1:27 PM

ရယ်စရာတိုထွာ (၁၃)

စာရေးသူ Smilemay

လွှဲသွားမှဖြင့်

စိတ်ရောဂါကု ဆေးရုံးမှာ လူနာနှစ်ယောက်စကားပြောနေကြသည်။

“ဟေ့ကောင် . . . မင်းရဲ့ခေါင်းထဲကို ၂-လက်မသံ တစ်ချောင် ငါရိုက်သွင်းပေးမယ်။ ဘယ်နှယ့်လဲ”

“မင်းရူးနေလား . . . ဦးထုပ်ကိုချော်ပြီး ရိုက်မိရင် ဘယ့်နှယ်လုပ်မလဲ . . . ။

@@@@@@@@@@@@@@

ပိုင်ပြီ

“ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။ ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ် . ”

“ကျေးဇူတင်ပါတယ် ပန်ချီးကားကို က၊ျွန်တော်အိမ်ပေါ်မှာ ချိတ်လို့ရပြီပေါ့နော်”

@@@@@@@@@@@@@@@@

ပြည်သူအားလုံးပျော်မှာပါ

နိုင်ငံတစ်နိုင်ငံ၏ လူကြီးသုံးယောက် မန္တလေးမြို့ကို သွားတော့ လေယဉ်ပျံပေါ်မှာ -

ပထမလူကြီး - “ပိုက်ဆံ တစ်ထောင်တန်ကို လေယဉ်ပေါ်ကနေ အောက်ကို ပစ်ချလိုက်မယ်ဆိုရင် ပိုက်ဆံတစ်ထောင်တန်ကို ကောက်ရတဲ့သူကတော့ တအားဝမ်းနေမှာပဲနော်” ဆိုပြီး တခြားသူတွေကို မေးတာပေါ့ နောက်ပြီး ဒုတိယလူကြီးဘက်လှည်ပြီး ခင်ဗျားဆိုရင်ရော ဘယ်လိုလုပ်မလဲ လို့ မေးလိုက်ပြန်ပါတယ်တဲ့။

ဒုတိယလူကြီး- “ကျွန်တော်တာဆိုရင် တစ်ထောင်တန်မချပဲ ငါးရာတန်နှစ်ရွက်ကို ချလိုက်မှာပေါ့ ဒါမှ လူနှစ်ယောက် ပျော်လို့ ရမှာပေါ့။

ပထမလူကြီက နောက်ထပ် တတိယလူကြီးဘက်လှည့်ပြီး ခင်ဗျားဆိုရင်ရော-

တတိယလူကြီ် - “ကျွန်တော်ကတော့ လူငါးယောက်ပျော်အောင် ငါးရွက်ကို ပစ်ချလိုက်မယ်” ဆိုပြီး ပြန်ပြောတယ်။

ဒါနဲ့ ပထမလူကြီးက ပိုက်လော့ကိုခေါ်ပြီး ပြောတာပေါ့။ ငါ့တို့တွေ ပြည်သူတွေပျော်အောင် ဘာလုပ်မလဲ စဉ်းစားနေကြတာ မင်းသာဆိုရင် ဘယ်လိုလုပ်မလဲဆိုပြီးမေးတာပေါ့။

ပိုက်လော့ကလည်း ပထမလူကြီးကိုပြန်ပြောတာပေါ့။

ပိုက်လော့-“ကျွန်တော် စိတ်ထဲရှိတဲ့အတိုင်းတကယ်ပြောရမှာလား”

ပထမလူကြီး - “အင်းပေါ့ . . . တကယ်ပြော”

ပိုက်လော့ - “ကျွန်တော်ပြောရင် အရေးလဲ မယူရပြီး ဖမ်းလဲ မဖမ်းရဘူးနော်”

ပထမလူကြီး - “အေးပါကွ . . . ပြောမှာသာပြောပါ ဖမ်းလဲ မဖမ်းဘူး အရေးလဲ မယူဘူး”

ပိုက်လော့ - “ဒါဆိုရင် တကယ်ပြောပြီးနော် . . . အခု လေယဉ်ပေါ်မှာ ရှိနေတဲ့ လူကြီးမင်းတို့ သုံးယောက်ကို လေယဉ်ပေါ်က ပစ်ချလိုက်မယ်ဆိုရင် ပြည်သူတွေ တအားကို ၀မ်းသာမှာပါ။

အနက်စောစောမှာ လူတစ်ယောက် ပင်လယ်ကမ်းစပ်ကို လမ်းလျှောက်ထွက်လာတော့ တခြားလူတစ်ယောက်က ပင်လယ်ကမ်းစပ်မှာ ပစ်စည်း တစ်ခုခုကို ကောက်ပြီး ပင်လယ်ထဲကို ပစ်နေတာတွေ့တော့ အနားကပ်ပြီး သွားကြည့်တာပေါ့။ သူက ပင်လယ်ထဲ ပစ်ထဲနေတဲ့သူကို မေးလိုက်တယ်။

