9:55 AM

ရယ်စရာတိုထွာ (၂၀)

စာရေးသူ Smilemay

“နောက်ဆုံး ရွေးကောက်ပွဲမှာ ခင်ဗျား ခင်ဗျား ဘာဖြစ်လို့ ရေးနိမ့်သွားတာလဲ”

“မဲကို မှန်မှန်ကန်ကန် ရေတွက်လို့”

@ @ @ @ @

“ဒါ ပီကာဆိုရဲ့ လက်ရာ အစစ်ဆိုတာ ခင်ဗျား အာမခံတယ်နော်”

“စိတ်ချပါ သုံးနှစ် အာမခံပါတယ်”

@ @ @ @ @

“မင်း အလုပ်လုပ်တာ နှေးကွေးလှချည်းလား၊ မြန်မြန်လုပ်နိုင်တာ ဘာရှိသလဲကွ . . . ဟေ”

“ ဟုတ်ကဲ့ ခေါင်းချတာနဲ့ အိပ်ပျော်ပါတယ်”

@ @ @ @ @


“ခင်ဗျား ဘာဖြစ်လို့ ရုံးတက်နောက်ကျတာလဲ”

“အိမ်ကထွက်တာ နောက်ကျသွားလို့ပါ”

“စောစောထွက်ပါလား”

“စောစောထွက်ဖို့ နောက်ကျသွားပြီ ဖြစ်လို့ပါ”

@ @ @ @ @

“ခင်ဗျား ပိုက်ဆံမက်ပြီး မိန်းမတစ်ယောက်ကို လက်ထပ်တတ်တဲ့လူစားမျိုးမဟုတ်ဘူးမဟုတ်”

“မဟုတ်ပါဘူး .. . ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ပိုက်ဆံရှိတဲ့ အကြောင်းပြချက်ကြောင့်နဲ့ သူ့ခမြာ အပျိုကြီး ဖြစ်ရမယ်ဆိုတာကလည်း ခွင့်မပြုအပ်ပေးဘူးဗျ”

9:59 AM

အချစ်နဲ့ အမုန်း

စာရေးသူ Smilemay

အချစ်နဲ့ အမုန်း

ချစ်တယ် ကြိုက်တယ်

ဆိုပေတယ်လို့

သေအောင်ပင်ဆုတောင်း

ကြောင်းဆုံမှ ပေါင်းရတယ်။

မုန်းတယ် မုန်းတယ်

ဆိုပေတယ်လို့

သေအောင်ပင် ကျိန်ဆဲ

ကြောင်းဆုံမှကွဲ။


အမည်မသိ ကဗျာစာဆို

9:50 AM

ရယ်စရာတိုထွာ (၁၉)

စာရေးသူ Smilemay

မသဘာဝ

Aထောင်ကျ အမျိုးသမီးနှစ်ယောက်သည် ထောင်ထဲတွင် (၁၀) နှစ်တိတိ တစ်ခန်းတည်း အတူနေခဲ့ကြသည်။ သူတို့ နှစ်ဦး တစ်ရက်တည်း အတူလွတ်ကြသည်။

ထောင်အ၀င်ဝတွင် ၄င်းတို့နှစ်ဦး နောက်ထပ် ၂ နာရီကြာဆက်ပြီး စကားပြောနေကြသေးသည်။

@ @ @ @ @ @ @

ကြားလိုက်ရသည်

ဘောလုံးပွဲကြည့် ပရိတ်သတ်တစ်ဦး၏ အားမလိုအားမရ ပြောသံ-

“ရှေ့တန်းက တိုက်စစ်မှုးဆိုတဲ့ အကောင် ပြေးပုံကိုက ကြည့်စမ်း။ ကျုပ်ဒီအတိုင်းရပ်နေတာတောင် သူပြေးတာထက် မြန်းအုံးမယ် . တောက် ”

@ @ @ @ @ @ @

သေတော့မှာပဲ

မြွေပွေးမ နှစ်ကောင်ဆုံကြတော့ တစ်ကောင်ကမေးတယ်-

“ငါ့ကိုပြောစမ်း . ငါဟာ အဆိပ်ရှိသလား”

“ရှိတာပေါ့ နင်ဟာမြွေးပွေးပဲ ဟာ”

“အင်း ၊ ဒါဆိုရင် ငါ့မှာ မျှော်လင့်ချက်မရှိတော့ဘူး”

“ဘာဖြစ်လို့လဲ”

“ငါ့လျှာကို ငါကိုက်မိတယ်”

@ @ @ @ @ @ @

ကျေးဇူးရှင့်

အဖေဖြစ်သူက မီးဖိုချောင်မှာ ထိုင်ပြီး အရက်သောက်နေတယ်။ သမီးဖြစ်သူက ၀င်လာပြီပြောလိုက်ပုံက -

“ဖေဖေ၊ ပုလင်းလွတ်တွေ ယူသွားမယ်နော်၊ ပုလင်းလွတ်တွေ ရောင်းပြီး ဆန်ဝယ်ချင်လို့”

“ယူသွား . .. ယူသွား . . . ဟင်း . . . ငါသာမရှိရင် မင်းတို့ ဘာနဲ့ စားကြမလဲ မသိဘူး”

@ @ @ @ @ @ @

10:50 AM

ရယ်စရာတိုထွာ (၁၈)

စာရေးသူ Smilemay

တွေ့ရာလူကို အကြောင်းကြားပါ

အလုပ်လျှောက်လွာ တစ်ခုမှာ လူတစ်ယောက် ကိုယ်ရေးရာဇ၀င်ကို ဖြည့်စွက်နေရင် တနေရာကျတော့ -

“ထိခိုက်ရလျှင် အနီးဆုံး အကြောင်းကြားရမည့်ပုဂ္ဂိုလ်၏အမည်” ဟူသောအကွက်မှာ ဘာထည့်ရမှန်းမသိစဉ်းစားနေတယ်။

နောက်ဆုံး -

“အနီးနားတွင်တွေ့ရှိသူ” ဟု ဖြည့်စွက်လိုက်သတဲ့။

@@@@@@@@@@@

မဖိတ်ကြလို့

လူတစ်ယောက် အရက်ဆိုင်မှာ စိတ်ပျက်လက်ပျက် အရက်ထိုင်သောက်နေတယ်။ သူစိတ်ညစ်နေတာ အရက်ဆိုင်ရှင့်တွေ့တော့ အနားကပ်ပြီးမေးသတဲ့။

အဲ့ဒီတော့ သူက သြစတေးလျတို့ သွားတော့မှာဖြစ်ကြောင်း သူ့သူငယ်ချင်းတွေ ပါတီပွဲပေးတော့မယ်ဖြစ်ကြောင်းပြောတယ်။ ပါတီပွဲမှာ သီချင်းတွေဆိုကြ၊ ကကြရအောင်လည်းပြောတယ်။ မီကျည်မီးပန်းတွေ တောင် ဖောက်ကြလွတ်ကြမယ်လို့လည်းပြောတယ်။

“ဟာ . . . ဒါပျော်စရာပေါ့၊ ဒါနဲ့ ခင်ဗျားက ဘာဖြစ်လို့ စိတ်ပျက်နေရတာလဲ” လို့မေးတော့

သူက “ ဟာဗျာ ကျုပ်ကို အဲ့ဒီပွဲ တက်ဖို့ မဖိတ်ကြလို့ပေါ့ဗျာ” လို့ပြန်ပြောသတဲ့။

2:16 PM

ရယ်စရာတိုထွာ (၁၇)

စာရေးသူ Smilemay

တို့မှာလည်း သူငယ်ချင်းရှိသားနဲ့

စစ်ထဲဝင်သွားတဲ့ အမေရိကန်အမျိုးသားက ၂နှစ်ကြာတော့ ပြည်ပကပြန်ရောက်လာတယ်။ သူ့မိန်းက ကိုယ်ဝန်ရနေတွေ့တော့ တအား ဒေါသဖြစ်သွားပြီး စစ်မေးသတဲ့ -

“မင်း ငါ့သူငယ်ချင် အယ်လင်နဲ့ ဖြစ်တာလား”

“မဟုတ်ဘူး” လို့ မျက်ရည်လည်ရွှဲနဲ့ ပြန်ပြောတယ်။

“ဒီလိုဆိုရင် စတိဗ်ဆိုတဲံ ငါ့ သူငယ်ချင်းနဲ့လား”

“သြော်မဟုတ်ပါဘူးဆို . . .”

“ဒီလိုဆိုရင် . . . ဟိုဘအရှုးဘရိုင်ယန်လား”

သူ့ယောက်ျား အဖြေမရမချင်အော်နေတော့ မိန်းမက ပြန်ပြောသတဲ့။

“ကျူပ်မှာလည်း ယောက်ျားလေး သူငယ်ချင်းတွေရှိတာ ရှင်မစဉ်းစားမိဘူးလား ဟွန်း” တဲ့။

@@@@@@@@@@@@

ခပ်ပေါ့ပေါ့လေးပဲ

စာကြည့်တိုက်ထဲသို့ လူငယ်တစ်ယောက်ဝင်လာပြီး တာဝန်ရှိတဲ့ စာကြည့်တိုက်မှူးကိုမေးတယ်။ စာကြည့်တိုက်မှုးက ထွက်လာတော့ သူ့ကို တစ်ခုခုဖတ်သင့်တာ ရှာပေးပါလို့ပြောတယ်။

“ခပ်ပေါ့ပေါ့လေးယူမလား” လို့ စာကြည့်တိုက်မှူးက မေးတော့ သူက -

“ကိစ်စ မရှိပါဘူး လေးချင်လေးပါစေ ကျွန်တော့မှာ ကားပါတယ်ဗျာ တဲ့”

ဒါဟာကျိုးကြောင်း ဆီလျော်ပါတယ်။ ဒီမိုကရေစီရဲ့ ပင်ကိုယ်အနှစ်သာာရက ငြိမ်းချမ်းစွာ ပါဝါကို အလှည့်ကျကျ ကျင့်သုံးနိုင်ခြင်းပဲ။ ဘယ်သူ့ပါတီ ဘယ်သူ့လူမျိုး၊ ကိုဖြူ ကိုနီ ကိုမည်း ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိ။ သို့ပေမယ့်ဒီကျင့်ဝတ်မဏ္ဍိုင်ကို အာရပ်မူဆလင် ကမ္ဘာမှာ ကနေထိ မကျင့်သုံး နိုင်ကြသေးဘူး။ အာရပ်ကမ္ဘာ အနေအထားနဲ့ ကျင့်ဝတ်က ”Rule or die’’ ပဲ။ ငါ့အုပ်စုပါဝါရရင်ရ၊ မရရင်ငါသေ။ အကျဉ်းထောင်မှာ တစ်ကျွှန်းမှာ ဘ၀ပျက်။ မတူညီ ကွဲပြားတဲ့ ညီနောင်လူနည်းစုကို သည်းခံမှုပေးနိုင်စွမ်းတဲ့ ယဉ်ကျေးမှုမရှိသေးရင်၊ တူညီတဲ့အခွင်အရေးနဲ့ ဆက်ဆံမှု မပြုနိုင်သေးရင် ဒီမိုကရေစီ အစစ်ကအမြစ်မတွယ်နိုင်ပါဘူး။

