပုံတို့နှင့် အဓိက ဆက်စပ်နေပါသည်။ ကိုယ့်ကိုယ်ကို “ငါဘယ်သူလဲ၊ ဘာလဲ” အရှိအတိုင်း မြင်အောင်ကြည့်တတ်ရပါမည်။ ထိုသို့ ကြည့်ရှုရာမှ တွေ့ရှိရသော အမြင်အပေါ် အခြေပြုကာ မိမိ၏ပုံရိပ်ကို နှစ်လိုဖွယ်ရာ ကောင်းအောင် ပုံဖော်ရသည်။ ထိုကဲ့သို့ မိမိ၏ ပုံရိပ်ကို ဖော်ထုတ်ခြင်းမှာ မိမိ၏ ဘ၀ကြီးပွာရာကြီးပွားကြောင်း၊ မိမိကိုယ်ကို မိမိ ယုံကြည် အားထားမှု ရှင်သန်ရာ ရှင်သန်ကြောင်း မျိုးစေများချထားရာ ရောက်ပေသည်။ ထို့အပြင် မိမိကိုယ်ကို မိမိရှုမြင်သော မိမိ၏ အမြင်နှင့် ကိုယ့်အပေါ်မြင်နေကြသော ပတ်ဝန်းကျင်၏ အမြင်တို့အကြား သဟဇာတဖြစ်အောင် ဆက်စပ်ပေးရာ လည်းရောက်ပေသည်။

ပီပြင်နှစ်လိုဖွယ်ကောင်းသော ပုံရိပ်သည် အသက်မွေးမှုခရီးလမ်းတွင် အရာရာသော အောင်မြင်မှုများအတွက် အခြေခံအုတ်ဖြစ်ဖြစ်သည်။ ထို့အပြင် အမျိုးမျိုး အဖုံဖုံသော အခက်အခဲများအတားအဆီးများကို ဖြတ်ကျော်ရာတွင် ထိရောက်မှန်ကန်သော လမ်းကြောင်းပေါ်သို့ တင်ပေးနိုင်သည့် စွမ်းအားလည်းဖြစ်ပေသည်။

4:49 PM

ဘ၀တက်လမ်း ခရီးကြမ်း (၁)

စာရေးသူ Smilemay

မောင်ရေအေး (ဟားဗက်တက္ကသိုလ်)


အခွင့်အလမ်း ဂျာနယ်မှ ကူးယူဖော်ပြပါသည်။

အချို့သောသူတို့၏ အသက်မွေးမှု ဘ၀ခရီးလမ်းများ (Careers) သည် မိုးဆမ်းပန်းများနှယ် ဖူးပွင့်ဝေဆာ ပွင့်လန်းလျက်ရှိကြသည်။ အားရဖွယ်ရာ၊ အားကျဖွယ်ရာပင်ဖြစ်သည်။ အချို့သောသူတို့၏ အောင်မြင်မှု ခရီးလမ်းကြောင်းများ မမြဲသော သဘောအရ တဖြည်းဖြည်းမှေးမှိန် သွားသည်ကို တွေ့မြင်ရသည်မှာ သံဝေဂရစရာဖြစ်တော့သည်။ အချို့သောသူတို့ အောင်မြင်မှုမှသည် ရှုံးနိမ့်မှုဆီသို့ အချိန် မတန်းသေးဘဲနှင့် ခါးသီးဖွယ်ရာ ကောင်းလှသည်။

တကယ်ဆိုတော့လည်း အသက်မွေးမှု ဘ၀ခရီးမှန်သမျှ သာယာဖြောင့်ဖြူးချောမွေးသည်ဟူ၍ မရှိပါ။ အောင်မြင်မှု ပန်းတိုင်အရောက် အသက်မွေးမှု ဘ၀ခရီး တစ်လျှောက်မှာ အခက်အခဲအတားအဆီး ဆူးငြောင့်ခလုတ်များနှင့် ပြည့်နှက်နေသည်။ အကွေးအကောက် အချိုးအဆစ် အနိမ့်အမြင့် အတက်အကျများလည်း ရှိဘိသည်။ ထို့အပြင် အချို့သော အသက်မွေးမှု ဘ၀ခရီးများမှ တက်လမ်းမရှိဘဲ ထွက်ပေါက်ပိတ် (dead end) နေတတ်ပေသေးသည်။