“ ခင်ဗျား ဘာတွေလုပ်နေတာလဲ“

“ ညက ရေလှိုင်းတွေနဲ့ အတူ ပါလာတဲ့ ငါးလေးတွေကို ပင်လယ်ထဲ ပစ်ထည့်နေတာ သူတို့လေးတွေ နေပူလာရင် သေကုန်ကြလိမ့်မယ်”

“ပင်လယ်ကမ်းစပ် ဒီလောက်ကျယ်တာ ခင်ဗျာ အကုန်လုံးကို ဘယ်လိုလုပ်ပြီးတော့ ပင်လယ်ထဲ ထည့်မလဲ မထူးနိုင်ပါဘူး”

ပြောရင်ဆိုရင် အဲ့ဒီလူက ငါးတစ်ကောင်ကို ပင်လယ်ထဲ ပစ်ထည့်ရင် -

“ တခြားငါးတွေ အတွက် မထူးခြားပေမဲ့ ဒီငါးအတွက်တော့ ထူးသွားတယ်လေ”

(Try To Change The World In Yourself.)

ပါမောက©ဒေါက်တာအောင်ထွန်းသက် ရေးသားထားကို မှတ်မိသလောက် စမိုင်းမေ ပြန်ရေးပေးလိုက်တာပါ။

စဉ်းစားကြည့်လိုက်ရင် ဟုတ်သာပဲ အကုန်လုံးအတွက် မထူပေမဲ့ ပင်လယ်ထဲ အသက်ရှင်ခွင့် ရသွားတဲ့ ငါးလေးအတွက်တော့ ထူးသားပဲ။

5:13 PM

ရယ်စရာတိုထွာ (၁၂)

စာရေးသူ Smilemay

“ပိုစ့်မော်ဒန်ဆိုတာ ဘာလဲဟင်”

“စားစရာ မရှိရတဲ့အထဲ အရေမရ အဖတ်မရတွေကို မစဉ်းစားအားဘူးဟေ့ . . . . ”

@@@@@@@@@@@@@@@@@2

ရှားပါးစာအလုပ်

စာကြည့်တိုက်တစ်ခုမှာ ဖြစ်ပါတယ်။

“ ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေတဲ့စာအုပ်ကို ဘယ်မှာရှာရမလဲ ခင်ဗျာ”

“ညာဘက်က စာအုပ်စင်နဲ့ တတိယအဆင့် လက်ဝဲဘက်မှာ ရှာကြည့် ”

“အဲ့ဒီမှာ စာအုပ်တစ်အုပ်မှ မတွေ့ပါလား ”

“ဟုတ်တယ် အဲ့ဒီစာလုပ်ကို ဘယ်သူမှ ပြန်မပေးဘူးလေ”

1:53 PM

Happy Birthday to Mr-JK Mahanta

စာရေးသူ Smilemay

He is like a wall.

When they feel very warm, he is like a shady tree.

When they feel very cool, he is like a warmly coat..

When they feel hungry, he gives them food.

He is a hero with his family.

Happy birthday!!! (8.1.2008)This poem is birthday present for u. God Bless You and Your Family.

10:12 AM

ရယ်စရာတိုထွာ (၁1)

စာရေးသူ Smilemay

စစ်ဆေးရေးလည်တာ ကျောင်းသားကို မမှီပါဘူး

စမိုင်းမေလေးတန်းနှစ်တုန်းက အတန်းထဲကို စစ်ဆေးရေး အရာရှိလာတာ မှတ်မိသေးတယ်။

ကျောင်းကို စစ်ဆေးရေးလာရင် သန့်ရှင်းရေးတွေက အကုန်လုပ်ပြီးတာပဲလေ။ စစ်ဆေးရေးက စစ်ဆေးရင် စမိုင်းမေတို့ အတန်းထဲကို ရောက်လာတာ။ အတန်းထဲ ကိုရောက်နေတော့ အကုန်လုံး ကြောက်ပြီး အသံတောင် မထွက်ရဲးဘူးပေါ့။