သို့သော်ဒိုင်ဗားစတီကို လေးစားတယ်ဆိုရင် သူ့ကိုယ်ပိုင်ယဉ်ကျေးမှုထဲက ပင်ကိုယ်ထွက်လာတာမျိုးကိုပဲ အလေး ဂရုပြုရပါမယ်။ အီရတ်မှာ ကျွန်တော်တို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တယ်။ ဒါပေမဲ့ ဒိုင်ဗားစတီ ယဉ်ကျေးမှုကို ကျွန်တော်တို့ ထိုးမသွင်း နိုင်ကြပါဘူး။ အမေရိကနဲ့ ဥရောပဟာ သူတို့ရဲံ့ ဒိုင်ဗားစတီ ပဒေသာစုံ ယဉ်ကျေးမှုကို မွေးဖွားဖို့ ထိတ်လန့်ဖွယ် ဆိုးရွာတဲ့စစ်ပွဲတွေ ဖြတ်သန်း ခဲ့ရပါတယ်။ အာရပ် မူဆလင်ကမ္ဘာအဖို့ အလားတူအိုင်ဒီယာ စစ်ပွဲတွေကနေ ဒိုင်ဗားစတီ မွေးဖွားနိုင်ဖို့ ဖြတ်သန်းကြရပါဦးမယ်။

ဒီမိုကရေစီ နှစ် ၆၀ ပြည့်ပွဲကျင်းပပြီးတဲ့ အိန္ဒိယကနေ မကြာမီကမှ ကျွန်တော်တို့ ပြန်ရောက်ပါတယ်။ သူ့အိမ်နီးချင်း ပါကစ္စတန်ကတော့ အူပွက်နေတယ်။ နို့ပေမယ့် အခြေခံအားဖြင့် သူတို့ဟာ လူမျိုးတူ၊ ပုံစံတူ၊ အစားအစာတူ၊ ၀တ်တာတူတဲ့ သူတွေပါပဲ။ ပုံသဏ္ဍာန် သွင်ပြင် အတူတူ ဖြစ်ကြပေမယ့် အဓိက ပဓာနကျတဲ့ ကွာခြားချက်ကြီး တစ်ခုရှိပါတယ်။ အိန္ဒိယမှာ ဒိုင်ဗားစတီ ယဉ်ကျေးမှုရှိနေပါတယ်။ အခု အိန္ဒိယဟာ ဒီမိုကရေစီနှစ် ၆၀ ပြည့်ကျင်းပ နေပါတယ်။ ဒီလို ဘာကြောင့် ကျင်းပနိုင်သလဲ ဆိုရင် ထောင်စုချီတဲ့ သူ့ရဲ့ဒိုင်ဗားစတီ အခံကြောင့်ပဲ ဖြစ်ပါတယ်။အိန္ဒိယ ဟာ သူရဲ့ ထောင်စုဒိုင်ဗားစတီပွဲကို နွှဲနေတဲ့သဘောလည်း အဓိပ္ပယ် ယူနိုင်ပါတယ်။ အိန္ဒိယရဲ့ ထောင်စုချီကာလမှာ မူဆလင် စိုးမိုးမှုက ရာစုနှစ်ပေါင်း များစွာ ရှိခဲ့ပါတယ်။

မဂိုအင်ပါယာ အထွတ်ရောက်ချိန် ၁၆ ရာစုမှာ အိန္ဒိယကိုစိုးမိုးခဲ့တဲ့ မူဆလင် အင်ပါယာပြည့်ရှင် အက်ဘာဟာ သူ့နန်းတွင်းမှာ ခရစ်ယာန်၊ ဟိန္ဒို၊ ဂျိမ်းဘာသာဝင်တွေကို ထားရှိပါတယ်။ သူ့ရဲ့ဝါရင့် သက်တော်ရှည် မှူးကြီး မတ်ရာတွေက ဟိန္ဒိုတွေရယ်ပါ သူကံကုန်ခါနီး သလွန်ညောင်စောင်းမှာ လဲလျောင်းနေချိန် ဘရင်ဂျီဘုန်းကြီး တွေက သူ့ကို ဘာသာပြောင်းဖို့ ကြိုးစားပါတယ်။ သူငြင်းဆန်ခဲ့ပါတယ်။ ဒါဟာသူဘယ်သူလဲဆိုတာ သိတဲ့လူတစ်ယောက် အကြောင်းပါပဲ။ ကိုယ့်အနေအထား၊ ကိုယ့်ဘာသာ အယူကိုယ်သိတယ်။ သို့သော်အခြားဘာသာအားလုံး အပေါ်သူလေးစားမှုပြပါတယ်။ ဟိန္ဒိုလည်းဖြစ်၊ အိန္ဒိယ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်တဲ့ နေရူးဟာအက်ဘာဘုရင်ကို အကြီးအကျယ် လေးစားအားကျခဲ့သူ ဖြစ်ပါတယ်။

အက်ဘာက ခနီနှလုံးရှိသူမျှမကပါဘူး။ အခြားယုံကြည်ချက်တွေ၊ အိုင်ဒီယာတွေကို ထွေးပိုက်ကြိုဆိုသူ လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့အင်ပါယာဟာ အိန္ဒိယသမိုင်းမှာ သြဇာအရှိဆုံး ဖြစ်ခဲ့တာပါ။ အိန္ဒိယလိုပဲလူ ထူးလူချွန်တွေရှိတဲ့ ပါကတန်ဟာ အက်ဘာရဲ့ ထုံးနှလုံးမှုနိုင်ပါတယ်။ အာရပ်ကမာအဖို့ လည်းထိုနည်းလည်းကောင်းပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်အဘ်ဒူလာကို ကျွန်တော် ချီးကျူးမိပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ သူ့ရဲ့အံ့ချီးဖွယ် တွေ့ဆုံမှုက အခြားများစွာသော ဆော်ဒီ ဘာသာရေးခေါင်းဆောင်တွေရဲ့ နှလုံးကိုခိုက်သွားစေပါလိမ့်မယ်။ သို့သော် ဒါဟာ သမိုင်းဝင်ဖြစ်ပေမယ့် ဘာမှ အမွေမချန်ခဲ့နိုင်သေးဘူး။ ကျွန်တော့်ဆန္ဒက ပုပ်ဟာ ဆော်ဒီအာရေဗျကို သွားလည်ချင်တဲ့ အာသီသကို လူသိရှင်ကြား ဖော်ပြ လိုက်စေချင်တယ်။ ဆော်ဒီဘုရင်ကလည်း ကြေညာရမယ်။ တစ်စုံဆစ်ဦးက ငါတို့ဒေသ လမ်းပြမြေပုံသစ်ကို စီစဉ်ရမယ်။ ဗာတီကန်မှာ ပုပ်ကိုငါတွေ့နိုင်ရင် ငါ့ရဲ့မြင့်မြတ်တဲ့ အိမ်တော်မှာ ခရစ်ယာန်၊ ဂျူး၊ ဟိန္ဒို၊ ရှိအိုက်၊ ဗုဒ္ဓဘာသာ ခေါင်းတောင်တွေကို ငါဧည့်ခံဆွေးနွေးနိုင်ရမယ်။ ဘာကြောင့်မို့ မဆွေးနွေး နိုင်ရမှာလဲ။ ငါတို့ဟာ ကိုယ့်ယုံကြည်ချက်မှာ အခိုင်အမာ ရှိထားတယ်။ ဒါဆို အားလုံးကို တန်းတူတွေ့ဆုံကြစို့။ ဘာကြောင့်မို့ မတွေ့ဆုံနိုင်ရမှာလဲ။

12:51 PM

ဒိုင်ဗားစတီ (၁)

စာရေးသူ Smilemay

ဒိုင်ဗားစတီ

Thomas L. Friedman ရေးသည်

ပြီးခဲ့သော နိုဝင်ဘာလ အင်္ဂါနေ့တစ်ရက်မှာ၊ ဆော်ဒီအာရေဗျဘုရင် အဘ်ဒူလာက၊ ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်တ်(၁၆)ကို တွေ့ဆုံဂါရ၀ပြုသည်။ ဆော်ဒီသက်ဦးဆံပိုင်ဘုရင်တစ်ပါးနဲ့ ပထမဆုံးတွေ့ဆုံဖူးသော ရိုမန်ကသစ်ခရစ်ယာန်ခေါင်းဆောင်ပါပဲ။ ဆော်ဒီဘုရင်က ပုပ်ကို လက်ဆောင်နှစ်ခုပေးတယ်။ ရတနာကျောက်မျက်စီခြယ်ထားတဲ့ ရွှေဓါးရယ်၊ အုန်းပင်အောက်မှာ လူတစ်ယောက် ကုလားအုပ်စီးနေတဲ့ ငွေပန်းချီကားအရုပ်ရယ် ဖြစ်ပါတယ်။ ဘီဘီစီရုပ်သံအရဆိုရင် ပန်ချီးကားအရုပ်ကို နှစ်သက်သဘောကျပေမဲ့ ဓါးရှည်ကိုတော့ တို့ထိရုံမျှသာပါပဲတဲ့။

ဒီပုဂ္ဂိုလ်နှစ်ဦးတွေ့ဆုံမှုက ကြီးကျယ်လှပါတယ်။ ဘုရင် အဘ်ဒူလာကလည်း လက်ဆောင်တွေနဲ့ လာခဲ့တာ မြင့်မြတ်မှုရှိပါတယ်။ ဒါပေမဲ့ ကျွန်တောအာရုံထဲ ပေါ်လာတာက ဘုရင် အဘ်ဒူလာသာ ပုပ်ရဟန်းမင်းကြီးကို အမှန်တကယ်ရဲဝင့်စွန့်စားမှုနဲ့ လက်ဆောင်မွန်တစ်ခုပေးလိုက်နိုင်ရင် ကမ္ဘာကြီးမှာ ဘာတွေဖြစ်ကုန်မလဲ။ ဒီရဲရဲ့တဲ့ လက်ဆောင်မွန်က ပုပ်အတွက် ဆော်ဒီဝင်ခွင့် ဗီဇ ပါပဲ။

မက္ကနဲ့ မဒီနာဆိုတဲ့ မြင့်မြတ်တဲ့ ဗလီကျောင်းတော်နှစ်ခုကို စောင့်ရှောက်သူအဖြစ်သိထားကြတဲ့၊ ဆော်ဒီအာရေဗျဘုရင်ဟာ ရောမ ဗာတီကန်ကျောင်းတော်က ပုပ်ဆီကို လာလည်တာ ကျွန်တော်တို့ မြင်ကြရပြီ။ နို့ပေမယ့် ပုပ်အဖိုပေတော့ စ္စမ်ရဲ့ ဗာတီကန်လို့ ဆိုရမဲ့ မက္က ဆော်ဒီဘုရင်ဆီ သွားလည်ဖို့ မဖြစ်နိုင်ပါဘူး။ မူဆလင်မဟုတ်သူများကို မက္က ခွင့်မပြုနိုင်ဘူးလေ။

ဒါ့ထက်ပိုပြောရရင် ဆော်ဒီအေရေဗီယမှာ ခရစ်ယာန်ကျောင်း၊ ရဟူဒီကျောင်း၊ ဟိန္ဒူကျောင်း၊ ဗုဒ္ဓဘာသာ ကျောင်းတစ်ခုခု ဆောက်တာက တရားမ၀င်းဘူး။ အခြားဘာသာရေးတစ်ခုခု လူသိရှင်ကြား ကျင့်သုံးမှုက တရားမ၀င်ဘူး။

