စမိုင်းမေတို့ စာမေးပွဲနောက်ဆုံးဖြေပြီးတဲ့နေ့ မှတ်မိသေးတယ်။ စမိုင်းမေ ကျောင်းကို မြစ်ကြီးနားပြန်ပြီးတက်တာ အိမ်ကနေတက်တာရယ်။ နောက်ကျတာရယ်ကြောင့် အဖော်ဆိုလို့ တစ်ယောက်ထဲပဲရှိတယ်။ ဒါကြောင့် ဘယ်မှ မသွားဖြစ်ဘူးပေါ့။
ည ၁၀ နာရီလောက်ရှိမယ် စမိုင်းမေက မီးဖိုချောင်မှာ လက်ဆေးနေတယ်။ အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်သံကြားပြီး အပြင်ဘက်ကိုကြည့် ကောင်လေး လေးယောက်လောက် ခြံပေါက်ဝကနေ၀င်လာပြီး အမ. . . အမ . . . လို့ခေါ်တယ် ပြီးတော့ ဘာမေးလဲ သိလား . . . အမ . . . ကြက်ရှိလားတဲ့ .. . . ဘယ်လောက်ဆိုးတဲ့လူတွေလဲဆိုတာ စဉ်းစားကြည့်ပေါ့။
စမိုင်းမေဆိုရင် ဘာပြောရမှန်းတောင် မသိတော့ဘူး ညမိုးချုပ်မှ ကြက်ရှာတယ်ဆိုတော့။ နောက်မှ သူတို့က အခြေအနေကို သဘောပေါက်ပြီး ကျွန်တော်တို့က ကျောင်းသားတွေပါ စာမေးပွဲပြီးလို့ ကြက်သားဟင်းချက်စားမလို့ အဲ့ဒါ ကြက်သား လိုက်ရှာနေပါတဲ့ . . ပြန်ပြောရှာတယ်။
စမိုင်းမေလည်း သိဘူး . . . ကျက ဒီနယ်က ဟုတ်ဖူး ဆိုပြီး ပြောလိုက်တာပေါ့။
အဒေါ်က အခန်းထဲက ထွက်လားပြီး ဟိုဘက်ကုန်းကိုသွားလိုက်လို့ပြေားလိုက်မှ သူတို့ သွားထွက်သွားကြတယ်။
@@@@@@@@@@@@@@@@@
တစ်ခါက မျောက်မတစ်ကောင်းက မျက်မှန်ဝယ်ပြီး နဖူးပေါ် ချိတ်ထားလိုက်တယ်။ ဒါနဲ့ ဘေးက လူတွေက သူ့ကိုပြောတာပေါ့ မျက်မှန်ကို ဘာလို့ နဖူးမှာ ချိတ်ထားရတာလဲ ပိုမြင်ရအောင် တပ်တဲ့ အရာ မဟုတ်လား ဆိုပြီး ပြောကြတာပေါ့။
ဒါနဲ့ မျောက်မကလည်း ပြန်ပြောလိုက်တယ်။
ငါက မျက်လုံး ပိုင်မြင်ဖို့ မလိုဘူး . . . စိတ်ကူးစိတ်သန် ပိုကောင်းအောင်လို့ နဖူးမှာ တပ်ထားတာတဲ့။
@@@@@@@@@@@@@@@
ပထမလူ - ငါတို့ ရှိက မင်းသား မင်းသမီးတွေ ချစ်ခင်းရိုက်ရင် အသက်မပါတော့ဘူး . .. ဘာလို့လဲ ကွ