ကြီးပွားတိုးတက် အောင်မြင်နေသူများကမူ အသက်မွေးမှု ဘ၀လမ်းတစ်လျှောက်မှာ တွေ့ကြုံရတတ်သော အခက်အခဲအတားအဆီးများကို မည်သို့ကျော်လွှားရမည်၊ နက်ရှိုင်းမတ်စောက်သော ချောက်ကမ်းပါးများကို မည်သို့ ဖယ်ရှားရမည် ဆိုသည်တို့ကို တတ်တိနားလည်သူများ ဖြစ်ကြပေသည်။

3:15 PM

ရယ်စရာတိုထွာ (၃၉)

စာရေးသူ Smilemay

ရာသီဥတုက အုံမှိုင်းမှိုင်းနဲ့ မိုးလေးကလည်းဖွဲဖွဲရွာတဲ့တစ်နေ့မှာ ကိုတေလေက အရက်သောက်ဖို့ စိတ်ကူးရတာနဲ့ အရက်ဆိုင်သို့ ထွက်လာခဲ့တယ်။

အရက်ဆိုင်ရှေ့ ရောက်တော့ အ၀တ်အစား နွမ်းနွမ်းနဲ့ အဖိုးအိုကအရက်ဆိုင်ရှေ့ မှာ ရှိတဲ့ ထိုင်ခုံလေးမှာထိုင်ပြီး မိုးရွာထားလို့ ချိုင့်ခွက်က ရေလေးနည်းနည်းပြည့်နေတဲ့အိုင်းထဲမှာ ငါးမျှားနေတာကိုတွေ့တော့ အရမ်းသနားသွားတာနဲ့ -

“အဘိုး ကျွန်တော်နဲ့အတူ အရက်တစ်ခွက်လောက် လိုက်သောက်ပါလား” ဆိုပြီး တော့ ကိုတေလေက ခေါ်လိုက်တယ်။

အရက်ဆိုင်ထဲရောက်တော့ ကိုတေလေက အဘိုးအိုကိုအရက်တစ်ခွက်တိုက်ပြီးစကားပြောလိုက်တယ်-

“အဘိုးငါးမျှားနေတာ ဘယ်နှစ်ကောင်ရပြီလဲဗျ” ဆိုးပြီး အဘိုးအိုကိုမေးလိုက်တယ်

အဘိုးအိုက-

“မင်းနဲ့ဆိုရင် ခုနှစ်ကောင် မိပြီး” တဲ့ . . .။

10:12 AM

ရယ်စရာတိုထွာ (၃၈)

စာရေးသူ Smilemay

တစ်ခါတုန်းက ကုမ္ပဏီတစ်ခုက ၀န်ထမ်းတွေက သူတို့ သူဌေးကို မကြိုက်ကြဘူး။

တစ်နေ့တော့ သူဌေးဖြစ်သူက ရုံးနားမှာရှိတဲ့ ဆိုင်ကို နေ့လည်စာ စားချိန်မှာ ဖြတ်သွားရင် ဦးထုပ်တွေကိုတွေ့တော့ ဦးထုပ် အညိုရောင်လေးနဲ့ အနက်ရောင်လေးကို သူ တော်တော် သဘောကျသွားတယ်။ သူဌေးက ဦးထုပ်အညိုရောင်ကို ၀ယ်လိုက်ရင် နောက်နေ့ ရုံးတက်သွားတဲ့အခါ ဆောင်းလို့ရမှာပဲဆိုပြီး ခဏစဉ်းစားပြီး အညိုရောင်ကို ၀ယ်သွားတယ်။

သူဌေးက ဦးထုပ်ဝယ်ပြီး နောက်ရက်တွေတိုင်း ရုံးကိုဆောင်ဆောင်းလာတယ်။ သူ့ဦးထုပ်က ရုံးမှာ ဆောင်းရတာထက် လယ်ယာလုပ်ငန်းတွေမှာ ဆောင်းရင် ပိုအဆင်ပြေတော့ ၀န်ထမ်းတွေက နောက်ကွယ်မှာရယ်ကြတယ်။