သတင်းဌာနတစ်ခုခုကပြောသလိုဆိုရင် ခရစ်ယာန်ဘုရားရှိခိုးဆုတောင်းပွဲတွေ တိတ်တိတ်ခိုးလုပ်ကြတယ်။ ဒါပေမဲ့ အစိုးရက သိသွားရင် တော့ ချေမှုန်းတာပဲ။ ဆုတောင်းမှုတွေပြုလုပ်ကြတဲ့ ဖိလစ်ပိုငးအလုပ်မားတွေဆို ပြန်ပို့ခံရတာမနည်းဘဲ။ ဆော်ဒီအာဏာပိုင်တွေကတော့ တမန်တော် မိုဟာမက်ရဲ့ အစဉ်အလာကို မမြဲ ဥပမာပေးပါတယ်။ မိုဟာမက်ရဲ့ အလိုအရ အာရေဗျကျွန်းဆွယ်မှာ စ္စာမ်ဘာသာကိုပဲ လိုက်နာကျင့်သုံးရမယ်လို့ ဆိုထားခဲ့ပါတယ်။

ဒီအချက်ကိုပြောနေရတာက ဒိုင်ဗားစတီ(Diversity) ဆိုတဲ့ ထွေပြားမှုအကြောင်းပြောချင်လို့ပါပဲ။ ဒိုင်ဗားစတီးရဲ့ အနှစ်သာရက မိမိနဲ့ မတူကွဲပြားခြားနားတဲ့တူကို ဘယ်လိုအနေအထား၊ ဘယ်လိုအခြေအနေနဲ့ သည်းခံမှုပေးမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒိုင်ဗားစတီ ကစ္စဟာ လဘနါန်ကနေ အီရတ်၊ ပါကစ္စတန်တို့အထိ အစစလာမ်ကမ္ဘာထဲကို ကနေ့ လှိမ့်ဝင်နေပါပြီ။ ခရစ်ယာန်ကျောင်းတွေ ဗလီတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အတော်များများ ဗုံးဖောက်ခွဲမှုခံရပါတယ်။

ဝါရင့်ပြင်သစ် အရာရှိကြီးတစ်ယောက်က ကျွန်တော့ကို ပြောဖူးတယ်။ ကျွန်တော်တို့ အနောက်နိုင်ငံသားတွေ အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီ မြှင့်တင်ဖို့ ကြိုးစားနေတာထက်၊ ဒိုင်ဗားစတီ မြှင့်တင်ဖို့ အာရုံစိုက်ကြဖို့ ကောင်းတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ဒိုင်ဗားစတီးစာ အရှေ့အလည်ပိုင်းမှာ သမိုင်းကြောင်းရှိခဲ့ဖူးလို့ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာယဉ်ကျေးမှု ပဒေသာ စုံခဲ့ဖူးတဲ့ သမိုင်းဝင်ဇာစ်မြစ် ရှိခဲ့တာမို့ ဒါကို ပိုဇောာင်းပေးသင့်ပါတယ်တဲ့။

(The Wave Magazine မှ ဘာသာပြန်သူ နာမည် ဦးကျော်ဝင်းလားမသိဘူး စမိုင်းမေ မေ့သွားတယ် သိတဲ့သူရှိရင် ပြင်ပေးပါရှင့် စာအုပ်က စမိုင်းမေမှာမရှိတော့လို့ပါ။ )

12:37 PM

ရယ်စရာတိုထွာ (၁၆)

စာရေးသူ Smilemay

အထင်မှားလိမ့်မယ်

တနင်္ဂနွေနေ့မှာ မိန်းမက ယောက်ျားကိုပြောတယ် -

“မနက်အစောကြီးတောင် အိုက်လိုက်တာလွန်ပါရော၊ ကိုယ်ပေါ်အ၀တ်အစား ထပ်ဝတ်ရဦးမယ်ဆိုရင် သေလိမ့်မယ်ထင်တယ်။ အ၀တ်အစားမ၀တ်ပဲ ခြံထဲ အလုပ်လုပ်မယ်ဆိုရင် အိမ်နီးနားချင်းတွေ ဘယ်လိုထင်မယ်လို့ ရှင်ထင်လဲ”

“ပိုက်ဆံမက်ပြီး မင်းကိုယူတယ်လို့ထင်မှာပေါ့”

@@@@@@@@@@@@@

မင်းရောပဲကို

ယောက်ျားဖြစ်သူ အိမ်သို့မျက်နှာ ညှိုငယ်စွာနဲ့ပြန်လာသည်။ အ၀တ်အစားချွတ်ပြီး မီးဖိုချောင်ဘက်သို့သွားသည်။ အစာကို အရသာမရှိစွာစားသည်။ စားနေရင်းလည်း အဓိပါယ်ကင်းမဲ့စွာ နံရံကို စူးစိုက်ပြီးကြည့်နေသည်။

မိန်းမဖြစ်သူက အိမ်ယာဝင်တဲ့အချိန်ထိ ၀မ်းသားစရာစကားကို မစောင့်နိုင်တော့ပဲ မီးဖိုချောင်က တက်ကြွစွာထွက်လာပြီး ပြောလိုက်သည်။

“မောင်. . . ကျမမှာ ကိုယ်ဝန်ရှိနေပြီ”

ယောက်ျာဖြစ်သူက စိတ်မသက်သာစွာနဲ့

“သြော် . . . မင်းရောပဲကို”

@@@@@@@@@@@@@@@@

ကြိုတင်ပြင်ဆင်မှု

တရားသူကြီးက သက်သေကိုမေးသည်။

“အခင်းဖြစ်တဲ့နေရာမှာ ခင်ဗျားဘယ်လောက်အကွာမှာ ရပ်နေခဲ့သလဲ”

“၃ မီတာနဲ့ ၇၈ စင်တီမီတာတိတိ အကွာမှာ”

“တိကျ သေချာလှချည်းလား”

“ကတ်သီးကပ်ဖဲ့မေးတတ်တဲ့ငနဲပေါ်လာရင် ဖြေနိုင်အောင်ဆိုပြီးသေချားတိုင်းထားတာ”

@@@@@@@@@@@



မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာ ကုစားပါအံ့
သမီး၏လုံ့လ၀ီရီိယဖြင့် နာလန်ထူပါစေအံ့ . . .

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ. . . .


တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ် . . .

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား . . .

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်. . .

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု. . .

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ တောင့်တပါ၏ . . .

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။
အောင်ဆန်းစုကြည်

10:36 AM

ရယ်စရာတိုထွာ (၁၅)

စာရေးသူ Smilemay

ပရိုဂရမ်မာတွေ စန်းပွင့်လိုက်ပုံများ

ပရိုဂရမ်မာသမား တစ်ယောက် အပြင်းအထန် နာမကျန်းဖြစ်ပြီး မျောသွားခါ ယမမင်းထံသို့ ရောက်သွားလေသည်။

ယမမင်း -- အမောင်လူသားရဲ့ Profile အလွန်းကောင်းပါတယ်။ ဒါနနဲ့ သီလကုသိုလ်တွေများစွားရှိလို့က နတ်ပြည်၊ နတ်ရွာသွားနိုင်ပါတယ်။

ပရိုဂရမ်မာ -- ကျေးဇူးတင်ပါတယ်။

ယမမင်း -- အမောင်လူ့ပြည်မှာ ဘာလုပ်လုပ်ပါသလဲ။

ပရိုဂရမ်မာ--ကွန်ပျူတာ ပရိုဂရမ်မာပါ။

ယမမင်း -- ဟန်ကျလိုက်တာ။ ငါတို့ ငရဲပြည်မှာ ဒေါ့ကွန်းလုပ်ပြီး Web မှာ တင်ဖို့ တိုင်ပင်နေတုန်း အမောင် ရောက်လာတာပဲ။ကဲ . . . ဆုံးဖြတ်မယ်၊ နာခံစေဗျား။ အမောင်ဟာငရဲပြည်မှာအလုပ်လုပ်ဖို့အတွက် ရာသက်ပန်နေစေဗျား။

ပရိုဂရမ်မာ -- အောင်မလေးဗျာ။

မှတ်ချက် - အင်တာနက်ဂျာနယ်ကပါ။

@@@@@@@

Hubby & His Picture

Hubby: You always carry my photo in your handbag to the office. Why?

Wife: When there is a problem, no matter how impossible, I look at your picture and the problem disappears.

Hubby: You see, how miraculous and powerful I am for you?

Wife: Yes, I see your picture and say to myself, "What other problem can there be greater than this one ?"
............

12:47 PM

ရယ်စရာတိုထွာ (၁၄)

စာရေးသူ Smilemay

သတင်းစကား

ယောက်ျားပျောက်သွားတဲ့အတွက် ကူရှာပေးဖို့အတွက်ရဲစခန်းကို မိန်းမဖြစ်သူက လာပြောတယ်။

ယောက်ျားရဲ့ ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် အရာရှိက အမျိုးသမီးကိုပြောတယ်-

“ကောင်းပြီ ခင်ဗျားယောက်ျားကို ကြိုးစားပြီးရှာပေးပါမယ့် တွေ့ရင် ဘာပြေားပေးလိုက်၇မလဲ”

“ ပြောလိုက်ပါ။ ကျွန်မတို့အိမ်မှာ လာနေမဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်တယ်လို့ ”

ဆရာမပြနည်းမကျ

ဌာနမှုးက ယနေ့မှ အလုပ်ဝင်သော လူငယ်ကိုပြောတယ် -

“ကိုင်. . . အစ အနေနဲ့ ကြမ်းတိုက်ပါ”

လူငယ်က ဒေါသကို ထိန်းထားရဟန်ဖြင့် ပြန်ပြောတယ်-

“ကျွန်တော် ဘွဲ့ရပါခင်ဗျ”

“သြော် ဟုတ်လား။ ဒါဆိုရင် ကြမ်းဘယ်လိုတိုက်ရတယ်ဆို ငါပြမယ်။ သေသေချာချာ ကြည့်ထား”

လျှော့အော်

လူငယ်က အထက်အရာရှိကိုပြောတယ်-

“ကျွန်တော် အန်ကယ်တို့ ရုံးမှာအချိန်ပိုင်း အလုပ်သမားဖြစ်တယ် ဒါကြောင့် ကျွန်တော်ကို အော် ရင် လျှော့အော်ပါ ချင်ဗျာ့”


မတွေ့မိလို့

“ဟေ့ . . . သူငယ်ချင်း မင်းနဖူးမှာ “ဘု” ကြီးနဲ့ပါလား ဘာဖြစ်လို့လဲ”

“ဟိုမှာ ကြည့်စမ်း ဟိုနံရံမှာ ချိတ်ထားတဲ့ မီးအိမ်ကိုတွေ့လား”

“တွေ့တယ်”

“အေ . . . ငါ .. မတွေ့လိုက်ဘူး”

နေလိုယောက်ျား

“ကျွန်မ ယောက်ျားက နေလိုပဲ”

“ဥပမာပေးတာ လှလှချည်လား ရှင်းအောင်းလင်းစမ်းပါအုံး”

“ညနေကျရင် ပျောက်သွားတယ်၊ မနက်ကျမှ ပေါ်လာတယ်လေ”

3:30 PM

Cease-fire in Kachin State

စာရေးသူ Smilemay



Cease-fire in Kachin State


SPDC officer: "Simsa Lam" is "Peace" in English
"Hkye law mi law" is "Help me"

The NDAK is the New Democratic Army Kachin (state), one of the cease-fire groups.