စစ်ဆေးရေးက အတန်းထဲက ကောင်းလေးတစ်ယောက်ကို လက်ညျိုးထိုးပြီး မင်းစာအုပ် ခဏပေးတဲ့ ဗလာစာအုပ်တောင်းပြီး စစ်တာပေါ့။ အတန်းထဲက လူတွေအားလုံး စိတ်ပူးတာပေါ့ အဆိုးဆုံးကတော့ ဆရာမပဲ။ အစစ်ခံရတဲ့ကျောင်းသားက အတန်းထဲမှာ စာအညံ့ဆုံးတော့ မဟုတ်ပါဘူး အဆင့်ကိုနောက်ဆုံးလေ။ စာမှန်မှန်မလုပ်တာရယ်။ အိမ်စာမှန်မှန် မလုပ်တော့ ဗလာစာအုပ်က ကွက်ကျော်တွေဖြစ်နေတော့ ဆရာမက စိတ်ပူတာပေါ့ ။စာမကျက်တာရယ်ကြောင့် အဆင့်နောက်ဆုံးဖြစ်နေတာပါ။ စစ်ဆေးရေးကလည်း သူစာလုပ်ကြည့်ပြီး ပြုံးပြသွာတာပေါ့။

စစ်ဆေးရေးပြန်ထွက်သွားတော့ အားလုံးကလေ သူ့ကို ပြိုင်တူကြည့် ဆရာမကလည်း ဘယ်စာအုပ်ပြလိုက်တာလဲလို့ မေးတာပေါ့။ အဲ့ဒီကျောင်းသားက ဘာပြောလဲသိလား-

သူ့ဘေးက ကောင်လေး စာအုပ်ပြလိုက်တာပေါ့တဲ့ ”

@@@@@@@@@@@

စမိုင်းမေတို့ ဆရာမ ပြောပြတာ -

ကျောင်းကို စစ်ဆေးရေးလာစစ်တော့ အတန်းတခုမှာ မြန်မာနိုင်ငံမြေပုံကြည့်ပြီး ကျေင်းသား တစ်ယောက်ကို မေးတယ်တဲ့

ဘီလူးကျွန်းကို ထောက်ပြီး ဒါဘာကျွန်းလဲလို့ မေးတာပေါ့

ကျောင်းသားက မသိတော့ အပေါက်ဝဘက်မှာ ရပ်နေတဲ့ ဆရာမဘက်ကို တိတ်တိတ်လေး ခိုးကြည့်ပြီး အကူအညီတောင်းတာပေါ့။

ဆရာမကလည်း ပါးစပ်ကို လက်ညျိုးနှစ်ချောင်းထည့်ပြီး ဟိုဘက်ဒီဘက်ဆွဲ မျက်လုံး ပြူးပြလိုက်တာပေါ့ စစ်ဆေးရေးအလစ်မှာ

ဒါနဲ့ ကျောင်းသားကလည်း အားရပါရ ဖြေလိုက်ပါသတဲ့

ဖြေလိုက်ပုံက -

”သရဲကျွန်းတဲ့ ”

@@@@@@@@@@@

4:52 PM

ရယ်စရာတိုထွာ (၁၀)

စာရေးသူ Smilemay

ကလေးတွေကြောင့် မဟုတ်ပါ

တခါတုန်းကပေါ့၊ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင်အထောက်အကူပစ်စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို။ ပညာရေး ၀န်ကြီးတဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲက ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောာက်ကို

“ ဒီကမ္ဘာကြီး ဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ” ဆိုပြီးမေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာ်သလဲနဲ့ “ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး” လို့ ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲ့ဒီကျောင်းသားလေးကလည်း ခေါင်းကလေးခါပြီး “ ကျွန်တော် ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေး အခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရာမ ဖက်လှည့်ပြီး “ဒါဘယ်လို ဖြစ်ရတာလဲဗျ” လို့ မေးလိုက်တယ်။

ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ “ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင့်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ” တဲ့။

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နှာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဘက် လှည့်ကြည့်လိုက်ပါတယ့်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ဆရာကြီးလည်း မတတ်သာတော့ဘဲ ခါးကလေးညွတ် အရိုအသေးပြုရင် အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ။

“၀န်ကြီးခင်ဗျာပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းက ရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိုလို အခုလို တိမ်းစောင်းနေတာပါ”

@@@@@@@@@

နတ်ရှင်နောင်ကို ဘယ်သူသတ်သလဲ


ဒီအကြောင်းအရာနဲ့ သံတူကြောင်းကွဲ ဟာသလေးတစ်ပုဒ်က ဒီလိုပါ။

တခါးတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတစ်ယောက်က နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးဖို့ ရောက်လာပါသတဲ့။ အတန်းတွေ တခုပြီး လိုက်လံစစ်ဆေးရင်း ကျောင်းသားလေး တယောက်ကို မေးလိုက်ပါတယ်။

“နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ”

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံသွားပါတယ်။ အသံတွေတုန်ပြီး ........ “ကျ ကျနော် မသတ်ဘူး” တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေး အခြေအနေ အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင်း ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက .........

“ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားအချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင့်”တဲ့။

စစ်ဆေးရေးအရာရှိလည်း ဘာမှ ဆက်မပြောတော့ဘဲ ကျောင်းအုပ်ကြီးကို ရုံးခန်းမှာ ဒီအကြောင်း ပြောပြလိုက်တယ်။ စိတ်ဆိုးမာန်ဆိုးလည်း ဖြစ်နေတာပေါ့။ ဒီတော့ ကျောင်းအုပ်ကြီးကလည်း တောင်းတောင်းပန်ပန်နဲ့ ပြောရှာပါတယ်။

“စိတ်တော့ မရှိပါနဲ့ဗျာ။ ဒီကျောင်းဆရာမလေးနဲ့ ကျောင်းသားလေးနဲ့ ကျောင်းသားလေးဟာ ကျနော်နဲ့ တရပ်ကွက်တည်း နေကြတာပါ။ အလွန်ရိုးအေးပါတယ်။ သူတို့ကို ဒီကိစ်စနဲ့ ပတ်သက်ပြီး သံသယ မရှိစေချင်းဘူးဗျား ကျနော် ကိုယ်တိုင် အာမခံပါတယ်။ သူတို့ ကျူးလွန်တာတော့ လုံးဝ မဖြစ်နိုင်ပါဘူးခင်ဗျာ”

ပညာရေး အရာရှိလည်း ဘာမှ ဆက်ပြောမနေတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွာပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာတင်လိုက်သတဲ့။ ဒီလိုနဲ့မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

“နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့” တဲ့။

@@@@@@@@@@@@@@

တံတားဆောက်မယ် လမ်းဖောက်မယ်

တခါက နတ်ပြည်က သိကြားမင်းနဲ့ ငရဲပြည်က ငရဲမင်းတွေ့ကြပြီး နတ်ပြည်နဲ့ ငရဲပြည် ရထားလမ်းဖောက်လုပ်ပြီး ရထားလမ်းကို လူ့ပြည်မှာ ဆုံဖို့ သဘောတူကြပါတယ်။

ဒါနဲ့ ငရဲမင်းကြီးက ရထားလမ်း ဖောက်လာလိုက်တာ လူပြည်ကို ရောက်လာပါလေရော။ ဒါပေမဲ့ သိကြားမင်းရဲ့ ရထားလမ်းက အစအနေတောင် မမြင်ရသေးပါဘူး။ ငရဲမင်းကြီးက “ သြော် . . . နောက်ကျနေလို့နေမှာပဲ ” ဆိုပြီး ဆက်ဖောက်လာလိုက်တာ ရထားလမ်းက နတ်ပြည်မှာ ဆုံးပါလေရော။ ဒါနဲ့ ငရဲမင်းကြီးလည်း စိတ်တိုတာနဲ့ သိကြားမင်းကြီးကို အပြစ်ပြောပါလေရော။

အဲ့ဒီမှာ သိကြားမင်းပြန်ပြောလိုက်ပုံက “ ခင်ဗျားတို့ ငရဲပြည်မှာက ဆောက်လုပ်ရေး ၀န်ထမ်းတွေ ပေါတယ်ဗျ။ ကျူပ်ဆီကိုက တစ်နှစ်နေလို့ တစ်ယောက်တောင် ရောက်တာမဟုတ်ဘူးဗျ” တဲ့

@@@@@@@@@@@@@@@

ကိုသူရိန်ထက် ရေးတားထားထာကို သူငယ်ချင်းတစ်ယောက်က မေလ်းနဲ့ ပြန်ပို့ပေးလို့ စမိုင်းမေ ဘလော့မှာ တင်လိုက်တာပါ။

10:35 AM

ရယ်စရာတိုထွာ (၉)

စာရေးသူ Smilemay

The Rights That My Girlfriends Can Get

My girlfriends can get following rights:

1. The right to lend money when I broke.
2. The right to massage me when I spastic.
3. The right to copy my lecture notes when I skip my classes.
4. The right to accompany me when I feel lonely.
5. The right to carry my packages when I go shopping.
6. The right to take me to the cinema when I want to see movie.
7. The right to hold my hand when we walk together.
8. The right to sleep with me when I afraid of ghost.
9. The right to hug me when I feel cold.
10. The right to hold my umbrell a when I go into sunshine or rain.
11. The right to tell me some jokes when I feel unhappy.
12. The right to kiss me when I want to be kissed.
13. The right to love me.

Any smart, sharp, pretty, beautiful girl who want to be my girlfriend can apply to me. I'll consider by first in first out method. Time is of the essence! Don't miss the best chance.
Note: Number of applicants is unlimited.