ရက်နည်းနည်းကြာတော့ သူ့ဝန်ထမ်းနှစ်ယောက်က ဆိုင်ဘေးနားဖြတ်လျှောက်ရင်း သူဌေးဆောင်းတဲ့ ဦးထုပ်ကိုတွေ့တော့ စချင်တာနဲ့ နှစ်ယောက်တာ ဆိုင်ထဲဝင်ပြီး အညိုရောင်ထဲက ဦးထုပ် ဆိုဒ် အသေးတစ်ခုနဲ့ အကြီးတစ်ခုကို ၀ယ်ခဲ့ကြတယ်။

သူဌေးနေ့ခင်းထမင်းစားချိန် အပြင်ထွက်သွားတော့ သူဌေးရဲ့ ဦးထုပ်ကို ယူပြီး သူတို့ဝယ်ခဲ့တဲ့ အသစ်ထဲက ဆိုဒ်ကြီးတဲ့ ဦးထုပ်ကို ချိတ်ထားလိုက်တယ်။

သူဌေးက ပြန်မယ်ဆိုပြီး ဦးထုပ်ဆောင်းတော့ ဦးထုပ်ကကြီးနေလိုက်တာ ဘာဖြစ်လို့ပါလိမ့်ဆိုပြီး စဉ်းစားရင်ပြန်းသွားတယ်

နောက်နေ့လည် သူဌေး စက်ရုံဘက် ရောက်နေတဲ့အခါ ဦးထုပ်အသေးနဲ့ ပြောင်းလိုက်ပြန်တယ်။

သူဌေးကလည်း ရုံးဆင်းပြန်တော့ ဦးထုပ်ယူပြီးဆောင်းတဲ့အခါ သူ့ခေါင်းက ကြီးပြီး ဦးထုပ်ကသေးနေပြန်တယ်။

“ဦးထုပ်ကလည်းသေးလိုက်တာ တစ်ခုခုတော့မှားနေပြီးထင်တယ် ဒီဦးထုပ်ကလည်း ငါ့ ဦးထုပ်ဟုတ်ပါတယ်” ဆိုပြီး စဉ်းစားနေတယ်။

နှစ်ပတ်လောက်ကြာတော့ ဦးထုပ်က ကြီးလိုက်၊ နောက်နေ့ဆိုရင် သေးလိုက်၊ နောက်နေ့ပုံမှန်ဖြစ်လိုက်နဲ့ ဖြစ်နေတော့ သူဌေးက မဖြစ်တော့ဘူး ငါ့ခေါင်းက တစ်ခုခုဖြစ်နေတာတင်တယ်ဆိုပြီး ဆရာဝန်ကိုသွားပြတယ်။ သူဌေးက ဆရာဝန်ကိုပြောလိုက်တယ်-

“ဆရာ ကျွန်တော်ဖြစ်နေတာတော့ ပုံမှန်ပြသနာ လိုတော့မဟုတ်ဘူးဗျ၊ တစ်နေ့ ကြီးလိုက် နောက်နေ့ သေးလိုက် နောက်နေ့ကျပြန်တော့ ပုံမှန်ဖြစ်လိုက်နဲ့ ဘာဖြစ်နေတာလဲ မသိဘူးဗျ။ ဆရာရောကျွန်တော့ခေါင်းမှာ ဘယ်လိုဖြစ်နေတယ်လို့ထင်လဲ”။

1:00 PM

ခံစားချက်

စာရေးသူ Smilemay


စေတနာတွေ လစ်လျူရှုခံရတဲ့ ခံစားချက်က

ဓါးသွားတုံးတုံးနဲ့ ငါ့နှလုံးသားကို ဖြည်းဖြည်းချင်း

လှီးဖြတ်နေသလိုပဲ။

အေးချမ်းလိုက်တာ

ဘုရားကျောင်းက ခေါင်းလောင်သံလေးပေါ့

ငါ့နှလုံးသားထဲ စမ်းချောင်းလေး စီးဆင်းသွားသလိုပဲ။

11:30 AM

ရယ်စရာတိုထွာ (၃၇)