The cartoon came from the Kachin News Group.

ဒါအပြင် သူ့သူငယ်ချင်းက သူ့လောက် ခန္ဓာမတောင့်တင်းတော့ ဘာပဲဖြစ်ဖြစ် Hikari ကပဲ သူ့သူငယ်ချင်းကို စောင့်ရှောက်နေရပါတယ်။ အိမ်မှာဆိုရင် ကျွန်တော်တို့က Hikari ကို စောင့်ရှောက်ရတယ်။ အခုတော့ သူက သူ့သူငယ်ချင်းကို စောင့်ရှောက်နိုင်လာတော့ သူ့ကိုယ်သူ ယုံကြည်မှုနဲ့ သူ့အားသူကိုးလိုစိတ် ပိုမိုပေါ်ပေါက်လာပါတယ်။

နောက်တစ်နှစ်ကြာတော့ သူနဲ့ သူ့သူငယ်ချင်း ငှက်သံလေးတွေကိုသာမက လူတွေ တီထွင်းထားတဲ့ ဂီတသံလေးတွေကိုပါ နားလည်လာကြတယ်။ တစ်ခါတံရံ သူ့သူငယ်ချင်းကြိုက်တဲ့ ရေဒီယို သီချင်းလေးတွေကိုတောင် စာရွက်မှာ မှတ်ထားတာကို တွေကိုတောင် သူ့ထံမှာ တွေ့ရပါတယ်။

ဂျပန်ပြည်မှာ ၁၂ တန်းပြီးရင် အခြေခံ ပညာ ပြီးစုံးတာပါပဲ။ Hikari နဲ့ သူ့သူငယ်ချင်းတို့လို့ ခန©ာကိုယ်ချို့ယွင်းနေတဲ့ ကလေးတွေအဖို့ ၁၂ တန်းပြီး သွားရင် ကျောင်းပညာရေးတစ်ခုလုံးဟာ ပြီးသွားတာပါပဲ။ ဒီတော့ သူတို့ ၁၂ တန်းပြီး သွားတဲ့အခါမှာ သူတို့ အဖို့ ပညာရေးဟာ ပြီးသွားပြီလို့ သူတို့ဆရာတွေက ပြောပါတယ်။ အဲ့ဒီနောက် သူတို့အတွက် ပညာသင်ယူမှု ပြီးဆုံးကြောင်း အထိမ်းအမှတ်ပွဲ တစ်ခု ကျင်းပပေးပါတယ်။

(အဲ့ဒီလို ပါတီကျင်းပတဲ့အခါမှာ အကြိမ်ကြိမ် သူတို့အဖို့ နောက်တစ်နေ့ကစပြီး ကျောင်းတက်ဖို့ အလိုတော့ဘူးပြောတဲ့အခါမှာ Hikari က ဒီလိုပြောတယ် “ဒါဟာ ထူးဆန်းတယ်” တဲ့။)

ဒီတော့ သူ့သူငယ်ချင်းက ဘာပြောသလဲ။ သူလည်း သူ့နှလုံးသားမှာ ရှိတာကို ဒီလိုပြောတယ်။ “ဟုတ်တယ် ဒါဟာ ထူးဆန်းတယ်”တဲ့။ အဲ့ဒီနောက်မှာတော့ သူတို့မျက်နှာမှာ တအံ့တသြဖြစ်နေတဲ့ လဏ©ာတွေကိုတွေ့ရတယ်။ ဒါပေမဲ့ အဲ့ဒီလို တအံ့တသြဖြစ်နေတဲ့မျက်နှာမှာပဲ ရွှင်ပြနေတဲ့ မျက်နှာကိုထပ်ပြီးမြင်တွေ့နေရတယ်။

အဲ့ဒီနောက် သူတို့ခံစားချက်နဲ့ ပါတ်သက်ပြိး ကျွန်တော်ကဗျာတစ်ပုဒ်ရေးသားကာ Hikari ကို ပေးပါတယ်။ ဒီကဗျာလေးကို Hikari က သီးချင်းအဖြစ် သီကုံးဖွဲံခဲ့ပါတယ်။ အဲ့ဒီ သီချင်းခေါင်းစဉ်လေးကတော့ Graduation (ပြီးဆုံးသွားတဲ့ ပညာသင်ယူရေး) ဆိုတဲ့ ခေါင်းစဉ်ပါပဲ။ ဒီသီချင်းလေးကို အခုဆိုရင် အချို့ပွဲတွေမှာတောင် သီဆိုနေကြ့ပီး ဒါကို နားထောင်သူများလာတာကိုလည်း တွေ့ရပါတယ်။

(အခုဆိုရင် Hikari အဖို့ ဂီတဟာ အရေးကြီးဆုံးသောစကားဖြစ်နေပါတယ်။ ဒီစကားကိုသုံးပြီး သူ့ရဲ့လေးနက်ပြီး ကြွယ်ဝတဲ့ ခံစားချက်တွေကို သူထုတ်ဖော်နေပါတယ်။ ဒီစကားအားဖြင့် သူဟာ အခြားသူတွေနဲ့ ဆက်သွယ်နေပါတယ်။ ဒီစကားအားဖြင့် သူနေထိုင်တဲ့ လူမှုအဖွဲ့အစည်းအတွင်းမှာ သူရဲ့နေရာကို သူဖော်ထုတ်နေပါတယ်။ အဲ့ဒီလို အရည်အသွေးတွေရှိလာအောင် မျိုးစေ့ချပေးတာကတော့ သူ့မိသားစုပါ။ အဲ့ဒီမျိုးစေ့အပင်ပေါက်လာအောင် ပျိုးထောင်းပေးတဲ့ နေရာကတော့ သူ့ကျောင်းပါပဲ။

Oe ၏ အရေးအသားများကို ဖတ်ရှုအပြီးတွင် စာရေးသူများ၏စိတ်တွင်ဖြစ်ပေါ်လာသော ကျောင်းနှင့်ပါတ်သက်သော ပုံကားချပ်မှာ ကျောင်းဟူသည် လူနေမှု တစ်ရပ်တွင် မရှိမဖြစ်လိုအပ်၏။ ကျောင်းဆိုသည်မှာ ကျန်မားသန်စွမ်းသော ကလေးများအတွက်သာမက ကိုယ်ခန္ဓာ ချို့ယွင်းသော ကလေးများအတွက်ပါ လိုအပ်သည်။ ထို့ကြောင့် ကျောင်းဆိုသည်မှာ ကလေးအားလုံးအတွက် လိုအပ်သော နေရာဌာန တစ်ခုဖြစ်၏။

လူမှုအဖွဲ့အစည်းတစ်ခုတွင်း နေထိုင်ကြသော လူသားများအဖို့လည်း မိမိဘ၀၏ အဓိပါယ်ကို မိမိလူနေမှု အဖွဲ့အစည်းတွင်သာ ရှာဖွေ့ကြရမည်ဖြစ်ပြီး တောထဲတွင်သွား ရှာဖွေရန်မဟုတ်။ ထိုသို့ရှာဖွေရာတွင် ပထမဆုံးရှာဖွေရမည့်နေရာမှာ မိမိ၏ မိသားစုတွင်း၌ဖြစ်၍ ထို့နောက် တစ်ဆင့်တက်ပြီး ရှာဖွေရမည့်နေရာမှာ ကျောင်းဖြစ်သည်။

စင်စစ် ကျောင်းဆိုသည်မှာ ခေတ်တစ်ခေတ်တွင် နေထိုင်သူများ၏ ဘ၀နှင့် ယင်းခေတ်နောက်တွင် ဖြစ်တည်လာသော လူနေမှုဘ၀တို့ကို ဆက်စပ်ပေးသော နေရာလည်းဖြစ်သည်။ စင်စစ် ကျောင်းဆိုသည်မှာ ပင်မဘ၀ရေစီးကြောင်းမှ ပြင်ပသို့ေ၇ာက်နေသည့် ကလေးများအား ပင်မရေစီးကြောင်းထဲသို့ ပြန်ဝင်လာနိုင်အောင် ဆောင်ကြဉ်းပေးသော နေရာလည်း ဖြစ်သည်။ ထို့ကြောင့် ကလေးလူငယ်တိုင်းသည် ကျောင်နေသင့်ကြသည်။ ကျောင်းတက်သင့်ပေသည်။ ကျောင်း၌ ပျော်နေကြသင့်သည်။

ပါမောက္ခဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ)

ဒေါက်တာလှနုထွေး (ဒဿနဗေဒ)

- ပြီးပါပြီ။ -


ဒီလိုတွေးပြီး Oe မှာ တဖန်ဝင်လာတဲ့ အတွေးကတော့ (ဒီအတန်းထဲက ကလေးတွေ။ ဒီအတန်းပြင် ကစားကွင်းထဲမှာ ရှိနေတဲ့က ကလေးတွေ က၊ျွန်တော့်လိုပဲ အသက်ကြီးအောင် မနေကြရပဲ သေကြရတယ်။။ ဒီ့နောက်မှ တဖန် သူတို့ အမေတွေက ကလေးတွေ မေးကြပြီး သေသွားတဲ့ ကလေးတွေနဲ့ တသွေမတိမ်းတူအောင် သေသွားခဲ့တဲ့ ကလေးတွေမြင်ခဲ့ဖူးတာတွေ၊ ကြားခဲ့ဖူးတာတွေ၊ ဖတ်ခဲ့ဖူးတာတွေ၊ လုပ်ခဲ့ဖူးတာတွေ သူတို့က သင်ပေးထားတဲ့ကလေးများလား။ ဒီလို ကျွန်တော် တွေးနိုင်ဖို့ မြင်ရတဲ့ အထောက်အထားကတော့ သေသွားတဲ့ ကလေးတွေရော သူတို့ နေရာ ပြန်ဝင်ထာတဲ့ ကလေးတွေရော ဘာသာစကား တစ်ခုတည်းကိုပဲ ပြောနေကြတာပဲ ဖြစ်ပါတယ်။

ဒီလိုအတွေမျိုး ၀င်လာသည်နှင့် တစ်ပြိုင်နက် Oe သည် ကျောင်းနေရခြင်း၏ အဓိပါယ်ကို မြင်တွေ့လာပါတော့သည်။ ထို့ကြောင့် ဤသို့ သူက ပြောခဲ့၏။ “အကယ်၍သာ ကျွန်တော်ဟာ တောထဲကိုသွား တွေ့ရတဲ့ သစ်ပင်တွေနဲ့ စာအုပ်ထဲမှ သစ်ပင်တွေကိုသာ ကျွန်တော် တစ်ယောက်ထဲ နှိုင်းယှဉ်ကြည့်နေဦးမယ်ဆိုရင် သေသွားတဲ့ ကလေးနေရာမှာ နောက်ထပ်ကလေးတွေ အစားထိုးဝင်လာနိုင်မှာ မဟုတ်ပါဘူး။ သေသွားတဲ့ ကလေးများနေရာမှာ နောက်ထပ်မွေးလာတဲ့ ကလေးများက ၀င်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ ဟာ ကျောင်းသွားရမှာ ဖြစ်ပါတယ်” လို ရေးသားထားပါတယ်။

