Send this eCard !နှစ်ဆန်းတစ်ရက်နေ့တော့ မဟုတ်ဘူး မဂျေးမွေးနေ့အတွက် ကြိုတင်ပြီး ချက်ပေးထားတာပါ။ အင်တာနက်တွေက ရတစ်ချက် မရတစ်ချက်ဆိုတော့ မဂျေမွေးနေ့အတွက် ဟင်းမချက်ပေးလိုက်ရမှာဆိုးလို့ ကြိုတင်ချက်ပေးထားတာပါ။
Happy Birthday!!!!!!!!!!!!!!
“ မဂျေ . . . . မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်ပါစေ”
ဒါကတော့ မဂျေမွေးနေ့မှာ အများနဲ့ မတူ ထူးခြားစွာနဲ့ ကချင်းရိုးရာ ချက်နည်းနဲ့ ချက်ထားတဲ့ ထမင်းနဲ့ ဟင်းပါ ။ ထမင်းကို စားလိုက်ရင် ဖက်ရနံ့ သင်းသင်းလေး ရအောင်ဆိုပြီး ဖက်နဲ့ ထုပ်ထားတာပါ။ ဆီနည်းနည်းလေးပဲ ဟင်းထဲမှာ ထည့်ထားတဲ့အတွက် ကျန်းမားရေးနဲ့လည်း ညီညွတ်ပါတယ်။ ပိန်းဥ ဟင်းရည်က ကချင်လူမျိုးတွေ အကြိုက်ဆုံးဟင်ရည်ထဲက ဟင်းရည်းပါပဲ။ ဟင်းပွဲကို ကြည့်လိုက်ရင် မလှဘူးလို့ ထင့်ရပေမဲ့ အရသာ အရမ်းရှိတဲ့ တောင်ပေါ်က ဆန်းနဲ့ ပိန်းဥတွေ ၊ ငါးနဲ့ အသားတွေကို အော်ဒါမှာပြီး ချက်ထားတာပါ။