စာရေးသူ Smilemay

မုဆိုးမ မိန်းမကြီးတစ်ယောက်က အိမ်မှာနေရင်း လှေကားပေါ်ကနေ ခြေချော်ကြသွားတယ်။ သူ့ခြေထောက်အရမ်းနားတာပေါ့။ ဒါနဲ့ သူ့ညီမကို ဖုန်းဆက်ခေါ်ပြီ ဆရာဝန်ဆီသွားကြတယ်။

ဆေးခန်းရောက်တော့ ဆရာဝန်က ဆေးထည့်ပြီး ပတ်တီးစည်းပေးလိုက်တယ်။ မိန်းမကြီးကို တစ်ပတ် နှစ်ပတ်လောက် လှေကားအတက်အဆင်တွေမလုပ်ဖို့ ပြန်ခါနီးမှာလည်းမှာလိုက်သေးတယ်။

မိန်းမကြီးက တစ်ပါတ်တစ်ခါ ဆရာဝန် ဆီသွားပြတာပေါ့။ တစ်နေ့တော့ ဆရာဝန်က အန်တီခြေထောက် အတော်လေးကို ပြန်ကောင်းလာပြီလို့ပြောတယ်။

မိန်းမကြီးက ၀မ်းသာအာရနဲ့ ပြောလိုက်တာက- အမယ်လေး ၀မ်းသာလိုက်တာ နေ့တိုင်းနေ့တိုင်း အိပ်ယာဝင်ဖို့ ဒီပိုက်ကို ဖက်ပြီး အတက်အဆင်လုပ်နေရတာ ငြီးငွေ့လာပြီတဲ့။

11:33 AM

I Love You (4)

စာရေးသူ Smilemay

Twenty years from now you will be more disappointed by the things you didn’t do than by the ones you did do. So throw off the bowlines. Sail away from the safe harbor. Catch the trade winds in your sails. Explore. Dream. Discover.

မြန်မာဘာသာပြန်-



အခုကနေ နောက်အနှစ် (၂၀) လောက်ရောက်ရင် သင်လုပ်ခဲ့တာတွေထက် သင်မလုပ်ခဲ့တဲ့အရာတွေအတွက်ပိုပြီး စိတ်ပျက်ရလိမ့်မယ်။ ဒါကြောင့်ကြိုးထုံးတွေကို ဖြည်လိုက်ပါ။

လုံခြုံတဲ့ ဆိပ်ကမ်းကနေ အဝေးကို ရွက်လွှင့်ပါ။

ကုန်သည်လေကြောင်းတိုင်း ရွက်လွှင့်ပြီး

စူးစမ်းပါ။ အိပ်မက်မက်ပါ။ ဖော်ထုတ်လိုက်ပါ။



4:42 PM

I Love you (3)

စာရေးသူ Smilemay

One of your father’s clients sent him a lovely paperweight with this inscription.

People can be divided into three groups:

- Those who make things happen.

- Those who watch things happen.

- Those who wonder what happened.

Congratulations on being the caption of the first group.

You have a very special father.

မြန်မာဘာသာပြန်-



သားဖေဖေရဲ့ အမှုသည်တစ်ဦးက ဒီလို ကဗျည်းထိုးထားတဲ့ စကူဖိုင်ဖိတုံး လှလှလေး တစ်ခုပို့ပေးဘူးတယ်။

လူတွေကိုအုပ်စု (၃)စုခွဲနိုင်တယ်

- ဖြစ်အောင်လုပ်တဲ့သူတွေရယ်

- စောင့်ကြည့်နေတတ်သူတွေရယ်

- ဘာဖြစ်သွားပါလိမ့်လို့ တအံ့တသြဖြစ်သွားရတဲ့သူတွေရယ်

ပထမအုပ်စုရဲ့ ခေါင်းဆောင်အဖြစ်တည်ရှိခြင်းကို ဂုတ်ယူပါတယ်။ တဲ့

သားမှ အလွန့်ကို အထူးပြုခံရတဲ့ ဖေဖေရှိတယ်ကွယ့်။