ဤမျှဖြင့် Oe သည် သူမေးခဲ့သော မေးခွန်းဖြစ်သည့် “ ကျွန်တော်တို့ ဘာကြောင့် ကျောင်းနေရမှာလဲ” ဆိုသည့် မေးခွန်း၏ ပထမပိုင်းအဖြေကို ပေးသွားပါသည်။ သို့သော် ဒီအဖြေသည် မည်သို့သော အဖြေဖြစ်သည်ကိုမူ အခုအထိ ကျွန်တော်အဖို့ မရှင်းလင်းသေးပါ။ သူ့အဖြေကို ရရှိရန် စဉ်းစားရအုံးမည်ဖြစ်သည်။ ကျွန်တော်တို့ စဉ်းစားမိသလောက် သူ့အဖြေမှာ “ကျွန်တော်တို့သည် ကျောင်းနေသင့်ကြသည်။ ” အဘယ်ကြောင့်ဆိုတော် ကျောင်းသည်သည တစ်ဦးစီးသော လူသားတို့၏ ဘ၀ဟောင်းနဲ့ ဘ၀သစ်ကို ဆက်စပ်ပေးနိုင်သည်။ အချုပ်အားဖြင့်ဆိုတော် ကျောင်းသည်သာ လူမျိုးတစ်မျိုး၏ ရှင်သန်ကြီးထွားဆက်စပ်မှုကို ပြနိုင်သည်။” ဟု ဆိုလိုဟန်ရှိပါ၏။

ဖော်ပြခဲ့ပြီးသော မေးခွန်းအတွက် Oe ပေးသော ဒုတိယပိုင်းအဖြေမှာ သူ၏ သား Hikari နှင့် ပတ်သက်သည်။ Hikari သည် မွေးလာကတည်းက သူ၏ ဦးခေါင်းနှောက်တွင် အလုံးကြီးတစ်လုံးနှင့် မွေးလာခဲ့ရ၏။ ဆရာဝန်တို့က သူ၏ ဦး ခေါင်းနှင့် ကပ်ပါလာသော ဂရုတ်တစိုက် အလုံးကြီးကို ခွဲထုပ်ပစ်နိုင်ခဲ့သည်။ ထိုနောက် Hikari ၏ ခန©ာကိုယ်မှာ ကြီးထွားလာသော်လည်း လေးငါးနှစ် အရွယ်ထိ စကားမပြောနိုင်ပါ။ သို့သော် အသံများကို ခွဲခြားနိုင်စွမ်းရှိပါသည်။

သို့သော်သူသည် လူစကားကို ပထမတွင် နားမလည်ခဲ့ပေ။ သူပထမဆုံးနားလည်ခဲ့သောအသံမှာ ငှက်သံ တစ်သံနှင့် တစ်သံ ကွဲပြားခြားနားမှုပင်ဖြစ်သည်။ အခြားကလေးများ ၆ နှစ်ရောက်လျှင် ကျောင်းသွားကြသော်လည်း Hikari ကိုမူ ၇ နှစ်ရောက်မှ ကျောင်းထားနိုင်ခဲ့သည်။ ထိုသို့ ကျောင်းထားသော အခါမှာလည်း ပုံမှန်ကျောင်းများတွင် မထားနိုင် ကိုယ်လက် အင်္ဂါချို့ယွင်းသောသူများ အတွက် သီးခြားဖွင့်ထားသော ကျောင်း၌ထားရသည်။ သူ၏ ကျောင်းခန်းထဲမှာ တစ်ချိန်လုံး အော်ဟစ်နေသော ကျောင်းသားများလည်းရှိသည်။ တချို့ ကျောင်းသားများမှာ ထိုင်မနေနိုင် ထပြီး ပြေးနေကြသည်။ တံခါတရံ ဟိုပြေး ဒီပြေးနဲ့ ခုံတွေကို တိုက်မိကြသည်။ Oe မှာ အပြင်မှာနေပြီး သူ့သား၏ အခြေအနေကို ကြည့်သည်။ သူ့သား Hikari သည် အသံများကိုကြားသောအခါ သူ့နားနှစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့် အုပ်ပြီး ဆန့်ဆန့်ကြီးထိုင်နေသည်ကို တွေ့ရသည်။

အဲ့ဒီအခါ ကျွန်တော်ကို ကျွန်တော် မေးခွန်းတစ်ခုမေးမိပါတယ်။ အဲ့ဒီမေးခွန်းကတော ‘’Hikari ဘာကြောင့် ကျောင်းသွားရပါသလဲ” ဆိုတဲ့မေးခွန်းပါ။ သူဟာ အခုချိန်ဆိုရင် ငှက်တွေရဲ့ အသံကို ကောင်းကောင်းမှတ်မိနေပြီ။ ပြီးတော့ အဲ့ဒီငှက် တွေ အသံကြားရင် ဘယ်အသံဟာ ဘယ်ငှက်ရဲ့  အသံလဲဆိုတာကိုတောင် ကျွန်တော်တို့ သူ့ကို ပြောထားလို့ သူမှတ်မိနေပါပြီ။ ဒီလိုအခြေအနေမှာ Hikari လေးနဲ့ အတူ ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ တော၇ွာလေးကို ပြန်နေကြရင် မကောင်းပေဘူးလား။ အဲ့ဒီလို ကျွန်တော်တို့ တောကို ပြန်နေရင် Hikari လေးလဲ ငှက်သံနားထောင်နိုင်မယ် ။ ကျွန်တော့ဇနီးကလည်း မီးဖိုချောင်တစ်ဖက်နဲ့ အခြားတစ်ဖက်ကလည်း သူဝါသနာပါတဲ့ ကျွန်တော့တိုပုံကို ပန်းချီိုဆွဲနိုင်မယ်။ ဒါတွေဟာ ဘာကြောင့် မဖြစ်နိုင်ရမှာလည်း။

ကျွန်တော်စဉ်းစားနေစဉ် ကျွန်တော် မရနိုင်သေးတဲ့ အဖြေကို Hikari က အဖြေရသွားတယ်။ ဒါကတော့ သူ့အတန်းထဲမှာ သူ့လိုပဲ ဆူညံသံတွေ မကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရှာတွေ့သွားတယ်။ (အဲ့ဒီအချိန်ကစပြီး သူတို့နှစ်ယောက် စာသင်ခန်းရဲ့ ထောင့်တစ်ထောင့်မှာ အတူထိုင်ကြပြီး တစ်ဦးလက်ကိုတစ်ဦးကိုင်ကာ စာသင်ခန်းထဲမှာ ဆူညံတဲ့အသံတွေကို ခံနိုင်ရည်ရှိအောင် လုပ်နေကြပါတယ်။)

ဒီမှာတင် ကျွန်တော်ဟာ ကျောင်းနေချင်တဲ့ စိတ်ကင်းမဲ့သွားတော့တာပဲ။ ကျွန်တော်မျက်ရည်ကျမိတယ်။ နောက်တနေ့ရောက်တော့ ကျောင်းကို သွားပါတယ်။ ဒါပေမဲ့ စာသင်ခန်းထဲကိုတော့ မရောက်တော့ဘူး။ ကျောင်းထဲဝင်ပြီး ကျောင်းနောက်တံခါးပေါက်ကနေထွက်ခဲ့တယ်။ ကျောင်းနားမှာရှိတဲ့ သစ်တေားနားကို သွားမိတယ်။ အဲ့ဒီမှာပဲ ညအထိ နေခဲ့တယ်။

ကျွန်တော်က သစ်ပင်တွေကို ချစ်မြတ်နိုးတယ်။ သစ်ပင်တွေနဲ့ပတ်သက်တာ တွေ့ရင် စုဆောင်းထားတယ်။ ကျွန်တော်ဆီမှာ သစ်ပင်နဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ် အဲ့ဒီအခါက ရှိတယ်။ ဒီစာအုပ်ကြီးထဲမှာ သစ်ပင်တစ်ပင်စီ သူတို့ရဲ့ လက©ဏာတွေကို ရှင်းပြထားတယ်။ ကျွန်တော့မိသားစုက သစ်ပင်နဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းပြုသူဖြစ်တယ်။ ကျွန်တော်လည်း သူတို့တွေလိုပဲ သစ်ပင်နဲ့ အသက်မွေးဝမ်းကျောင်းပြုချင်ပါတယ်။ ဒါကြောင့် သစ်ပဲနဲ့ပဲ နေချင်တော့တယ်။ သစ်တောထဲပဲနေချင်တော့တယ်။ ကျောင်းမသွားချင် တော့ဘူး။

သစ်ပင်တွေကို သေချာလေ့လာရင် ကျွန်တော့အဖို့ အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်လာနိုင်တယ်မဟုတ်လား။ သစ်ပင်တွေက ကျွန်တောလို့ကလေးအတွက်လဲ စိတ်ဝင်စားစရာပါ။ ကျွန်တော်ကြီးလာလို့ အသက်မွေးဝမ်းကျောင်းပြချင်ရင်လည်း သစ်ပင်တွေကို သိထားတာ အကျိုးရှိပါတယ်။ ကျောင်းဆိုတာဘာလဲ။ ငယ်တုန်း စာသင်ရတဲ့ နေရာတွေပဲ မဟုတ်လား။ အဲ့ဒီလို ငယ်စဉ် ကောင်းကောင်းပြင်ဆင်ထားမှ ကြီရင် အသက်မွေးဝမ်းကျော်ငး ကောင်းကောင်းပြုနိုင်မယ်လို့ ဆိုတယ်။ ဒါကတော့ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်။ ဒါပေမယ့် ကျောင်းမှာ နေစဉ်ကတော့ ကျောင်းတွေက ကလေးတွေကို ဘာများ ကောင်းကျိုးပြုနိုင်မှာလည်းလို့ တွေးမိတယ်။

ဒီလိုနဲ့ပဲ ဆောင်းရာသီကိုရောက်ခဲ့တယ်။ ဆောင်းရာသီတစ်ရက်မှာတော့ မိုးက သည်းထန်စွာရွာနေတယ်။ ဒီလိုမိုးတွေ ရွာနေပေမဲ့ ကျွန်တော်ကတော့ သစ်တောထဲ သွားဖြစ်အောင်သွားခဲ့တယ်။ မိုးဟာ သဲတာထက်ပိုမိုသဲလာတယ်။ ဒီနောက်တော့ သစ်တောတစ်ခုံးလုံးဟာ အရင်းကတစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ရေစီးကြောင်းတွေဖြစ်လာပြီး မြင့်တက်လာတယ်။ လမ်းတွေဟာ ရွှံ့ဗွက်တောင်ဗို့တွေအောက်မှာ နှစ်မြှုပ်သွားတယ်။ အချိန်ကလည်း ညနေစောင်းနေပြီ။ တောင်ကြားလမ်းတွေက ဆင်းလို့ မရတော့ဘူး။ နောက်တော့ ကျွန်တော် ဖျားချင်သလိုလိုဖြစ်လားပြီး သစ်ပင်ကြီးတစ်ပင်အောက်မှာ နားနေရင် လဲကျသွားတယ်။ ကျွန်တော် နှစ်ရက်လောက် အဲ့ဒီသစ်ပင်အောက်မှာနေခဲ့ရတယ်။ နှစ်ရက်လောက်ကြာတော့မှ ရွာမှ မီးသတ်တပ်ဖွဲ့ဝင်တွေက ကျွန်တော့ကိုရှာတွေ့ကြပါတယ်။

အဲ့ဒီနောက် ကျွန်တော် အိမ်ပြန်ရောက်သွားပါတယ်။ အိမ်ပြန်ရောက်သွားပေမဲ့ အဖျားကတော့ ကျမသွားပါဘူး။ ဒါကြောင့် ကျွန်တော့တို့ ရွားနားက မြို့က ဆရာဝန်ကိုပင့်ပါတယ်။ သူရောက်လာတဲ့အခါ သူ့အနေနဲ့ ကျွန်တော်ကို ကုသပေးနိုင်တဲ့ ဆေးမရှိဘူးလို့ ပြောပါတယ်။ သူပြောတာကို ကျွန်တော် သဲ့သဲ့လေးကြားလိုက်တာပါ ခေါင်းမထူနိုင်ဘူး။

ကျွန်တောဖျားနေစဉ် စိတ်ဓါတ်တင်းထားနိုင်တာကတော့ ကျွန်တော့အမေပါပဲ။ အဲ့ဒီအခါ သူကတော့ ကျွန်တော့ အသက်ရှင်ရေးအတွက် မျှောင်လင့်ချက်ကို မစွန့်နိုင်တဲ့ တစ်ဦးတည်းသော လူသားဖြစ်ပါတယ်။ ကျွန်တော့အဖို့ကတော့ လေပူတွေနဲ့ လွမ်းခြုံထားတဲ့ ကမ္ဘာကြီးထဲေ၇ာက်နေသလိုခံစားနေရပါတယ်။ အားနည်းပြီး အဖျားဒဏ်ခံနေရပါတယ်။

အခြားဂျပန်အိမ်လိုပဲ ကျွန်တော်တို့ အိမ်မှားလည်း ကြမ်းပြင်တစ်ခုလုံး သင်ဖြူးခင်းထားပါတယ်။ အဲ့ဒီ သင်ဖြူးပေါ်မှာမွေ့ရာခင်းတတယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်လည်းနေရတာပါ။ ကျွန်တော် အပြင်းဖျားနေလို့ ညအတန်ကြား အိပ်ရေးပျက်နေတဲ့ ကျွန်တော့အမေကတော့ ကျွန်တော့်ခေါင်းရင်မှာ ထိုင်နေပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော် အလွန်းအားနည်းသော လေသံနဲ့ “အမေ ကျွန်တော် သေရတော့မှာလားလို့” မေးမိတယ်။ အဲ့ဒီအခါ အမေက “မင်းမသေပါဘူး”လို့ ပြောတယ်။ ပြီးတော့လည်း “မင်းမသေဖို့ အမေအမြဲဆုတောင်းနေတယ်လို့ပြောတယ်” လို့ ပြောပါတယ်။

ဆရာဝန် လာကြည့်တုန်းကတော့ ဆရာဝန်ကိုယ်တိုင်က “ဒီကလေး သေနိုင်တယ်၊ သူ့အတွက် ကျွန်တော်အနေနဲ့ ဘာမှ လုပ်ပေးနိုင်တာမရှိဘူး” လို့ ပြောတာကို ကျွန်တော်ကိုယ်တိုင် ကြားမိတော့ ကျွန်တော်ကိုယ်တိုင် သေနိုင်တယ်လို့ ထင်သွားတယ် မိတာပေါ့။ ဒါကြောင့် အမေ့ကို “ကျွန်တော်သေမှာလား” လို့ ထပ်ပြီး မေးကြည့်မိတာပေါ့။ ဒီတော့ အမေက “I don’t belive that you will die. I pray that you won’t die.” (မင်းသေလိမ့်မယ်လို့ အမေ မထင်ဘူး။ မင်းမသေရအောင် အ မေဆုတောင်းနေတယ်လို့ ပြောတယ်။) ဒီတော့ကျွန်တော်က (ဆရာဝန်က “ဒီကလေးသေနိုင်တယ်” လို့ပြောတာကို ကျွန်တော်ကြားလိုက်တယ် အမေ၊။ သူကလေ ကျွန်တော့်အတွက် ဘာမှ လုပ်ပေးနိုင်တာ မရှိဘူးလို့ ပြောတယ်။ ဒီတော့ ကျွန်တော် သေရတော့မှာပဲ အမေလို့ ပြောမိတယ်။)

အဲ့ဒီတော့ အမေက ခဏငြိမ်သွားတယ်။ အတန်ကြာစဉ်စားပြီးတဲ့နောက်မှာတော့ အမေက “ သားသေသွားရင်တောင် အမေသားကိုပဲ တစ်ကြိမ် ပြန်မွေးပေးမယ် ဘာမှ မပူနဲ့” လို့ အမေက ပြောပါတယ်။ ဒီအခါအမေက ဘာပြောသလဲ။ သူပြောတာက-

(“မဟုတ်သေးဘူး- အဲ့ဒီကလေး မင်းပဲဖြစ်ရမယ်။ ငါ အဲ့ဒီကလေးကို မွေးပြီးတဲ့အခါ ငါက သူ့ကို မင်းမြင်ဖူးတာတွေ မြင်လာ အောင်ပြေားပြမယ်။ မင်းကြားခဲ့ဖူးတာတွေ သူကြားလာအောင် ပြောပြမယ်။ မင်းဖတ်ခဲ့တာတွေ သူ့ကို ဖတ်လာအောင် ဖတ်ခိုင်းမယ်။ ကုန်ကုန်ပြောရရင် မလုပ်ခဲ့သမျှ အားလုံးကို သူလုပ်စေရမယ်။ ဒါကြောင့် ဒီကလေးက မင်းနဲ့ ချွတ်စွတ်တူနေရမယ်” ) လို့ပြောပါတယ်။

ဒါနဲ့ပဲ Oe ဟာ တဖြည်းဖြည်းချင်း ကျန်းမာလာတယ်။ နောက်ဆုံး ကျောင်းကို လိုလိုချင်ချင် တက်ချင်တဲ့ စိတ်ပေါ်လာတာနဲ့ ပြန်တက်ခဲ့တယ်။ အဲ့ဒီလို ကျောင်းပြန်တက်တဲ့အခါမှာလည်း သူ့စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတာက ဘာလဲဆိုတော့ -

(ကျွန်တော်က စာသင်ခန်းထဲမှာ စာသင်နေသည်ဖြစ်စေ။ ဘေ့ဘောကစားတဲ့အခါမှာဖြစ်စေ အတွေးတစ်ခုဟာ ၀င်လာပါတယ်။ ဒီအတွေးကတော့ ဒီမှာ ရှိနေတဲ့ ငါ ဟာ ငါ မဟုတ်ဘူး။ ငါကတော့ ဖျားနာပြီး သေသွားပြီး။ အခု ငါက အမေ နောက်ထပ် ငါ့ကိုယ်စား မွေးပေးတဲ့ ကလေးပဲလား” ဆိုတဲ့ အတွေ့းပါ)။

ဒီဆောင်းပါးလေးကိုကြိုက်လို့ ပြန်တင်ပေးလိုက်တာပါ၊

နိုဘယ်ဆုရှင်များ၏ အတွေးအမြင်များ

ကမ္ဘာပေါ်တွင် ချီးမြှင့်သော ဆုများအနက် အကျော်ကြားဆုံးသော ဆုတစ်ခုမှာ နိုဘယ်ဆုဖြစ်ပါသည်။ဆောင်းပါးတွင် နိုဘယ်ဆုရခဲ့သူများ၏ စိတ်ဝင်စားဖွယ် များကို ကော်နုတ်ဖော်ပြထားတဲ့ အထဲက နိုဘယ်ဆုရှင်များ၏ အတွေအမြင်များ (၁) မှ စာရေးသူဖော်ပြထားတဲ့ ဂျပန်စာရေးဆရာကြီး Kenzaburo ၏ အတွေးအမြင်တချို့ကို စမိုင်းမေ ကြိုက်လို့ ပြန်ပြီး ဘလော့မှာ တင်ပေးမှာ ဖြစ်ပါတယ်။

သူသည် 1935 ၊ ဇန်န၀ါရီလ၊ (31) ရက်နေ့မှာ မွေးဖွားပြီး သူ၏ အရေးအသားအတွက် 1994 ခုနှစ်တွင် နိုဘယ်ဆု ချီးမြှင်းချင်းခံရပါသည်။ သူ၏အရေးအသားများက ရုရှားစာရေးဆရာကြီး Dos-toevsky နှင့် ခပ်ဆင်ဆင်တူသည်ဟု အမေရိကန်စာရေးဆရာကြီး Henry Miller ကဆိုသည်။ စာရေးသူများသည် သူ၏ 1974 ခုနှစ်တွင် အင်္ဂလိပ်လိုထုတ်ဝေသော “The Silent Cry” ဟူသော ၀တ္တုရှည်ကြီးကို ဖတ်ကြည့်ရာ သူဆိုလိုသည်ကို သိရှိရန် အချို့စာပိုဒ်များကို နှစ်ကြိမ်ထက်မနည်းဖတ်ကြည့်ရသည်။ ဤဆောင်းပါးသည် သူက မေးခွန်းတစ်ခုကို မေး၍ သူ၏ အတွေးမမြင်များကို ဖော်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ သူမေးထားတဲ့ မေးခွန်းက လွယ်လွယ်လေးဖြစ်ပါတယ်။ “ကျွန်တော်တို့ ဘာကြောင့် ကျောင်းနေရသလဲ” (Why Do We Have to Go To School?) ဟူသော မေးခွန်းလေးပဲ ဖြစ်ပါတယ်။ သူမေးသော ဤမေးခွန်း၌ သူ၏ရှည်လျားသော အဖြေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒီအချိန်းထိ ကျွန်တော့ဘ၀မှာ နှစ်ကြိမ်တိတ် မေးခဲဖူးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဒီမေးခွန်းကတော့ “ကျွန်တော် ဘာကြောင့် ကျောင်းနေကြရမှာလဲ” ဆိုတဲ့ ခပ်လွယ်လွယ်မေးခွန်းလေးပါပဲ။

ကျွန်တော် ဆယ်နှစ်သားအရွယ် လောက်ကပေါ့။ ကျွန်တော်တို့ ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ကြီးကို ဆင်နွှဲရာမှာ ရှုံးနေတယ်၊ မဟာမိတ်နိုင်ငံများဆိုတဲ့ အမေရိကန်၊ အင်္ဂလန်၊ ဟော်လန်၊ တရုတ်နဲ့ အခြားနိုင်ငံတွေက စစ်နိုင်နေကြတယ်။ နောက်ဆုံးတော့ အမေရိကန်က အဏုမြူဗုံးကို ဂျပန်အပေါ် ကြဲချခဲ့တာပါပဲ။ ဒါနဲ့ပဲ ဒုတနယ ကမ္ဘာစစ်ကြီး အပြီးသတ်သွားခဲ့တယ်။

အဲ့ဒီလို မဟာမိတ်တွေက ဂျပန်အပေါ် စစ်နိုင်လိုက်တာဟာ ကျွန်တော်တို့ဂျပန်လူမျိုးတွေရဲ့ ဘ၀ကို အများကြီးပြောင်းလဲ စေခဲ့ပါတယ်။ စစ်မဖြစ်မှီနဲ့ စစ်နိုင်တဲ့ကာလကဆိုရင် ကျွန်တော်တို့ ကလေးတွေရော လူငယ်တွေပါ ဘုရင်မင်းမြတ်ကို ဘုရားတစ်ဆူအနေ့နဲ့ မြင်လည်းမြင်ကြတယ်။ ဘုရားတစ်ဆူအနေနဲ့ ကိုးလည်းကိုကွယ်ကြပါတယ်။ ဒါပေမဲ့ စစ်ရှုံးပြီးတဲ့အခါ ဘုရင်မင်းမြတ်က ဘုရားမဟုတ်ဘူးတဲ့ လူသားတစ်ဦးပဲလို့ ပြောကြတယ်။

ဒီနောက်ပြောင်းလဲတာမြန်လိုက်တာ။ ဘုရင်မင်းမြတ် အုပ်ချုပ်တာ မကောင်းဘူး၊ ပြည်သူအားလုံးက ဖန်တီးတဲ့ ဒီမိုကရေစီဆိုတာက ကောင်းတယ်လို့ ဆိုကြတယ်။ ဒီလိုအပြောင်းအလဲတွေကို ကျွန်တော်တို့ ကျောင်းမှာလည်း သင်တယ်။ ကျွန်တော်လည်း ကျောင်းသားတစ်ဦးအနေနဲ့ ဒီပြင်အပြောင်းအလည်းတွေ သင်ရတာပေါ့။ ကျွန်တော်က ငယ်ပေမဲ့ ဒီအပြောင်းအလဲကိုတော့ ကောင်းကောင်း ခံစားမိတယ်။ ဒီအပြောင်းအလဲက အလွန်အရေးကြီးတဲ့အပြောင်းအလဲလို့ ကျွန်တော်ရဲ့ နှလုံးသားက ခံစားမိတယ်။

ဒါနဲ့ပဲ စစ်ကြီးအပြီး တစ်လလောက်ကြာတော့ ကျွန်တော်အဖို့ ကျောင်းတက်ချင်တဲ့စိတ်တွေ ကုန်ခမ်းသွားတယ်။ ကြည့်ပါဦး စစ်ကာလအတွင်းက ဘုရင်းမင်းမြတ်က သာမန်လူမဟုတ်ဘူး။ ဘုရားဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကျောင်းသူကျောင်းသားက ဘုရင်းမင်းမြတ်ကို ရှိခိုးရမယ်လို့ ဆရာဆရာမတွေက ပြောကြတယ်။ အခုတော့ အဲ့ဒီ ဆရာဆရာမတွေ လေသံပြောင်းသွားကြပြီလေ။ ဘုရင်းမင်းမြတ်က ဘုရားမဟုတ်ဘူး ကျွန်တော်တို့လို့ သာန်မန်လူပဲတဲ့။ အရင်က အမေရိကန်တွေကို လူမဟုတ်ဘူး မိစ္ဆာတွေတဲ့ အခုတော့ အဲ့ဒီဆရာမတွေကပဲ တစ်မျိုးပြောနေကြပြန်ပြီလေ အမေရိကန်တွေက ကျွန်တော်တို့ဂျပန်တွေရဲ့ မိတ်ဆွေတေဲ့။ ကြည့်ပါဦး အပြောင်းအလဲက မြန်လိုက်တာ။

နောက်ဆုံးတော့ အမေရိကန်တပ်ပေါင်းစုတပ်တွေရဲ့ စစ်သားတွေက ကျွန်တော့်ရဲ့ မွေးရာဇာတိ ရွာငယ်လေးထဲအထိ ဂျစ်ကားတွေနဲ့ ရောက်လာကြတယ်။ သူတို့က သစ်ပင်တွေနဲ့ ပိတ်ဖုံးတဲ့နေရာမှာ စခန်းချသွားကြတယ်။ သူတို့ အသွားလမ်းမှာ ကျွန်တော်တို့ ကျောင်းသူကျော်ငးသားတွေက အလံတွေကိုင်ဝှေ့ရမ်းပြီး ‘’Hello” လို့တောင် အော်ဟစ်ပြီး ကြိုဆိုကြရသေးတယ်။

1:27 PM

ရယ်စရာတိုထွာ (၁၃)

စာရေးသူ Smilemay

လွှဲသွားမှဖြင့်

စိတ်ရောဂါကု ဆေးရုံးမှာ လူနာနှစ်ယောက်စကားပြောနေကြသည်။

“ဟေ့ကောင် . . . မင်းရဲ့ခေါင်းထဲကို ၂-လက်မသံ တစ်ချောင် ငါရိုက်သွင်းပေးမယ်။ ဘယ်နှယ့်လဲ”

“မင်းရူးနေလား . . . ဦးထုပ်ကိုချော်ပြီး ရိုက်မိရင် ဘယ့်နှယ်လုပ်မလဲ . . . ။

@@@@@@@@@@@@@@

ပိုင်ပြီ

“ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။ ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ် . ”

“ကျေးဇူတင်ပါတယ် ပန်ချီးကားကို က၊ျွန်တော်အိမ်ပေါ်မှာ ချိတ်လို့ရပြီပေါ့နော်”

@@@@@@@@@@@@@@@@

ပြည်သူအားလုံးပျော်မှာပါ

နိုင်ငံတစ်နိုင်ငံ၏ လူကြီးသုံးယောက် မန္တလေးမြို့ကို သွားတော့ လေယဉ်ပျံပေါ်မှာ -

ပထမလူကြီး - “ပိုက်ဆံ တစ်ထောင်တန်ကို လေယဉ်ပေါ်ကနေ အောက်ကို ပစ်ချလိုက်မယ်ဆိုရင် ပိုက်ဆံတစ်ထောင်တန်ကို ကောက်ရတဲ့သူကတော့ တအားဝမ်းနေမှာပဲနော်” ဆိုပြီး တခြားသူတွေကို မေးတာပေါ့ နောက်ပြီး ဒုတိယလူကြီးဘက်လှည်ပြီး ခင်ဗျားဆိုရင်ရော ဘယ်လိုလုပ်မလဲ လို့ မေးလိုက်ပြန်ပါတယ်တဲ့။

ဒုတိယလူကြီး- “ကျွန်တော်တာဆိုရင် တစ်ထောင်တန်မချပဲ ငါးရာတန်နှစ်ရွက်ကို ချလိုက်မှာပေါ့ ဒါမှ လူနှစ်ယောက် ပျော်လို့ ရမှာပေါ့။

ပထမလူကြီက နောက်ထပ် တတိယလူကြီးဘက်လှည့်ပြီး ခင်ဗျားဆိုရင်ရော-

တတိယလူကြီ် - “ကျွန်တော်ကတော့ လူငါးယောက်ပျော်အောင် ငါးရွက်ကို ပစ်ချလိုက်မယ်” ဆိုပြီး ပြန်ပြောတယ်။

ဒါနဲ့ ပထမလူကြီးက ပိုက်လော့ကိုခေါ်ပြီး ပြောတာပေါ့။ ငါ့တို့တွေ ပြည်သူတွေပျော်အောင် ဘာလုပ်မလဲ စဉ်းစားနေကြတာ မင်းသာဆိုရင် ဘယ်လိုလုပ်မလဲဆိုပြီးမေးတာပေါ့။

ပိုက်လော့ကလည်း ပထမလူကြီးကိုပြန်ပြောတာပေါ့။

ပိုက်လော့-“ကျွန်တော် စိတ်ထဲရှိတဲ့အတိုင်းတကယ်ပြောရမှာလား”

ပထမလူကြီး - “အင်းပေါ့ . . . တကယ်ပြော”

ပိုက်လော့ - “ကျွန်တော်ပြောရင် အရေးလဲ မယူရပြီး ဖမ်းလဲ မဖမ်းရဘူးနော်”

ပထမလူကြီး - “အေးပါကွ . . . ပြောမှာသာပြောပါ ဖမ်းလဲ မဖမ်းဘူး အရေးလဲ မယူဘူး”

ပိုက်လော့ - “ဒါဆိုရင် တကယ်ပြောပြီးနော် . . . အခု လေယဉ်ပေါ်မှာ ရှိနေတဲ့ လူကြီးမင်းတို့ သုံးယောက်ကို လေယဉ်ပေါ်က ပစ်ချလိုက်မယ်ဆိုရင် ပြည်သူတွေ တအားကို ၀မ်းသာမှာပါ။

အနက်စောစောမှာ လူတစ်ယောက် ပင်လယ်ကမ်းစပ်ကို လမ်းလျှောက်ထွက်လာတော့ တခြားလူတစ်ယောက်က ပင်လယ်ကမ်းစပ်မှာ ပစ်စည်း တစ်ခုခုကို ကောက်ပြီး ပင်လယ်ထဲကို ပစ်နေတာတွေ့တော့ အနားကပ်ပြီး သွားကြည့်တာပေါ့။ သူက ပင်လယ်ထဲ ပစ်ထဲနေတဲ့သူကို မေးလိုက်တယ်။

“ ခင်ဗျား ဘာတွေလုပ်နေတာလဲ“

“ ညက ရေလှိုင်းတွေနဲ့ အတူ ပါလာတဲ့ ငါးလေးတွေကို ပင်လယ်ထဲ ပစ်ထည့်နေတာ သူတို့လေးတွေ နေပူလာရင် သေကုန်ကြလိမ့်မယ်”

“ပင်လယ်ကမ်းစပ် ဒီလောက်ကျယ်တာ ခင်ဗျာ အကုန်လုံးကို ဘယ်လိုလုပ်ပြီးတော့ ပင်လယ်ထဲ ထည့်မလဲ မထူးနိုင်ပါဘူး”

ပြောရင်ဆိုရင် အဲ့ဒီလူက ငါးတစ်ကောင်ကို ပင်လယ်ထဲ ပစ်ထည့်ရင် -

“ တခြားငါးတွေ အတွက် မထူးခြားပေမဲ့ ဒီငါးအတွက်တော့ ထူးသွားတယ်လေ”

(Try To Change The World In Yourself.)

ပါမောက©ဒေါက်တာအောင်ထွန်းသက် ရေးသားထားကို မှတ်မိသလောက် စမိုင်းမေ ပြန်ရေးပေးလိုက်တာပါ။

စဉ်းစားကြည့်လိုက်ရင် ဟုတ်သာပဲ အကုန်လုံးအတွက် မထူပေမဲ့ ပင်လယ်ထဲ အသက်ရှင်ခွင့် ရသွားတဲ့ ငါးလေးအတွက်တော့ ထူးသားပဲ။

5:13 PM

ရယ်စရာတိုထွာ (၁၂)

စာရေးသူ Smilemay

“ပိုစ့်မော်ဒန်ဆိုတာ ဘာလဲဟင်”

“စားစရာ မရှိရတဲ့အထဲ အရေမရ အဖတ်မရတွေကို မစဉ်းစားအားဘူးဟေ့ . . . . ”

@@@@@@@@@@@@@@@@@2

ရှားပါးစာအလုပ်

စာကြည့်တိုက်တစ်ခုမှာ ဖြစ်ပါတယ်။

“ ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေတဲ့စာအုပ်ကို ဘယ်မှာရှာရမလဲ ခင်ဗျာ”

“ညာဘက်က စာအုပ်စင်နဲ့ တတိယအဆင့် လက်ဝဲဘက်မှာ ရှာကြည့် ”

“အဲ့ဒီမှာ စာအုပ်တစ်အုပ်မှ မတွေ့ပါလား ”

“ဟုတ်တယ် အဲ့ဒီစာလုပ်ကို ဘယ်သူမှ ပြန်မပေးဘူးလေ”

1:53 PM

Happy Birthday to Mr-JK Mahanta

စာရေးသူ Smilemay

He is like a wall.

When they feel very warm, he is like a shady tree.

When they feel very cool, he is like a warmly coat..

When they feel hungry, he gives them food.

He is a hero with his family.

Happy birthday!!! (8.1.2008)This poem is birthday present for u. God Bless You and Your Family.

10:12 AM

ရယ်စရာတိုထွာ (၁1)

စာရေးသူ Smilemay

စစ်ဆေးရေးလည်တာ ကျောင်းသားကို မမှီပါဘူး

စမိုင်းမေလေးတန်းနှစ်တုန်းက အတန်းထဲကို စစ်ဆေးရေး အရာရှိလာတာ မှတ်မိသေးတယ်။

ကျောင်းကို စစ်ဆေးရေးလာရင် သန့်ရှင်းရေးတွေက အကုန်လုပ်ပြီးတာပဲလေ။ စစ်ဆေးရေးက စစ်ဆေးရင် စမိုင်းမေတို့ အတန်းထဲကို ရောက်လာတာ။ အတန်းထဲ ကိုရောက်နေတော့ အကုန်လုံး ကြောက်ပြီး အသံတောင် မထွက်ရဲးဘူးပေါ့။

စစ်ဆေးရေးက အတန်းထဲက ကောင်းလေးတစ်ယောက်ကို လက်ညျိုးထိုးပြီး မင်းစာအုပ် ခဏပေးတဲ့ ဗလာစာအုပ်တောင်းပြီး စစ်တာပေါ့။ အတန်းထဲက လူတွေအားလုံး စိတ်ပူးတာပေါ့ အဆိုးဆုံးကတော့ ဆရာမပဲ။ အစစ်ခံရတဲ့ကျောင်းသားက အတန်းထဲမှာ စာအညံ့ဆုံးတော့ မဟုတ်ပါဘူး အဆင့်ကိုနောက်ဆုံးလေ။ စာမှန်မှန်မလုပ်တာရယ်။ အိမ်စာမှန်မှန် မလုပ်တော့ ဗလာစာအုပ်က ကွက်ကျော်တွေဖြစ်နေတော့ ဆရာမက စိတ်ပူတာပေါ့ ။စာမကျက်တာရယ်ကြောင့် အဆင့်နောက်ဆုံးဖြစ်နေတာပါ။ စစ်ဆေးရေးကလည်း သူစာလုပ်ကြည့်ပြီး ပြုံးပြသွာတာပေါ့။

စစ်ဆေးရေးပြန်ထွက်သွားတော့ အားလုံးကလေ သူ့ကို ပြိုင်တူကြည့် ဆရာမကလည်း ဘယ်စာအုပ်ပြလိုက်တာလဲလို့ မေးတာပေါ့။ အဲ့ဒီကျောင်းသားက ဘာပြောလဲသိလား-

သူ့ဘေးက ကောင်လေး စာအုပ်ပြလိုက်တာပေါ့တဲ့ ”

@@@@@@@@@@@

စမိုင်းမေတို့ ဆရာမ ပြောပြတာ -

ကျောင်းကို စစ်ဆေးရေးလာစစ်တော့ အတန်းတခုမှာ မြန်မာနိုင်ငံမြေပုံကြည့်ပြီး ကျေင်းသား တစ်ယောက်ကို မေးတယ်တဲ့

ဘီလူးကျွန်းကို ထောက်ပြီး ဒါဘာကျွန်းလဲလို့ မေးတာပေါ့

ကျောင်းသားက မသိတော့ အပေါက်ဝဘက်မှာ ရပ်နေတဲ့ ဆရာမဘက်ကို တိတ်တိတ်လေး ခိုးကြည့်ပြီး အကူအညီတောင်းတာပေါ့။

ဆရာမကလည်း ပါးစပ်ကို လက်ညျိုးနှစ်ချောင်းထည့်ပြီး ဟိုဘက်ဒီဘက်ဆွဲ မျက်လုံး ပြူးပြလိုက်တာပေါ့ စစ်ဆေးရေးအလစ်မှာ

ဒါနဲ့ ကျောင်းသားကလည်း အားရပါရ ဖြေလိုက်ပါသတဲ့

ဖြေလိုက်ပုံက -

”သရဲကျွန်းတဲ့ ”

@@@@@@@@@@@

4:52 PM

ရယ်စရာတိုထွာ (၁၀)

စာရေးသူ Smilemay

ကလေးတွေကြောင့် မဟုတ်ပါ

တခါတုန်းကပေါ့၊ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင်အထောက်အကူပစ်စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို။ ပညာရေး ၀န်ကြီးတဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲက ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောာက်ကို

“ ဒီကမ္ဘာကြီး ဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ” ဆိုပြီးမေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာ်သလဲနဲ့ “ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး” လို့ ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲ့ဒီကျောင်းသားလေးကလည်း ခေါင်းကလေးခါပြီး “ ကျွန်တော် ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေး အခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရာမ ဖက်လှည့်ပြီး “ဒါဘယ်လို ဖြစ်ရတာလဲဗျ” လို့ မေးလိုက်တယ်။

ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ “ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင့်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ” တဲ့။

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နှာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဘက် လှည့်ကြည့်လိုက်ပါတယ့်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ဆရာကြီးလည်း မတတ်သာတော့ဘဲ ခါးကလေးညွတ် အရိုအသေးပြုရင် အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ။

“၀န်ကြီးခင်ဗျာပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းက ရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိုလို အခုလို တိမ်းစောင်းနေတာပါ”

@@@@@@@@@

နတ်ရှင်နောင်ကို ဘယ်သူသတ်သလဲ


ဒီအကြောင်းအရာနဲ့ သံတူကြောင်းကွဲ ဟာသလေးတစ်ပုဒ်က ဒီလိုပါ။

တခါးတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတစ်ယောက်က နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးဖို့ ရောက်လာပါသတဲ့။ အတန်းတွေ တခုပြီး လိုက်လံစစ်ဆေးရင်း ကျောင်းသားလေး တယောက်ကို မေးလိုက်ပါတယ်။

“နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ”

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံသွားပါတယ်။ အသံတွေတုန်ပြီး ........ “ကျ ကျနော် မသတ်ဘူး” တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေး အခြေအနေ အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင်း ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက .........

“ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားအချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင့်”တဲ့။

စစ်ဆေးရေးအရာရှိလည်း ဘာမှ ဆက်မပြောတော့ဘဲ ကျောင်းအုပ်ကြီးကို ရုံးခန်းမှာ ဒီအကြောင်း ပြောပြလိုက်တယ်။ စိတ်ဆိုးမာန်ဆိုးလည်း ဖြစ်နေတာပေါ့။ ဒီတော့ ကျောင်းအုပ်ကြီးကလည်း တောင်းတောင်းပန်ပန်နဲ့ ပြောရှာပါတယ်။

“စိတ်တော့ မရှိပါနဲ့ဗျာ။ ဒီကျောင်းဆရာမလေးနဲ့ ကျောင်းသားလေးနဲ့ ကျောင်းသားလေးဟာ ကျနော်နဲ့ တရပ်ကွက်တည်း နေကြတာပါ။ အလွန်ရိုးအေးပါတယ်။ သူတို့ကို ဒီကိစ်စနဲ့ ပတ်သက်ပြီး သံသယ မရှိစေချင်းဘူးဗျား ကျနော် ကိုယ်တိုင် အာမခံပါတယ်။ သူတို့ ကျူးလွန်တာတော့ လုံးဝ မဖြစ်နိုင်ပါဘူးခင်ဗျာ”

ပညာရေး အရာရှိလည်း ဘာမှ ဆက်ပြောမနေတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွာပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာတင်လိုက်သတဲ့။ ဒီလိုနဲ့မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

“နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့” တဲ့။

@@@@@@@@@@@@@@

တံတားဆောက်မယ် လမ်းဖောက်မယ်

တခါက နတ်ပြည်က သိကြားမင်းနဲ့ ငရဲပြည်က ငရဲမင်းတွေ့ကြပြီး နတ်ပြည်နဲ့ ငရဲပြည် ရထားလမ်းဖောက်လုပ်ပြီး ရထားလမ်းကို လူ့ပြည်မှာ ဆုံဖို့ သဘောတူကြပါတယ်။

ဒါနဲ့ ငရဲမင်းကြီးက ရထားလမ်း ဖောက်လာလိုက်တာ လူပြည်ကို ရောက်လာပါလေရော။ ဒါပေမဲ့ သိကြားမင်းရဲ့ ရထားလမ်းက အစအနေတောင် မမြင်ရသေးပါဘူး။ ငရဲမင်းကြီးက “ သြော် . . . နောက်ကျနေလို့နေမှာပဲ ” ဆိုပြီး ဆက်ဖောက်လာလိုက်တာ ရထားလမ်းက နတ်ပြည်မှာ ဆုံးပါလေရော။ ဒါနဲ့ ငရဲမင်းကြီးလည်း စိတ်တိုတာနဲ့ သိကြားမင်းကြီးကို အပြစ်ပြောပါလေရော။

အဲ့ဒီမှာ သိကြားမင်းပြန်ပြောလိုက်ပုံက “ ခင်ဗျားတို့ ငရဲပြည်မှာက ဆောက်လုပ်ရေး ၀န်ထမ်းတွေ ပေါတယ်ဗျ။ ကျူပ်ဆီကိုက တစ်နှစ်နေလို့ တစ်ယောက်တောင် ရောက်တာမဟုတ်ဘူးဗျ” တဲ့

@@@@@@@@@@@@@@@

ကိုသူရိန်ထက် ရေးတားထားထာကို သူငယ်ချင်းတစ်ယောက်က မေလ်းနဲ့ ပြန်ပို့ပေးလို့ စမိုင်းမေ ဘလော့မှာ တင်လိုက်တာပါ။

10:35 AM

ရယ်စရာတိုထွာ (၉)

စာရေးသူ Smilemay

The Rights That My Girlfriends Can Get

My girlfriends can get following rights:

1. The right to lend money when I broke.
2. The right to massage me when I spastic.
3. The right to copy my lecture notes when I skip my classes.
4. The right to accompany me when I feel lonely.
5. The right to carry my packages when I go shopping.
6. The right to take me to the cinema when I want to see movie.
7. The right to hold my hand when we walk together.
8. The right to sleep with me when I afraid of ghost.
9. The right to hug me when I feel cold.
10. The right to hold my umbrell a when I go into sunshine or rain.
11. The right to tell me some jokes when I feel unhappy.
12. The right to kiss me when I want to be kissed.
13. The right to love me.

Any smart, sharp, pretty, beautiful girl who want to be my girlfriend can apply to me. I'll consider by first in first out method. Time is of the essence! Don't miss the best chance.
Note: Number of applicants is unlimited.